Up to 40% OFF

Sponge Cake လုပ်နည်း

January 13, 2020

ဒါကတော့ အခြေခံ အကျဆုံးနဲ့ အလွယ်ဆုံး ကိတ်မုန့်လုပ်နည်းပါပဲ။ Sponge cake ဆိုတာကတော့ စားရတာ ခပ်ပွပွ နဲ့ပါ..

 

လိုအပ်ပစ္စည်း ...

==============

ထောပတ်အဆီ                 - လက်ဖက်ရည်ပန်းကန်လုံး ၃ ပုံ ၁ပုံ

ကြက်ဥ                           - ၂ လုံး

သကြား                          - လက်ဖက်ရည်ဇွန် ၃ ဇွန်းခန့် (သကြားက ဖြူဖွေးဖွေး အမှုန့် ညက်ညက်ကလေးတွေကို သုံးရပါမယ်။ အချိုကြိုက်ရင် ကြိုက်သလို လိုတိုးပိုလျှော့လုပ်လို့ ရပါတယ်။)

ဂျုံမှုန့်                             - ၁ ပေါင်ခွဲ

ပြောင်းဖူးမှုန့်                    - လက်ဖက်ရည်ပန်းကန်လုံး တဝက် (ပြောင်းဖူးမှုန့်ကတော့ မလွယ်ကူရင် မထည့်လည်း ရပါတယ်)

ဆော်ဒါမှုန့် (baking powder)- လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ                                  - လက်ဖက်ရည် ပန်းကန် တဝက်ခန့်

ချောကလက် ကိတ်လုပ်ချင်တာဆိုရင်တော့ Coco အမှုန့်ကို မိမိအလိုရှိတဲ့ ထည့်လို့ရပါတယ်။ အုန်းသီးမှုန့်၊ စတော်ဘယ်ရီ အရသာမှုန့်တွေလည်း သင့်သလို ရောထည့်လို့ရပါတယ်။
……………….

 

ပြုလုပ်နည်း
==========

၁. ဂျုံမှုန့်၊ ပြောင်းဖူးမှုန့်နဲ့ ဆော်ဒါမှုန့် တို့ကို ပန်းကန်လုံးကြီး တခုထဲမှာ ရေမပါပဲ သမအောင် အရင်မွှေထားပါ။

၂. အခြားပန်းကန်လုံးကြီး တခုထဲမှာ ထောပတ်နဲ့ သကြားမှုန့်ကို သမအောင်နာနာမွှေပါ။ cream ပုံစံဖြစ်လာရင် ကြက်ဥ ၂ လုံးကို ဖောက်ထည့်ပြီး ထပ်မွှေပါ။

၃. ထောပတ်၊ သကြားနဲ့ ကြက်ဥ အနှစ်တွေထဲကို ရောမွှေထားတဲ့ ဂျုံမှုန့်တွေကို နည်းနည်းချင်းစီထည့်ပြီး မွှေပါ။ ဒီလို နည်းနည်းချင်းစီ ထည့်ပြီး မွှေတာဟာ ဂျုံမှုန့်တွေ မသမပဲ အလုံးအခဲတွေ ဖြစ်တာကို သက်သာစေပါတယ်။ ရေကိုလည်း နည်းနည်းချင်း ထည့်မွှေပါ။

၄. ဂျုံမှုန့်တွေ အကုန် ထည့်မွှေပြီးသွားပြီ၊ အားလုံး သမသွားပြီဆိုရင်တော့ ထောပတ်သုတ်ထားတဲ့ ပုံစံခွက်ထဲကို ထည့်ပြီး oven ထဲကို ထည့်လို့ရပါပြီ။ အပူချိန် ၁၉၀ ဒီဂရီ စင်တီဂရိတ်မှာ မိနစ် ၂၀ ကနေ ၂၅ မိနစ်အထိ ထည့်ဖုတ်ရပါတယ်။

 

ကိတ်မုန့်ဖုတ်နေတုန်းမှာ oven တံခါးကို ခနခန ဖွင့်မကြည့်ဖို့ လိုပါတယ်။ မဟုတ်ရင် ကိတ်မုန့် ကောင်းကောင်းကျက်မှာ မဟုတ်ပါဘူး။ ကိတ်မုန့် က ပုံစံခွက်ထဲမှာ ပွတက်လာပြီး ရွှေညိုရောင်သန်းလာပြီးဆိုရင်တော့ အအေးခံပြီး စားလို့ရပါပြီ။

ဒီတိုင်းစားလို့ ရသလို topping cream, အသီးအနှံတွေနဲ့လည်း အလှဆင်ပြီး စားလို့ ရပါတယ်။

#Credit


Read 2301 times.