Cafes & Restaurant

Review ကောင်းတွေရထားတဲ့ ဆေး ၂ နားက ကိုရီးယားစားသောက်ဆိုင်

September 15, 2022

တောင်ကိုရီးယားနိုင်ငံရဲ့ ရိုးရာဓလေ့တော်တော်များများဟာ ယနေ့ခေတ်လူငယ်များအကြားခေတ်စားလာတာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုရီးယားရိုးရာ အစားအသောက်တွေဟာဆိုရင်လည်း တော်တော်လေး လူကြိုက်များ လာကြပါတယ်။ 

အခုပြောပေးမယ့်ဆိုင်လေးက ကိုရီးယားအစားအစာအပြင် ဂျပန်အစားအစာပါ စားသုံးချင်တဲ့ foodie လေးတို့အတွက် တစ်နေရာထဲမှာ ကိုရီယားအစားအစာရော ဂျန်ပန်အစားအစာရော တစ်နေရာထဲမှာ စုံလင်စွာရရှိနိုင်တဲ့ “NK Korean & Japanese Food House” ဆိုင်ဘဲဖြစ်ပါတယ်။ ဒီဆိုင်လေးဟာဆိုင်ရင် food Vloger တွေကြားထဲမှာလဲ ရေပန်းစားနေတဲ့ဆိုင်လေးလဲဖြစ်ပါတယ်။ 

ဒီရက်ပိုင်သွားစားမယ့် Foodie လေးတွေအတွက်ကတော့ အရင်တုန်းကဈေးနှုန်းတွေ မဟုတ်တော့ဘဲ ဈေးနှုန်းလေးတွေ အနည်းငယ်ပြောင်းထားပါတယ်။ 

ဒီဆိုင်လေးမှာရရှိတဲ့ Korean Army Stew ကို toppin  အစုံထပ်ထည့်စားလို့ရတဲ့အပြင် ဒီ  Korean Army Stew ရဲ့ ထူးခြားချက်က ကြက်သား၊ ဝက်သား၊ ပင်လယ်စာအပြင် အမဲသားနဲ့ပါ ရနိုင်တော့ လူတိုင်းစားလို့ အဆင်ပြေပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ အသားလွှာတွေရယ်၊ အသားပြားဗူးရယ်၊ ကြက်အူချောင်း၊ Fish Cake၊ တော့ပုကီ၊ ကင်ချီ၊ အပ်မှို၊ ငုံးဥ၊ CHEESE ၊ ကိုရီးယား ငရုတ်နှစ် ၊ ကိုရီးယား ငရုတ်သီးစိမ်း၊ ပဲဗူးပဲ၊ ခေါက်ဆွဲခြောက်တွေလဲ ပါဝင်ပါတယ်။

 

ကိုရီးယားထမင်းလိပ်၊ ကင်မ်ချီထမင်းကြော်၊ ဝက်သုံးထပ်သားကင်မ်ချီ အစပ်ချက်/set၊ Bulgogi ဝက်သားကင်/set၊ Seafood  ရာမြောင်၊ ပဲခေါက်ဆွဲနှင့် အခြားကိုရီးယားအစားအစာတွေလည်း ရပါတယ်။ ဂျပန်အစားအစားတွေကတော့ ဆူရှီ အမျိုးအစားအစုံအလင်ရရှိမှာပဲဖြစ်ပါတယ်။

 

 

 

 

 

 

 

 

ဒီဆိုင်ရဲ့အားသာချက်ကတော့ ဈေးနှုန်းတွေ တအားမကြီးဘဲ သူ့ဟာနဲ့သူ တန်ပါတယ်။ အရသာပိုင်းဆိုလည်း စားကောင်းတဲ့ထဲမှာ ပါပါတယ်။

ဒါ့ကြောင့် ကိုရီးယားအစားအသောက်တွေကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီလိုဆိုင်ကောင်းကောင်းလေး တွေကိုလည်း လမ်းညွှန်ပေးချင်ပါတယ်။ 

ကင်ချီမြေက အစားအသောက်ကောင်းတွေကို စားနိုင်ဖို့အတွက် Review ကောင်းတွေရထားတဲ့ NK Korean & Japanese Food House ဆိုတဲ့ဆိုင်လေးမှာ သွားစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။


Myanmar Restaurant Guide
 


Read 497 times.