Easy Recipes

အများနဲ့မတူ တမူပိုထူးခြားတဲ့ အားလူးကြော်နည်းများ

June 2, 2021

အာလူးတွေဟာ အမျှင်ဓာတ်ကောင်းတဲ့ရင်းမြစ်တစ်ခု ဖြစ်ပြီး ကိုယ်အလေးချိန်ကို ကျဆင်းစေတဲ့အတွက် Weight ချနေတဲ့သူတွေအတွက် ကောင်းမွန်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ အမျှင်ဓာတ်က ကိုလက်စထရောနဲ့ သွေးသကြားဓာတ်ပမာဏကို စီစစ်ပေးတဲ့အပြင် နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။ 

အာလူးကို ပုံစံမျိုးစုံနဲ့ ချက်ပြုတ်ကြော်လှော် စားသောက်ကြပေမယ့် အရသာသစ်ကို မြည်းစမ်းချင်ကြမှာ အသေချာပါပဲ။ ပုံမှန်စားနေကြထက် အရသာပိုကောင်းစေမယ့် ချက်နည်းအသစ်တွေကို ပြောပြချင်ပါတယ်။ သူမတူတဲ့ အရသာတွေနဲ့ ချက်ပြုတ်နည်း အသစ်တွေကတော့ ...

အာလူးပုဇွန်လုံး

May be an image of food and indoor

ပါဝင်ပစ္စည်းများ
အာလူး ( ပြုတ်ထားပါ )
ပုဇွန် ( သန့်စင်ထားပါ )
ကွကျဥ ၂ လုံး
ဆား အနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
ပေါင်မုန့်ကြွပ် ( အကြေစလေးများဖြစ်ရန် ချေထားပါ )
ဆီ

ပြုလုပ်နည်း
အာလူးပြုတ်ကို ဆား၊ ငရုတ်ကောင်းထည့်ပီး စီးစီးလေးဖြစ်အောင် နယ်ထားပါ။ အာလူးနယ်အနည်းငယ်ကို ယူ၊ ပုဇွန်တကောင်ထည့်ပီး အလုံးလေးဖြစ်အောင် လုံးပါ။ ထိုနည်းအတိုင်း အာလူးများကို လုံးကထားပါ။ ပီးရင် အာလူးလုံးများကို ပေါင်မုန့်အကြေစများနဲ့ လူးပါ။
ကြက်ဥကို ခေါက်ထားပါ။ ဒယ်အိုးကို ဆီအပူပေးပီး ထိုလူးထားတဲ့ အာလူးတွေကို ကြော်ခါနီး မွှေထားတဲ့ ကြက်ဥခေါက်ထဲသို့ နှစ်ပီးကြော်ပေးပါ။ ပြီးရင်တော့ အရသာရှိလှတဲ့ အာလူးပုဇွန်လုံး ကို သုံးဆောင်နိုင်ပါပြီ။

 

အားလူးချိစ့် ကြော်

No photo description available.

ပါဝင်ပစ္စည်းများ

အားလူး ၂၅သား
mozzarella ၁တုံး
(သို့)cheese ၃ပြား
ဆား အနည်းငယ်
ငရုတ်ကောင်း 
ကြက်ဥ ၁လုံး
ပေါင်မုန့်ခြောက် လိုသလောက်

ပြုလုပ်နည်း

အားလူးကိုပြုတ်အခွံခွာပြီးထောင်း(သို့)လက်နှင့်ချေလဲပါ။ ပြီးရင် ဆား ငရုတ်ကောင်းထည့်နယ်ထားပါ။ ကြက်ဥ၁လုံးခလောက်ထားပါ။ ပန်းကန်တစ်ခုထဲမှာ ပေါင်မုန့် ခြောက်ထည့်ထားပါ။ ချိစ့်က mozzarella(သို့)cheese အပြားလေး များကို ခဲအောင်လုပ်ပြီး အချောင်းလေးတွေလှီးထားပါတယ်။
အားလူးကိုအနေတော်အလုံးအရွယ်ယူပြီးလုံးပါ။ ပြီးရင် လက်ထဲမှာပြားပြီးအလည်မှာချိစ့်အချောင်းလေတွေထည့်ပြီး ပြန်ပြီးကြိုက်နှစ်သက်ရာပုံစံလုံးပါ။ ပြီးမှ ကြက်ဥထဲနှစ်ပေါင်မုန့်ခြောက် (bread crumb) ကပ်ပြီးဆီပူပူမှာ ဆီမြုပ်အောင် ထည့်ကြော်ပြီးရဲလာလျှင် ဆီစစ်ပြီးရပါပြီ။

 

Shrimp Potato Skin

No photo description available.

ပါဝင်ပစ္စည်းများ
အာလူးအကြီး - ၂ လုံး
ပုစွန်ကြား - ၁၀ဝ ဂရမ်
Cheddar Cheese - ၁၀ဝ ဂရမ်
ကြက်ဥ - ၁ လုံး
ကြက်သွန်မြိတ် - အနည်းငယ်
ဆား - အနည်းငယ်
ဟင်းသီးဟင်းရွက်ဆီ - ၁/၄ ခွက်
Oregano - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Cooking Cream - စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်ပုံ
၁။ ဦးစွာ ရေစင်အောင်ဆေးထားသော အာလူးများကို ခက်ရင်းဖြင့် ထိုးဖောက်ပြီး ဆီ၊ ဆားများဖြင့် နှံ့စပ်အောင် လူးထားပါ။
၂။ လူးထားသော အာလူးများကို Oven ရှိပါက Oven အတွင်း ၄၅ မိနစ်ခန့် ဖုတ်ပါ။ Oven မရှိလျှင် Aluminium ပတ်ပြီး မီးသွေးမီးဖို၊ ဂက်စ်မီးဖို စသည်ဖြင့် ဖုတ်ပေးလို့ရပါတယ်။
၃။ ဖုတ်ထားသော အာလူးများကို တစ်ခြမ်းခြမ်းပြီး အတွင်းသားများကို ဇွန်းဖြင့်ခြစ်ထုတ်ပါ။ ဘေးသားလေးတွေ အနည်းငယ်ချန်ဖို့တော့ သတိပြုပါနော်။
၄။ အာလူးခွံကို အတွင်းအပြင်ဆီသုတ်ပြီး Oven ထဲမှာ ၁၀ မိနစ်ခန့် ဆက်၍ ဖုတ်ပါ။ အာလူးခွံများ အနည်းငယ်ကြွပ်လာပါက ထုတ်ယူပြီး အာလူးခွံလေးအတွင်းသို့ ဇွန်းဖြင့် ခြစ်ထားသော အာလူးအကြေ၊ ကြက်ဥ၊ ဆား၊ ငရုတ်ကောင်းနှင့် Oregano တို့ကို ချိစ်ခြစ်ထားသော အမျှင်များ အောက်ခြေခံ၍ ထည့်ပေးပါ။ 
၅။ အခွံနွှာထားသော ပုစွန်လေးများစီရီပြီး အပေါ်က ချိစ်ထပ်ဖြူးပေးပါ။ ပြီးလျှင် Oven အတွင်း ၁၅ မိနစ်ခန့် ထပ်ဖုတ်ပြီးလျှင် အရသာရှိတဲ့ အာလူးခွံလေး ရပါပြီ။ အဆင့်တွေ အားလုံးပြီးကာ အာလူးခွံလေးရလာပြီဆိုရင်တော့ အပေါ်ကနေ ကြက်သွန်မြိတ်လေးဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

 

Baked Potato Wedges
May be an image of french fries
ပါဝင်ပစ္စည်းများ

အာလူးအလုံးကြီး – ၅ လုံး

သံလွင်ဆီ – စားပွဲဇွန်း ၃-၄ ဇွန်း

ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်သွန်ဖြူအမှုန့် – စားပွဲဇွန်း ၁ ဇွန်း

Oregano – စားပွဲဇွန်း ၁ ဇွန်း

ငရုတ်သီးအရောင်တင်မှုန့် – စားပွဲဇွန်း ၁ ဇွန်း

Parmesan Cheese – စားပွဲဇွန်း ၅ ဇွန်း

Mexican Salasa (တွဲဖက်သုံးဆောင်ရန်)

ပြုလုပ်နည်း

၁။ အာလူးကို သဲ၊ ဖုန်များ ပြောင်စင်အောင် ဆေးထားပါ။ အာလူးကို အချောင်းကြီးကြီး ဖြတ်ပြီး Parmesan Cheese တစ်ဝက်ထည့်၍ ကျန်ပါဝင်ပစ္စည်း အားလုံးနဲ့ သမအောင် ရောနယ်ထားပါ။

၂။ ဖုတ်မည့်ဗန်းထဲမှာ အာလူးများကို သေချာစီထည့်ပြီး အပေါ်မှ Parmesan Cheese ဖြူးကာ မီးဖိုထဲမှာ အပူချိန် 200˚C နှင့် မိနစ် ၄၀၊ မိနစ် ၅၀ ခန့် ဖုတ်ပေးပါ။ မိမိကြိုက်နှစ်သက်ရာ ဆော့စ်ဖြင့် တွဲပြီး သုံးဆောင် နိုင်ပါပြီ။

 

အာလူးထောင်း

May be an image of food

အာလူးထောင်းကို စားဖူးတဲ့သူတိုင်းကြိုက်ကြမှာပါ။ မုန့်ညှင်းချဉ်လေးနဲ့မအီပဲ အရမ်းကိုစားလို့ကောင်းပါတယ်။ လုပ်စားကြည့်နော်။

အာလူးထောင်းကို လုပ်ရင် ဘယ်တော့မှ မထောင်းပါဘူး။ လက်ညောင်းလို့။ အာလူးကို အရင်ဆုံး အခွံနွှာလိုက်ပါ။ ပြီးရင် ရေနွေးအိုးထဲမှာ ဆား၊ သကြား(သို့) ဟင်းချိုမှုန့်နဲ့ပြုတ်ထားပါ။ အရမ်းကိုပျော့အောင်ပြုတ်ပါ ။ အာလူးကို အတုံးလေးတွေ တုံးပြီး ပြုတ်လို့လဲရပါတယ်။

(ရေထဲမှာ ဆား၊ သကြားထည့်ပြုတ်တော့ နယ်တဲ့အထဲမှာ မ နှံ့ မှာ မပူရတော့ပါဘူး၊ အ၇သာတခါတည်းပါသွားပါတယ်) ပျော့တဲ့အနေရပြီဆိုရင် အာလူးကို ရေစစ်ထားပါ။ ပြီးရင် လက်နဲ့ချေပါ။ စီးစီးလေးလို ချင်ရင်တော့ နည်းနည်းပြန်ထောင်းပါ။

ထောင်းပြီးသားအာလူးကို မုန့်ညှင်းချဉ်၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးပဲပုတ်စေ့ဆီချက်(တရုတ်မပုံတံဆိပ်)၊ ကြက်သွန်မိတ် တို့ကိုထည့်နယ်ပြီး စားနိုင်ပါတယ်။ တချို့က ရှမ်းပဲပုတ်ထောင်း၊ တရုတ်နံနံ ပါထည့်စားပါတယ်။

 

Bacon အာလူးကြော်

May be an image of food

ပါဝင်သောပစ္စည်များ
၁။ အာလူး အကြီး
၂။ ကြိုက်နှစ်သက်ရာ Bacon (သို့) ကြက်အူချောင်း (သို့) ဝက်အူချောင်း
၃။ ဆား
၄။ သကြား (သို့) အချို မှုန့်
၅။ ဆနွင်း

ပြုလုပ်နည်း
၁။ အာလူးကို အခွံ မသင်ရပါဘူး။ အာလူး အခွံပေါ်က အညစ်အကြေးများကို သွားပွတ်တံဖြင့် တိုက်ဆေးပါ။
၂။ ပုံမှာပြထားသည့်အတိုင်း ရှည်ရှည်ပါးပါးလေးတွေ ရအောင် ခြစ်နှင့် ခြစ်ပါ။
၃။ အာလူးပြားများကို ဆား၊ သကြား(သို့) အချို မှုန့်၊ ဆနွင်း တို့ဖြင့် ဖွဖွလေးနယ်ပါ။ အာလူးများ ပျက်မသွားအောင်သတိထားပါ။ ( bacon ကို သုံးလျှင် ဆားလျော့ထည့်ပါ။)
၄။ အာလူးကို cutting board ပေါ်တင်ပြီး ဓါးဖြင့် အပေါက်လေးတွေဖြစ်အောင် လုပ်ပါ။
၅။ bacon ကို အသီကြီး သီသလိုမျိုး သီပါ။ ပြီးလျှင် ကြော်ပြီး သုံးဆောင်နိုင်ပါပြီ။
 

အိမ်မှာနေရင်း မပျင်းရအောင် အရသာရှိတဲ့ အာလူးကြော်နည်းလေးတွေနဲ့ သာသာယာယာ Chill လိုက်တော့နော်။


Read 1045 times.