Fast Food

Pay Day မှာ Promotion ပေးထားတဲ့ဆိုင် (၃) ဆိုင်

August 29, 2022

ပထမဆုံးပြောပြပေးချင်တဲ့ ဆိုင်လေးကတော့ KFC Myanmar ဆိုင်ပဲဖြစ်ပါတယ်။ လကုန်တော့မှာဆိုတော့ KFC Myanmar ဆိုင်မှာ Party Hour လေးလုပ်ချင်တယ်ဆိုရင် (၁၇၈၀၀) ကျပ်တန်  #BigandSpicyKFC Special Set ကြီးကို ယခု (၁၃၅၀၀) ကျပ်နဲ့ ရမှာဖြစ်ပါတယ်။ Special Set မှာပါဝင်တာတွေကတော့ ကြက်ကြော် (၆)တုံး၊ အာလူးချောင်းကြော် (၂)ထုပ်နဲ့ အအေး (၃)ခွက် တို့ပဲဖြစ်ပါတယ်။ 

KFC International Airport ဆိုင်ခွဲမှလွဲပြီး ကျန်ဆိုင်ခွဲအားလုံးမှာ ဩဂုတ်လ (၂၉)ရက်နေ့ကနေ စက်တင်ဘာ (၂)ရက်နေ့ ထိပဲဖြစ်ပါတယ်။

FB Link >>> KFC Myanmar

 

နောက်ထပ် ဆိုင်လေးကတော့ အစစအရာရာ ဈေးတက်နေတဲ့ကာလမှာ ဈေးမတက်တဲ့အပြင် ဈေးလျှော့ပေးထားတာတဲ့ Eatfinity restaurant ဆိုတဲ့ ဆိုင်ပဲဖြစ်ပါတယ်။ 

Promotion ပေးမယ့် အစီအစဉ်လေးကတော့ စင်္ကာပူနိုင်ငံထုတ် Amber Nectar Lager ဘီယာပုလင်းတွေကို ပုံမှန်ဈေး 2500 အစား Beer တစ်လုံးကို ၁၈၀၀ ကျပ်တည်းနဲ့ ရရှိမှာဖြစ်ပြီး အရေအတွက် အကန့်အသတ်မရှိ Eatfinity မှာ လာရောက်သောက်သုံးနိုင်မှာပဲ ဖြစ်ပါတယ်။ Promotion ကာလကတော့ August နှင့် September လနှစ်လလုံးရရှိမှာပဲဖြစ်ပါတယ်။

ဆိုင်လိပ်စာကတော့ အမှတ် ၂၁၀၊ ဗိုလ်ချုပ်လမ်းမပေါ်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ပဲဖြစ်ပြီး ဖုန်းနံပါတ် ကတော့ ၀၁၈၂၄၅၆၃၇ ပဲဖြစ်ပါတယ်။

FB Link >>> Eatfinity restaurant

 

နောက်ဆုံးပြောပြပေးမဲ့ဆိုင်နာမည်လေးကတော့ The Gang Bar & BBQ -William’s bar ပဲဖြစ်ပါတယ်။ လကုန်ခါနီးပြီဆိုတော့ Pay day ရောက်ခါနီး ဒီလိုအချိန်လေးရဲ့ အိမ်ပြန်ချိန်တွေမှာ The Gang ရဲ့ Cocktail တွေနဲ့အတူ Chill Vibe လေးနဲ့ ခဏလောက် စိတ်ရောလူရောလာရောက် အနားပေးကြည့်လိုက်ပါ။

Promotion ကာလက 22.8.2022 ကစပြီး 3.9.2022 ထိဖြစ်ပါတယ်။ Promotion ပုံစံလေးကတော့ The Gang ရဲ့ Refreshing Cocktail တွေနဲ့ Check-in ဝင်တိုင်း The Gang ရဲ့လူကြိုက်များတဲ့ "မာလာအာလူး ချောင်းကြော်" တစ်ပွဲ လက်ဆောင်ပေးမှာပဲဖြစ်ပါတယ်။ 

Fb check-in post တင်ရန်လိုအပ်သောအချက်များမှာ -

- မိမိမှာယူသောက်တဲ့ The Gang Cocktail ပုံ

- "Cocktail တစ်ခွက်ဟာ သောက်စရာတစ်ခုဆိုတာထက်ပိုပါတယ်" ဆိုတဲ့ Caption

- #the_gang လို့ ထည့်ရေးပေးရမှာပဲ ဖြစ်ပါတယ်။

Company ဝန်ထမ်းတွေဆို Staff ID ပြရုံနဲ့ 10% Discount ထပ်ရမယ့် အစီအစဉ်လဲရှိပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် (၄၆)၊ သတိပဋ္ဌာန်လမ်း၊ ကျောက်မြောင်း၊ ရန်ကုန်မြို့ပဲဖြစ်ပြီး ဖုန်းနံပါတ်ကတော့ ၀၉ ၈၉၁၁၆၂၂၀၇ ပဲဖြစ်ပါတယ်။

FB Link >>> The Gang Bar & BBQ -William’s bar

 

The Myanmar Restaurant Guide


Read 364 times.