Best Cuisine

တစ်သောင်းဖိုးဝယ်ရင် ငါးထောင်လက်ဆောင်ရမယ့် မြနန္ဒာ အထောင်းဆိုင်

November 24, 2020

အထောင်းတွေ ရှုးရှုးရှဲရှဲ ယိုးဒယားစာတွေ ကြိုက်တဲ့ သူတွေအတွက် တစ်သောင်းဖိုးဆို တစ်ပွဲလက်ဆောင် နှစ်သောင်းဆို နှစ်ပွဲ ပေးနေတဲ့ မြနန္ဒာရဲ့ Promotion အကြောင်း သိပြီးပြီလား ??လက်ဆောင်ပေးတဲ့ ဟင်းပွဲတွေက အထူးဟင်းပွဲများ နဲ့ စပါယ်ရှယ်ဟင်းပွဲများ ဆိုပြီး ရွေးစရာနှစ်ခု ရှိတယ် ။

အထူးဟင်းပွဲမှာက ကင်းမွန်ထောင်း၊ တောထောင်း၊ အဖွားကြီးထောင်း၊ ရေဘဝဲထောင်းနဲ့ ကြက်ခြေထောက် အရိုးလွတ်ထောင်း ဆိုပြီး အထောင်း ( ၅ ) မျိုး ပါတယ်။စပါယ်ရှယ်ဟင်းပွဲမှာကတော့ ဝက်ဂျင်းမွှေးချက်၊ ယိုးဒယားငါးနှပ်၊ ကြက်အုန်းနို့မဆလာ၊ ငါးဆားကြမ်းကင် နဲ့ ကြက်ခြေထောက်ချဉ်စပ်ဟင်းရည် ဆိုပြီး နာမည်ကြီး ယိုးဒယားဟင်းပွဲ ( ၅ ) မျိုးပါတယ်။ 

ကဲ ဒီလောက်တောင်တန်နေမှတော့ မစားမိရင် ကိုယ့်အပြစ်ပဲနော်။Promotion ကာလကတော့ 15.11.2020 ကနေ (15.12.2020) အထိ တစ်လလုံးလုံး ပေးသွားမှာတဲ့နော်။ပါဆယ်နဲ့ ဝယ်သူတွေသာမက ဆိုင်လာဝယ်သူတွေလည်း ဒီပရိုမိုးရှင်းရမှာတဲ့နော်။ ဒါ့အပြင် မြို့နယ် (၁၆) မြို့နယ်ကိုလည်း Free Delivary ရဦးမှာနော်။ ရမယ့် မြို့နယ်တွေက အလုံ၊လှိုင်၊ ကမာရွတ်၊ မြေနီကုန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ရန်ကင်း၊ ဗဟန်း၊ မရမ်းကုန်း၊ တာမွေ၊ ကျောက်မြောင်း၊ သာကေတ၊ တောင်ဥက္ကလာပ၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်း၊ဒေါပုံ တို့ပဲ ဖြစ်ပါတယ်။  

 

 


Read 1176 times.