Good Drinks

ကျန်းမာရေးအတွက် နေ့စဉ် သောက်ပေးသင့်တဲ့ နွားနို့နဲ့ နနွင်း ဖျော်ရည်

December 13, 2020

နွားနို့ကို သက်ကြီးရွယ်အိုတွေသာမက ကလေးတွေလည်း ကြိုက်နှစ်သက်ကြပါတယ်။ နွားနို့က အရိုးအဆစ်တွေကို ခိုင်မာစေပြီး အားရှိစေတယ်လို့ လူတိုင်းလက်ခံထားကြပါတယ်။ ထူးခြားတဲ့ အာနိသင်တွေနဲ့ နွားနို့ကို တခြားပါဝင်ပစ္စည်းတွေ ထည့်သောက်ဖူးလား?

တော်တော်များများက နွားနို့ကို သကြားထည့်ပြီး သောက်ကြပါတယ်။ ဒါပေမယ့် နွားနို့သောက်တဲ့ အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ချောကလက်မှုန့်၊ သကြား၊ ခရင်မ်တွေ ထည့်ပြီးသောက်တာထက် နနွင်း ထည့်သောက် ကြည့်သင့်ပါတယ်။ နနွင်းဟာ ခန္ဒာကိုယ်နာကျင် ပင်ပန်းခြင်း ၊ဖျားနာကိုက်ခဲခြင်း ၊ အလုပ်ပင်ပန်းခြင်းတို့ အတွက် အထူးကောင်းမွန်တဲ့ ဓာတ်စာ ဖြစ်ပါတယ်။

ဖျော်နည်းလေးကတော့ - နွားနို့နွေးနွေးလေးပဲဖြစ်ဖြစ် သာမာန် အပူချိန်ပဲဖြစ်ဖြစ် တစ်ခွက်ပဲ အရင်ထည့်ပါမယ်။ ပျားရည်စစ်စစ် တစ်ဇွန်း (သို့) ကြိုက်သလောက်ထည့် အချိုကြိုက်ရင် ပိုထည့်နိုင်ပါတယ်။  နနွင်းမှုန့် စစ်စစ် ကော်ဖီ ဇွန်းဖျားလေးနဲ့ တစ်ဝက်၊ အနံ့မွှေးအောင် သစ်ဂျဘိုးမှုန့်လေး ဇွန်းဖျားလေးနဲ့ နဲနဲလေး၊ ဂျင်းမှုန့် (စီးတီးမတ်မှာ ရနေပါပြီ) ဇွန်ဖျားလေးနဲ့ ကိုယ်ကြိုက်သလောက်သာထည့်ပါ။ ပြီးရင် ခေါက်မွှေပြီးသောက်လို့ရပါပြီ။ အဓိကကတော့ ဂျင်း၊ နနွင်း၊ နွားနို့ပါပဲ။

နွားနို့နှင့် နနွင်း

No photo description available.

အိမ်တိုင်း အိမ်တိုင်းမှာ နနွင်းရှိကြပါတယ်။ နောက်ပြီး ဆောင်းတွင်းလည်း ရောက်ပြီဆိုတော့ နှာစေး ချောင်းဆိုး ဖြစ်တတ်ကြပါတယ်။ နနွင်းကို နွားနို့နဲ့ရောပြီး သောက်ပေးတာက အအေးမိလို့ နှာစေးချောင်းဆိုးဖြစ်တာကို တကယ်ထိထိရောက်ရောက် သက်သာစေပါတယ်။ မအိပ်ခင် နနွင်းနဲ့ နွားနို့ ပူပူလေးကို သောက်ပေးတာက နှာစေးချောင်းဆိုးကို တကယ်သက်သာစေပါတယ်။

နွားနို့ပူပူထဲကို နနွင်းလက်ဖက်ရည်ဇွန်းတစ်ဝက် သို့မဟုတ် လတ်လတ်ဆတ်ဆတ် နနွင်းတက် တစ်လက်မ အရွယ်လောက် ထည့်ပြီး ၁၅ မိနစ် လောက်နေရင် သောက်လို့ရပါပြီ။ နနွင်းက သဘာဝဆေးဖက်ဝင် ပစ္စည်းဖြစ်တာမို့ နွားနို့နဲ့ ရောသောက်ပေးတဲ့အခါ အအေးမိ၊ ချောင်းဆိုး ဝေဒနာ အမျိုးမျိုးအတွက် အမြန်ဆုံးပျောက်ကင်းစေဖို့ အထောက်အကူပြုပါတယ်။

နောက်ပြီး သွေးများကို သန့်စင်စေကာ သွေးလည်ပတ်မှု ကောင်းမွန်စေပြီး အသည်းကျန်းမာရေး အတွက်ပါ အကျိုးပြုပါတယ်။ နနွင်းက ရောင်ရမ်းတာတွေကို သက်သာစေနိုင်စွမ်းရှိတာကြောင့် အဆစ်အမြစ်နာကျင် ကိုက်ခဲတာ၊ ရောင်ရမ်းတာတွေ ဖြစ်ရင် အကောင်းဆုံးသဘာဝ ဆေးဖြစ်လို့ အရိုး အဆစ်တွေသန် မာဖို့အတွက်ဆိုရင် ပုံမှန်သောက်ပေးသင့်ပါတယ်။

အိပ်မပျော်သူတွေဆိုရင်လည်း အိပ်ခါနီးမှာ နနွင်းရောထားတဲ့နွားနို့ ပူပူလေးသောက်ပေးရင် စိတ်ဖိစီးမှုတွေ ကင်းဝေးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ အမျိုးသမီးတွေ ဓမ္မတာကြောင့် နာကျင်ကိုက်ခဲရင် နနွင်းနွားနို့ပူပူလေး သောက်ပေးသင့် တယ်လို့ ဆိုပါတယ်။ နနွင်းမှာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိနဲ့ အာဟာရ ဓာတ်တွေ ရှိတာကြောင့် ခေါင်းကိုက်တာ တွေ သက်သာပျောက်ကင်းစေ ပါတယ်။

အထူးသဖြင့် ဝမ်းချုပ်ခြင်းကြောင့်ဖြစ်တဲ့ခေါင်းကိုက် တာမျိုးတွေကို အထူးသက်သာစေတယ်လို့ ဆိုပါတယ်။ ဒါတင်မက ကိုယ်ခံစွမ်းအား ကိုမြှင့်တင်ပေးနိုင်စွမ်းရှိပြီး ရောဂါပိုးမွှားတွေ မဝင်အောင်လည်း ကာကွယ်ပေးနိုင်ကာ အသည်းရောင်အသားဝါ၊ ကင်ဆာနဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ အယ်လ်ဇိုင်းမားရော ဂါတွေ မဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။

နောက်ပြီး နနွင်းနို့က အသားအရေကို အရွယ်တင်နုပျို ကျန်းမာစေတာကြောင့် လှချင်ပချင်သူတွေတော့ အကြိုက်တွေ့ကြမှာပါ။ နနွင်းက ခန္ဓာကိုယ်ထဲက အဆီတွေကို ဖယ်ရှားပေးတာမို့ ကိုယ်အလေးချိန် လျှော့ ချချင်သူတွေ နွားနို့ထဲ သကြားတွေထည့်သောက်မယ့်အစား နနွင်းထည့်ပြီး သောက်ကြည့်သင့်ပါတယ်။

ဒါ့ပြင် အအေးမိ နှာစေးချောင်းဆိုး ဖြစ်လွယ်တဲ့ သူတွေအတွက် ထိရောက်မှုရှိပြီး သောက်ပေးသင့်တဲ့ ဖျော်ရည်တွေကို အကြံပေးလိုက်ပါတယ်။

လည်ချောင်းနာ သက်သာစေမယ့် အိမ်တွင်းကုထုံး | MyFood Myanmar

ပျားရည်၊ သံပုရာသီးနှင့် ရေနွေး

ဒီနည်းလမ်းလေးက အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ ပျားရည်၊ သံပုရာသီးနှင့် ရေနွေးကိုသောက်ပေးတာက အအေးမိ နှာစေးချောင်းဆိုးကို အမြန်ဆန်ဆုံးသက်သာစေတဲ့ ဆေးတစ်မျိုးပါပဲ။

ဂျင်းနှင့် ဆား

ဂျင်းလေးကို ပါးပါးလေးလှီးပါ။ ပြီးလျှင် ဆားဖြင့်နယ်ပါ။ ထို ဂျင်းဆားနယ်လေးကို ဝါးပေးပါ။ ဒီနည်းလေးက အရမ်းကိုလွယ်ကူတဲ့အပြင် အအေးမိနှာစေးချောင်းဆိုးကိုလည်း သက်သာစေပါတယ်။

By The Myanmar Restaurant Guide

Credit Photo-Pho Thu Taw


Read 1141 times.