Healthy Food

ဟင်းလျာတွေကို ဘာကြောင့် နို့နဲ့ ချက်ပြုတ်ကြတာလဲ?

June 28, 2021

နို့ဆိုတာက နို့တိုက်သတ္တဝါတွေကနေ ထုတ်လုပ်တဲ့ အာဟာရဖြစ် အရည်တစ်မျိုးဖြစ်ပါတယ်။ နောက်ပြီး နို့က ကိုယ်ခံအားစနစ်ကို အားကောင်းစေတဲ့အပြင် ရောဂါပေါင်းများစွာကို ကာကွယ်ပေးပါတယ်။ နို့တိုက်သတ္တဝါအမျိုးမျိုးရဲ့ နို့တွေကို နည်းပညာအကူအညီဖြင့် နို့နဲ့ဆက်စပ်ပစ္စည်းတွေအနေနဲ့ ထုတ်လုပ်ပါတယ်။

နို့တွေထဲကမှ နွားနို့က လူတွေနေ့စဉ်ပုံမှန်ထိတွေ့နေတဲ့ အစားအသောက်တစ်မျိုးဖြစ်ပါတယ်။ နေ့စဉ် နို့တစ်ခွက် ပုံမှန်သောက်ပေးခြင်းက ဆီးချိုနဲ့ သွေးတိုးရောဂါဖြစ်ပွားမှုနှုန်းကို လျော့နည်းစေနိုင်ပြီး ဆီးချိုရောဂါ (၁၂) ရာခိုင်နှုန်း၊ သွေးတိုးရောဂါ (၆) ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ သိရှိရပါတယ်။

What to Eat and Drink After Food Poisoning to Treat Symptoms
နို့နဲ့ နို့ထွက်ပစ္စည်းတွေက သတ္တုဓာတ်များစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဟော်မုန်းဓာတ်တစ်ခုဖြစ်သည့် အင်ဆူလင်ထွက်နှုန်းကို တိုးမြင့်စေပြီး သွေးတွင်း သကြားဓာတ်ပါဝင်မှုကို ထိန်းညှိပေးနိုင်ပါတယ်။ အစားအသောက်တွေမှာ နွားနို့ထည့်ချက်ခြင်းက အစိမ့်အရသာကိုရရှိစေတဲ့အပြင် ကျန်းမာရေးအတွက် အကျိုးပြုခြင်းကြောင့် ဖြစ်ပါတယ်။

(1) နှလုံးရောဂါကို 20% အထိ လျှော့ချပေးနိုင်ခြင်း

နွားနို့ပုံမှန်သောက်သူတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ချေနည်းပါတယ်။ နှလုံးရောဂါသည်တွေအတွက်လည်း နွားနို့
ပုံမှန်သောက်ပေးခြင်းကြောင့် နှလုံးကျန်းမာရေး ပြန်ကောင်းစေပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ နွားနို့သောက်သင့်ပါတယ်။ 

ပရိုတိန်းဓာတ် ပါဝင်တဲ့ နွားနို့ဟာ မိခင်ရော မမွေးဖွားသေးတဲ့ ကလေးရဲ့ ကြီးထွားမှုနှုန်းကို အကူအညီပေးပါတယ်။ ဒါ့အပြင် ကလေးငယ်ကို နောင်တစ်ချိန်မှာ အရိုးပွရောဂါ ဖြစ်စေခြင်းမှလည်း ကာကွယ်ပေးပြီး မှတ်ဉာဏ်ကောင်းစေတယ်၊ အရိုးအဆစ် သန်မာစေပါတယ်။

Food Poisoning: Symptoms, Prevention, Causes and Treatment

(2) အသားရည်ကို စိုပြေလှပစေခြင်း

နွားနို့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ အသားအရည်ကို စိုပြေလှပစေပြီးတော့ နေ့တိုင်း နွားနို့တစ်ခွက်သောက်ပေးခြင်းဟာ သင်အသားအရေကို စိုပြေသန်ရှင်းစေပါတယ်။ နွားနို့မှာပါတဲ့ ဗီတာမင် D ဟာ အစာချေစနစ်ကို ကောင်းမွန်စေသလို ဗီတာမင် D ဓာတ် နည်းပါးခြင်းကြောင့် လူကို ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်စေပါတယ်။ 

နွားနို့ဟာ သောက်ရုံတင် မကဘဲ လိမ်းခြင်း၊ စိမ်ခြင်းကြောင့်လည်း အသားအရေအတွက် အကျိုးထူးစေပါတယ်။ မျက်လုံး ကြည်လင်တောက်ပမှုကို ပေးစွမ်းပြီး အမြင်အာရုံေ၀ဝါးမှုကိုလည်း ပျောက်ကင်းစေပါတယ်။

(3) စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း

နွားနို့နွေးနွေးလေးတစ်ခွက်ကို သောက်သုံးပေးခြင်းဟာ သင်ရဲ့ စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပြီး သင့်ကြွက်သားတွေနဲ့ အာရုံကြောတွေကို ပျော့ပျောင်းစေမှာ ဖြစ်ပါတယ်။

(4) အရိုးနဲ့ သွားများကို သန်စွမ်းစေခြင်း

နို့ဟာ ကယ်ဆီယမ်ကြွယ်ဝတဲ့အစားအစာတစ်ခုဖြစ်ပြီးတော့ ကယ်ဆီယမ်ဟာ အရိုးကြီးထွားခြင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုဖြစ်ပြီး သွားများကိုလည်း ကြံ့ခိုင်သန်စွမ်းစေပါတယ်။ အရိုးပွရောဂါကိုလည်း ကာကွယ်ပေးတဲ့နွားနို့ကို အရပ်ရှည်ချင်တဲ့ လူငယ်လူရွယ်များလည်း သောက်သုံးသင့်ပါတယ်။ 

နွားနို့ (250 ml) ဆန့်ဝင်တဲ့ ခွက်တစ်ခွက်မှာ ကယ်လ်စီယမ် (408-500) ထိပါဝင်ပါတယ်။ အဲဒီ ကယ်လ်စီယမ်ဓာတ် ဟာ အရိုးအတွက် အလွန်အသုံးဝင်တဲ့ ဓာတ်ဖြစ်ပြီး အရွယ်လွန်ချိန်မှာ အရိုးပွခြင်း၊ အရိုးပါးခြင်း၊ အရိုးဆွေးခြင်း တို့ကိုလည်း ကင်းပျောက်စေပြီး သွားများကိုလည်း ခိုင်ခန့်စေပါတယ်။

7 benefits of almond milk

(5) ဗီတာမင် D ပါဝင်ခြင်း

နေရောင်ခြည် လှုံ့ပေးခြင်းဖြင့် ဗီတာမင်ဒီကို ရရှိနိုင်သလို နွားနို့မှာလည်း ဗီတာမင်ဒီ ပါဝင်ပြီး ဗီတာမင်ဒီဟာ ကယ်ဆီယမ်ဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူခြင်းကို အားပေးပါတယ်။ ခန္ဓာကိုယ် အစာချေစနစ်နဲ့ လိုအပ်တဲ့ ဗီတာမင် D ဓာတ်ကို နွားနို့က ဖြည့်တင်းပေးနိုင်တာကြောင့် အဆီကျ သွယ်လျှတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေပါတယ်။ နွားနို့ဟာ သေဆုံးအရေအပြားဆဲလ်တွေကို ဖယ်ရှာပေးနိုင်ပြီး ဆဲလ်အသစ်တွေ မွေးဖွားနိုင်အောင်လည်း အထောက်အပံ့ပေးပါတယ်။

(6) ကြွက်သားတွေကို သန်မာစေခြင်း

အားကစား ပြင်းပြင်းထန်ထန်လုပ်ပြီး ပရိုတင်းဓာတ်ကြွယ်ဝတဲ့ နို့တစ်ခွက်လောက်သောက်သုံးပေးရင် ကြွက်သားကြီးထွားခြင်းကို အားပေးပြီးတော့ ခန္ဓာကိုယ် ကကုန်ဆုံးသွားတဲ့ အာဟာရတွေကိုလည်း ပြန်လည် ဖြည့်တင်းပေးပါတယ်။

နွားနို့တစ်ခွက်မှာ သာမာန်အားဖြင့် ပရိုတိန်း 30-35% အထိ ပါဝင်ပါတယ်။ casein ဓာတ်ကလည်း (80%) အထိ ပါဝင်တက်ပြီး ကြွက်သားသန်မာမှုနဲ့ အားအင်ကို ဖြစ်စေပါတယ်။ ဒါကြောင့်လည်း အားကစားသမားတိုင်း နေ့စဉ် သောက်သုံးတဲ့ အစားအသောက်ထဲမှာ ပါဝင်တာ ဖြစ်ပါတယ်။

ဒီလိုကောင်းကျိုးတွေ ပါဝင်တဲ့အတွက်ကြောင့် နွားနို့ကို နေ့စဉ်အစားအစာတွေအပြင် ဟင်းလျာနဲ့ Snack တွေမှာ ထည့်သွင်းစားသောက်ကြခြင်း ဖြစ်ပါတယ်။

Eight ways to use up leftover milk | Tesco Real Food


Read 539 times.