Eating Tips

အသီးရွက်နဲ့အသားငါးတွေကို ကြာကြာခံအောင်ဘယ်လိုထိန်းသိမ်းကြမလဲ ?

June 7, 2021

အခုလိုအချိန်စျေးခဏခဏ မသွားနိုင်တဲ့အခါ အသီးအရွက်တွေနဲ့အသားငါးတို့ကို ရေခဲသေတ္တာထဲမှာ အချိန်ကြာကြာထားလို့ရအောင် လုပ်လို့ရတဲ့နည်းတွေကို ပြောပြပေးသွားပါ့မယ်။ 

အသားငါးတွေကို ဆနွင်းရယ် ဆားရယ်နဲ့နယ်ပြီး ဘူးနဲ့သိမ်းထားလို့ရပါတယ်။(ကြက်သား၊ဝက်သား၊အမဲသား အကုန်လုံးကို ဒီနည်းသုံးလို့ရပါတယ်) 
ပုစွန်ဆို ကိုင်ပြီး ဆားနဲ့လှော်ကာ ဘူးထဲထည့်သိမ်းလို့ရပါတယ် ။
ကျက်နေအောင်ပြုတ်ပြီး ဆီအနည်းငယ်နဲ့ ကြော်ပြီးလည်း သိမ်းနိုင်ပါတယ်။
ငါးမွှေဖို့ဆို ငါးကို ငံပြာရည်နဲ့မာမာလေးပြုပ်ပြီး အသားနွှင် ဘူးထဲထည့်သိမ်းလို့ရပါတယ်။ 
ကင်းမွန်ကိုတော့ သေချာကိုင်ပြီး ရေနွေးနဲ့ခနပြုပ်ပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်။ 
ကင်းပွန်းချဉ်ရွက်ကိုတော့ သေချာနယ်ဖတ်ဆေးပြီး ရေနွေးအိုးဆူထဲ ခနပြုတ်ပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်။ကန်စွန်းရွက်ကိုတော့ ရင့်တာတွေဖယ်ပြီး စားမယ့်အနုတွေချည်းကို သတင်းစာနဲ့ပတ်ပြီး သိမ်းနိုင်ပါတယ် ။
 
ကန်စွန်းရိုးနီကိုတော့ ရေနွေးဆူထဲ ခနထည့်ပြုတ်ပြီး ကော်ဘူးထဲ သိမ်းနိုင်ပါတယ်။ဂေါ်ရခါးသီးကိုတော့ သတင်းစာနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်။ချဉ်ပေါင်ရွက်တွေကိုတော့ ချွေရေစင်အောင်ဆေးပြီး အိုးထဲထည့်ကျိုပြီး ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်။ မုန်လာဥနီကိုတော့ သတင်းစာနဲ့ ၂ထပ်လောက်ပတ်ပြီး သိမ်းနိုင်ပါတယ်။ မုန်လာဥကိုတော့ ရေနွေးဆူထဲ ခနထည့်ပြီး နည်း၂နူးရင် ဘူးထဲထည့်သိမ်းနိုင်ပါတယ် ။
မုန်ညင်းကိုတော့ တလွှာချင်းစီခွာပြီး သတင်းစာနဲ့တဖတ်ချင်းစီပတ်ပြီး သိမ်းနိုင်ပါတယ်။
 


ပဲပင်ပေါက်ကိုတော့ ရေစင်အောင်ဆေးပြီး ရေနွေးနဲ့ခနပြုပ် အခဲကန့်ထဲ တစ်ခါချက်စာ အိတ်လေးတွေနဲ့ထည့်ပြီး သိမ်းနိုင်ပါတယ်။ပဲပြားကိုတော့ ရေစင်အောင်ဆေး ၃မိနစ်လောက်ပြုပ်ပြီးဆယ်ကာ  ဘူးထဲပဲပြားတုံး ရေမြုပ်တဲ့ထိစိမ်ပြီး သိမ်းနိုင်ပါတယ်။
နံနံပင်ကိုတော့ အမြစ်တွေဖယ် မသန့်တာတွေရွေးဖယ်ပြီး သတင်းစာနဲ့လုံအောင်ပတ်ပြီး 
အိတ်ထဲထည့်ကာ သိမ်းနိုင်ပါတယ်။
 
ငရုတ်သီးစိမ်းကိုတော့ ရေစင်အောင်ဆေး အညာချွေပြီး ရေနွေးဆူထဲ ၅မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်။ ပြုတ်မထားဘဲ အစိမ်းထားချင်သူက ဘူးအောက်ခြေမှာ သတင်းစာလေးခံပြီး အညာချွေထားတဲ့ငရုတ်သီးလေးတွေကို ရေစင်အောင်သုတ်ဖြန့်ထားကာ ထားနိုင်ပါတယ်။အသီးအနှံတွေကိုတော့ ရေဆေးပြီး ရေစင်အောင်ပြန်သုတ်ပြီး သတင်းစာလေးတွေနဲ့ တလုံးချင်းစီပတ်ကာ သိမ်းဆည်းနိုင်ပါတယ်


Read 1121 times.