Bars & Pubs

Japanese, European, Asian food အစုံအလင်ရတဲ့ Fuji Muri Restaurant

October 19, 2022

အခုပြောပြပေးမယ့် ဆိုင်ကတော့ တောင်ဥက္ကလာမှာဖွင့်ထားတဲ့ Fuji Muri လို့ခေါ်တဲ့ ဂျပန်စတိုင်လ်နာမည်လေးနဲ့ Bar and Restaurant ပဲဖြစ်ပါတယ်။ ဒီဆိုင်မှာဆိုရင် Birthday Party ၊Wedding Dinner Party၊ Gathering Party တို့ကိုလဲ လက်ခံကျင်းပပေးပါတယ်။ 

အေးအေးဆေးဆေးလေး တစ်ပတ်တာပင်ပန်းသမမျှကို မိသားစု၊ သူငယ်ချင်းတွေနဲ့ပဲလာလာ ချစ်သူလေးနဲ့ပဲလာလာ ထိုင်လို့ရတဲ့ ပန်ဥယျာဉ်လေးကိုဖန်းတီးပေးထားပါသေးတယ်။ Music ကိုလည်း Projector လေးတွေနဲ့နားဆင်လို့ရပါတယ်။

အမြည်းလေးတွေကလည်း Japanese/ European/Asian food  အစုံအလင်ကို တစ်နေရာထဲမှပဲရရှိမှာဖြစ်ပါတယ်။

မိသားစုသီးသန့် VIP အခန်းလေးတွေလည်းရှိတာကြောင့် private ဆန်ဆန်စားသောက်ချင်တဲ့သူတွေအတွက်တော့ အဆင်ပြေစေမှာဖြစ်ပါတယ်။

ဒီဆိုင်ရဲ့ နာမည်ကြီး Menu လေးကတော့ ဝက်သားဆို ဝက်ခြေထောက်စွပ်ပြုတ်မှ ကြိုက်တယ်ဆိုတဲ့ Foodies လေးတွေအတွက် ရည်ရွယ်ပြီး Fuji Muri ကနေ အသားများများနဲ့ ဝက်လက်ပေါင်းလေးကို Black Garlic Sauce လေးနဲ့တွဲပီး မွှေးမွှေးချိုချို Ramen noodles လေးကိုလည်း စီစဉ်ပေးထားပါတယ်။

နူးညံ့အိစက်နေတဲ့ ကြက်ဥပြုတ်‌တုန်တုန်စက်ကလေးရယ် Japanese Sauce အချိုလေးနဲ့နှပ်ပေးထားတဲ့ ဝက်လက်ပေါင်းလေးရယ် စိမ်းစိမ်းကြွပ်ကြွပ် ပဲတီပင်ပေါက်လေးရယ် အစိမ်းမရှောင်ဘူးဆိုရင်တော့ ကြက်သွန်မြိတ်မွှေးမွှေးများများလေးကို Black Garlic Sauce လေးနဲ့သာ တွဲပြီး မြည်းစမ်းကြည့်လို့ရပါတယ်။ အအီပြေလေးအတွက် Kimchiလေးနဲ့ တွဲဖက်စားသုံးရင်ပိုပြီးခံတွင်းလိုက်စေမှာဖြစ်ပါတယ်။ 

ဒါ့ကြောင့် မိသားစု သူငယ်ချင်းအပေါင်းအသင်းများနှင့် တစ်ပတ်တာပင်ပန်းသမျှကို အနားယူအပန်းဖြေချင်တယ်ဆိုရင်တော့ Fuji Muri ဆိုတဲ့ဆိုင်လေးမှာ အပန်းဖြေအနားယူဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။

ဆိုင်လိပ်စာ - အမှတ်(၃၆)၊ ဝေဇယန္တာလမ်း၊ (၉)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 987195337, 09 884175500

 FB Link >>> FUJI MURI Cafe, Bar & Restaurant


Read 454 times.