Easy Recipes

ပဲခေါက်ဆွဲ(Jajangmyeon) ကို အိမ်မှာ လွယ်လွယ်ကူကူ လုပ်စားကြမယ်

December 25, 2020

ရုံးပိတ်ရက်တွေလည်း ရှိတယ်ဆိုတော့ အိမ်မှာလွယ်လွယ်ကူကူ လုပ်စားလို့ရတဲ့ ကိုရီးယားပဲခေါက်ဆွဲ လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ပါတဲ့ ပစ္စည်းတွေက ရှာရလွယ်သလို လုပ်ရတာလည်း လွယ်တာကြောင့် စမ်းပြီးလုပ်ကြည့်သင့်ပါတယ်။ 

ပါဝင်ပစ္စည်းများ

ကိုရီးယားပဲအနှစ်မူန့်ထုပ် 

ကော်မူန့်

မုန်လာဥနီ၊ ကြက်သွန်နီ၊ အာလူး၊ CP ကြက်အူချောင်း

ရွှေအိုးခေါက်ဆွဲ

ပြုလုပ်နည်း

ရွှေအိုးခေါက်ဆွဲအကြီးတထုပ်ရဲ့ တဝက်ဆိုရင် ပဲခေါက်ဆွဲအနှစ်တထုပ်ရဲ့ တဝက်နဲ့ကွက်တိပါပဲ (၁ဆ : ၁ ဆပါ) ရွှေအိုးခေါက်ဆွဲအကြီးတထုပ်ရဲ့တဝက်ဆိုရင် လူ၅ယောက်လောက် စားလို့ရပါတယ်။ 

မုန်လာဥနီတလုံးရဲ့တဝက်၊ ကြက်သွန်နီတလုံး၊ အာလူးအသေးတလုံး၊ CP ကြက်အူချောင်း အားလုံးကို အတုံးသေးလေးတွေ လှီးပါ။

ရေတစ်လီတာတည်ပြီး ပွက်ပွက်ဆူလာရင် လှီးထားတာတွေအကုန်ထည့်ပါ။၁၀ မိနစ်လောက်ပြုတ်ပြီးရင် ပဲအမူန့်ထည့်ပါ။ ကော်ရည်ကို ဟင်းခတ်ဇွန်း (၂) ဇွန်းခန့်ဖျော်ထည့်ပါ။

 ပျစ်လာတဲ့အထိကြိုပါ (၁၀-၁၅) မိနစ်လောက်နေရင်တော့ မီးပိတ်ပြီး အိုးကိုချလို့ရပါပြီ။

ပြီးရင်ပြုတ်ထားတဲ့ ခေါက်ဆွဲအပေါ်ကို အနှစ်ထည့်လိုက်မယ်ဆိုရင် အရသာရှိလှတဲ့ ပဲခေါက်ဆွဲလေး ရသွားပါပြီ။ 

 


Read 1537 times.