Healthy Food

အမျိုးသမီးတွေ နေ့စဉ်မဖြစ်မနေ စားသုံးသင့်တဲ့ အစားအစာကောင်း (၅) မျိုး

October 8, 2021

အစားအသောက်ဆိုတာ နေ့စဉ်ဘဝမှာ မဖြစ်မနေထိတွေ့နေရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အရသာရှိတဲ့ အစားအစာတိုင်းက လူတိုင်းအတွက် သင့်လျော်ပေမယ့် ကျန်းမာရေးအတွက် ဂရုစိုက်စားသောက်ဖို့က အရေးကြီးပါတယ်။

ဒါ့ကြောင့် အမျိုးသမီးတွေအတွက် နေ့စဉ်ကျန်းမာရေးကောင်းအောင် စားသုံးသင့်တဲ့ အစားအစာ (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်ဟာ အမျိုးသမီး အများအပြား အသက်ကြီးရင် ဖြစ်တတ်သော သွေးဆုံးမီးယပ် ရောဂါကို တိုက်ဖျက်ရာမှာ အထောက်အကူ ပြုနိုင်ပါတယ်။ ဂေါ်ဖီထုပ်ဟာ ဗီတာမင်ဓာတ် အကောင်းဆုံး ဟင်းသီးဟင်းရွက် ဖြစ်လို့ နေ့စဉ် စားသုံးသင့်ပါတယ်။

၂။ တို့ဟူး

ပရိုတိန်းမြင့်မားတဲ့ ပဲပိစပ် တို့ဟူးဟာ ကိုလက်စထရော နှိမ့်ချပေးပြီး ဓမ္မတာ လာချိန်မှာ အဖြူ ဆင်းမှုကို နည်းစေပြီး အရိုး သန်မာစေတယ်။ အရိုးကို အကျိုး ပြုဖို့ ပရိုတိန်းဓာတ် တစ်နေ့ ၂၅-၃၅ မီလီဂရမ် လိုအပ်တယ်။

၃။ ဝက်သား

အမျိုးသမီးများဟာ သူတို့ရဲ့ ဓမ္မတာအရ လေးလံထိုင်းမှိုင်း တတ်တဲ့အတွက် သွေးတွင်းသံဓာတ် နည်းပါး ခြင်းကြောင့် ပြင်းထန်စွာ ပင်ပန်းနွမ်းနယ် တတ်ကြပါတယ်။

သံဓာတ် ရရှိစေဖို့ ဝက်သား စားပေးသင့်ပါတယ်။ ဝက်သားမှာ သံဓာတ်များပါလို့ အလွယ်တကူ အဆီများ ဖယ်ရှား စားသောက်နိုင်တယ်။ စင်ကာပူနိုင်ငံ အစားအစာနဲ့ ပြန်ကြားရေးဌာန အဆိုအရ ဝက်သား တစ်တုံးမှာ သံဓာတ် ၁ ဒသမ ၄ မီလီဂရမ်ပါတဲ့အတွက် အမျိုးသမီး တိုင်း ဝက်သား စားသုံးသင့်ပါတယ်။

၄။ သင်္ဘောသီး

လိမ္မော်သီး တစ်လုံးမှာ ပါတဲ့ ဗီတာမင်စီဓာတ်ထက် သင်္ဘောသီးမှာ ပါတဲ့ ဗီတာမင်စီက နှစ်ဆပိုများပါတယ်။သင်္ဘောသီးဟာ ကျောက်ကပ်ရောဂါ အတွက် ကောင်းမွန်စေပြီး သွေးကို သန့်စင်ရာမှာ ဗီတာမင်စီ ပမာဏ နည်းပါးတဲ့ အမျိုးသမီးများဟာ ကျောက်ကပ်ရောဂါ ဖြစ်နိုင်တဲ့ အလားအလာ ကောင်းကြောင်း တွေ့ရပါတယ်။

ဗီတာမင်စီ ၁၈ဝ မီလီဂရမ်ပါတဲ့ အလတ်စား သင်္ဘောသီး တစ်လုံးဟာ ဗီတာမင်စီ သာမက ကိုယ်စိတ်နှစ်ပါးကိုပါ လန်းဆန်းစေပါတယ်။

၅။ လျှော်စေ့

မုန့်ဖုတ်ရာတွင် စေးပျစ်မှုရှိစေဖို့ လျှော်စေ့ကို သုံးကြတယ်။ ရင်သားကင်ဆာ ရှိတဲ့ အမျိုးသမီးရဲ့ အစာထဲမှာ လျှော်စေ့ ဖြည့်စွက်ပေးရင် ကင်ဆာကို ထိရောက်စွာ ဟန့်တားနိုင်ပါတယ်။

လျှော်စေ့ကို ပေါင်မုန့်နှစ်လုံး ဖုတ်တဲ့အခါ ထည့်သွင်း အရသာ ဖြည့်ပေးမယ်ဆိုရင် အီစတြိုဂျင် ထွက်လာပြီး ရင်သား ကင်ဆာ ကင်းဝေးစေပါတယ်။


Read 417 times.