Cafes & Restaurant

handmade ပြုလုပ်ထားတဲ့ Dimsum ရတဲ့ GINZA Cafe ဆိုင်

November 22, 2022

စနေ၊ တနင်္ဂနွေလို ပိတ်ရက်တွေမှာ ကိုယ့်ရဲ့ချစ်ခင်ရတဲ့ မိသားစု ၊သူငယ်ချင်းတွေနဲ့ အတူတူ အရသာရှိလှတဲ့ GINZA Cafe ဆိုင်က Dimsum ကို သွားရောက်မြည်းစမ်းကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။ 

ဒီဆိုင်ရဲ့ Dimsum ဟာဆိုရင် သန့်ရှင်း လတ်ဆတ်သော အသားစစ်စစ်တွေနဲ့ သာအသုံးပြုထားတယ်လို့သိရပါတယ်။ ဆိုင်မှာ handmade ပြုလုပ်ထားတဲ့အတွက် အရသာရှိစွာ သုံးဆောင်နိုင်ပါတဲ့အပြင် Seafood Dimsum များလဲ ရရှိပါတယ်။ 

ဒါ့အပြင် Coffee၊ Tea၊ Pizza နှင့် အသီးဖျော်ရည်အစုံရရှိပါတယ်။ ဆိုင်ကသန့်ရှင်းသပ်ရပ်ပြီး အရသာရှိတဲ့ လတ်ဆတ်သောမုန့် များကို Daily Fresh  ထုတ်လုပ်ပါတယ်။ 

တာရှည်ခံဆေးနဲ့ အရောအနှောများ လုံးဝသုံးမထားတဲ့အတွက် ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်များကို သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။ Hala Food ဖြစ်တဲ့အတွက် လူမျိူးဘာသာမရွေး သုံးဆောင်နိုင်ပါတယ်။ 

ကားနှင့်လာမည့် Customer များအတွက်လည်း ကားရပ်ရန်ပူစရာမလိုဘဲ Time Link Condo မြေအောက် ၂ ထက် ရှိ Carpark ကောင်းကောင်းလဲရှိပါတယ်။

ဆိုင်ရဲ့ Decoration Design လေးကတော့ ဓာတ်ဖမ်းရတာဝါသနာပါသူတွေအတွက် တကယ်ကိုလှစေမယ့်ဆိုင်လေးပဲဖြစ်ပါတယ်။ 

ဆိုင်လိပ်စာ - Time Link Condo၊ ဓမ္မစေတီလမ်းနှင့်လင့်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 757 9393 11
FB Link >>> GINZA Cafe

Myanmar Restaurant Guide


Read 261 times.