Cafes & Restaurant

ရန်ကုန်ကနေ ပုဂံမြေမှ မြေအိုးထမင်းစားကြမယ်

September 23, 2022

အခုပြောပြပေးမယ့်ဆိုင်လေးကတော့ ရန်ကုန်မြို့မှာဖွင့်ထားပြီး ပုဂံကမြေအိုးထမင်းရတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။

ဒီဆိုင်လေးကို ရန်ကင်းမြို့နယ်မှာဖွင့်ထားပြီး ဆိုင်နာမည်ကတော့ “Taing Yin Thar Myanmar National Restaurant” ဆိုင်ပဲဖြစ်ပါတယ်။ 

ဒီဆိုင်မှာဆိုရင် ပုဂံမြေအိုးထမင်းအပြင် မနက်စာ ဘူဖေးအဝစားကို ၇၀၀၀  ကျပ်နဲ့ ရရှိမှာဖြစ်ပါတယ်။ မနက်စာ ဘူဖေးရရှိမယ့် ရက်တွေကတော့ အပတ်စဉ် ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေနေ့တိုင်း မနက် (၇) နာရီကနေ (၁၁) နာရီအထိရရှိမှာဖြစ်ပါတယ်။

Breakfast Buffet - 7000 ks
Gov tax + Service charges - 15% = 1050 ks
Total = 8050 ks

ဒါ့ကြောင့် ပုံမှန်အရသာတွေကနေ ကွဲထွက်နေတဲ့ အညာစတိုင် လက်ရာလေးနဲ့ တစ်ခါတစ်လေ ချက်စားနေကျ အရသာတွေကနေ ကွဲထွက်ပြီး ပုဂံရောက်နေသလို အညာအငွေ့အသက်အပြည့်နဲ့ အညာထမင်းဟင်းလေးကို သုံးဆောင်လို့ရမှာပဲဖြစ်ပါတယ်။ မြေအိုးထမင်းကို သောကြာ၊ စနေနေ့တိုင်းသုံးဆောင်လို့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် "တိုင်းရင်းသား" က စုပေါင်းလက်စုံစားနိုင်မယ့် ဒီ Menu လေးတွေနဲ့ Family Time, Chit Chat Time လေး ဖန်တီးချင်ရင်တော့ -

စကောထမင်း - တိုင်းရင်းသားတို့ရဲ့ ရိုးရာအစားအစာများ ပါဝင်ပြီး S, M, L size (၃) မျိုးရှိတဲ့အတွက် သင့်တော်သလို ရွေးချယ်မှာယူနိုင်ပါတယ်။ 

အသုပ်စုံဗန်း - ချဉ်ငန်စပ် အသုပ်စုံလေး စားချင်ရင်တော့ သန့်ရှင်းလတ်ဆတ်တဲ့ အသုပ်စုံဗန်းလေး မှာယူနိုင်ပါတယ်။ ဗန်းကြီး နဲ့ ဗန်းသေးရှိပြီးတော့ ဗန်းသေးကို (၃) ယောက် (၄) ယောက်လောက် စားနိုင်ပါတယ်။

အကြော်စုံဗန်း - ရေနွေးလေးတစ်အိုးနဲ့ နေ့လည်နေ့ခင်း အကြော်စုံကြွပ်ကြွပ်လေးစားချင်ရင်တော့ အကြော်စုံဗန်းလေးပါရရှိ မှာဖြစ်ပါတယ် 

လက်စုံစားနိုင်မယ့် Menu လေးတွေကို မြည်းစမ်းကြည့်ရင်း အမှတ်တရအချိန်လေးတွေ ဖန်တီးလို့ရအောင် လမ်းညွှန်ပေးလိုက်ပါတယ်။

 

ဆိုင်လိပ်စာ - အမှတ် (2A) ကန်ဘဲ့လမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 787154799, 09441169995

Fb Link >>> Taing Yin Thar Myanmar National Restaurant

Myanmar Restaurant Guide
 


Read 726 times.