Cafes & Restaurant

Foodie တွေရဲ့ အကြိုက်ကို နှစ်ရှည်လများ ဆွဲဆောင်ထားနိုင်တဲ့ Lotteria Myanmar

December 17, 2020

ငယ်ငယ်က ကြက်ကြော်ဆိုရင် လမ်းဘေးမှာ လက်တွန်းလှည်းလေးတွေနဲ့ လိုက်ရောင်းတဲ့ အသည်တွေဆီက စားခဲ့တဲ့ 90kidတွေ ရှိလားဗျ? ဒါပေမဲ့ ၂၁ရာစုရောက်တဲ့ အခါမှာတော့ ဒီFeelingလေးကို မခံစားရတော့ပဲ Fast Food Restaurantတွေက တဟုန်တိုး ဖွင့်လာကြပါတယ်။

ကြက်ကြော်လို့ ပြောလိုက်တာနဲ့ လူကြိုက်များတဲ့ Fast Food Restaurant ဆိုင်တွေက အများကြီးရှိပါတယ်။ လူအမျိုးမျိုးရှိသလို အကြိုက်တွေကလည်း မတူနိုင်ဘူးလေ။ ဒီလိုဆိုင်ပေါင်းများစွာထဲကမှ Lotteria ကတော့ Foodieတွေကို တော်တော်ဆွဲဆောင်နိုင်တဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး Lotteria ဆိုင်ခွဲကို ရန်ကုန်မြို့ Junction Square မှာ ၂၀၁၃ခုနှစ် ဧပြီလက စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ၂၀၁၆ ခုနှစ်အရောက်မှာ ရန်ကုန်မှ နေပြည်တော် အထိ ဆိုင်ခွဲပေါင်း ၂၄ ဆိုင်ဖွင့်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ကြက်ကြော်နဲ့ ဘာဂါတွေကို လူတိုင်းနီးပါး စားနိုင်တဲ့ ဈေးနှုန်း အသင့်အတင့်နဲ့ ရောင်းချပေးတာကြောင့် လူကြိုက်များလာပါတယ်။ မြန်မာထမင်းနဲ့ ကြက်ကြော်ကို Menuတစ်ခု အနေနဲ့ ရောင်းချပေးခြင်းက နောက်ထပ် ဆွဲဆောင်မှု တစ်ခုဖြစ်နေပါတယ်။

ဆိုင်ရဲ့ နာမည်ကြီး Menu တွေကတော့ - 

  • Hot Crispy Burger / Burger
  • Fried Chicken / Fried Chicken
  • Chicken Burger / Burger
  • Fruity Ice Flake / Desserts
  • Seasoning Potato / Fast Food
  • Chicken Rice / Korean
  • Crunch Shrimp Dessert / Desserts
  • Squid Ring / Fast Food
  • Hash Brown / Snack
  • Korean Chicken / Fried Chicken

ရန်ကုန်မြို့မှာ Lotteria ဆိုင်ခွဲတွေ အများအပြား ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ အပတ်စဉ် Weekend Promotionတွေက စားသုံးသူတွေကို စားချင်စိတ်ဖြစ်စေပါတယ်။

သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေ၊ ဆိုင်ဝန်ထမ်းတွေရဲ့ ပြူငှာမှုတွေကြောင့် လာဝယ်သူတိုင်းကို စိတ်ချမ်းသာစေပါတယ်။

ရန်ကုန်မြို့ရှိ ဆိုင်ခွဲတွေရဲ့ Menuတွေ၊ တိကျတဲ့ လိပ်စာ အချက်အလက်တွေနဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်တွေကို ရှာဖွေရန် >> https://bit.ly/37rB2Ul

By The Myanmar Restaurant Guide

Lotteria Myanmar


Read 903 times.