Healthy Food

အဆစ်ရောင်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အစားအသောက်တွေက ဘာများလဲ?

November 15, 2021

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အဆစ်ပေါင်း ၃၆၀ နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး နေ့စဉ်ဘဝ သွားလာလှုပ်ရှားမှုမှာ အဆစ်တွေက အကြိမ်ပေါင်းများစွာ အလုပ်လုပ်ကြရပါတယ်။ စက်ပစ္စည်းတောင် အဆက်မပြတ်အသုံးပြုရင် ပျက်တတ်ပါတယ်။ 

ဒါ့ကြောင့် လူတွေရဲ့ အရိုး အဆစ်တွေကိုလည်း အားဖြည့်ပေးဖို့လိုအပ်ပါတယ်။ အဆစ်တွေ တောင့်တင်းခြင်းဖြစ်ပါက သင့်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို အကြီးအကျယ် အနှောက်အယှက်ပေးတော့မှာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အဝတ်အစားဝတ်ခြင်း၊ ကွန်ပြူတာစာရိုက်ခြင်း၊ စာရေးရန်ဘောပင်ကိုင်ခြင်း စတာတွေတောင် လုပ်ဆောင်ဖို့ ခက်ခဲလာမှာပါ။ ဒါဆို အဆစ်တွေကို သန်မာအားကောင်းအောင် ဘယ်လိုလုပ်ကြမလဲ။ အဆစ်တွေအတွက် အားကစားလုပ်ခြင်းနဲ့ ဆေးသောက်/ဆေးလိမ်းခြင်းတွေ အပြင် အစားအသောက်တွေကလည်း ကူညီပေးနိုင်ပါတယ်။

(၁) အိုးလစ်အဆီ

အိုးလစ် အဆီ သည် အဆစ်များ ရောင်ရမ်း တောင့်တင်းခြင်း ကို သက်သာစေပါတယ်။ အိုးလစ် အဆီ တွင် ပါဝင်သော oleocanthal ဓါတ်သည် စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေးများ ကဲ့သို့ လုပ်ဆောင်ပေးပါတယ်။ 

extra virgin အိုးလစ် အဆီ သည် refined light အိုးလစ် အဆီ ထက်ပိုကောင်းပါတယ်။ အဆစ်များရောင်ခြင်းက နှလုံးကို ထိခိုက်စေပါတယ်။ ထို့ကြောင့် ကျန်းမာရေးနဲ့ ညီသော အဆီများ က နှလုံးကျန်းမာရေးအတွက် ကောင်းပါတယ်။ 

အိုးလစ် အဆီ ကို အသုပ်များ ၊ ချက်ပြုတ်ခြင်းများတွင် ထည့်သုံးနိုင်ပါတယ်။ အခြား သော ထောပတ်ကဲ့သို့ အဆီများကို အစားထိုးသုံးနိုင်ပါတယ်။

(၂) အသီးအရွက်များ

အသီးအရွက်များက အမြဲ ကောင်းပါတယ်။ အစိမ်းရင့်ရောင် အသီးအရွက်များ သည် ခန္ဓာကိုယ် ရောင်ရမ်းခြင်းများကို ကျစေပါတယ်။ အဆစ်များ တောင့်တင်းခြင်း အတွက် ကောင်းစေပါတယ်။ ပိုနေသော ကိုယ်အလေးချိန်ကို လည်း ကျစေပါတယ်။ 

ဒါ့ကြောင့် အဆစ်များအပေါ် သက်ရောက်သော ဖိအားကို နည်းစေပါတယ်။ မုန်လာဥနီ၊ ငရုတ်ကောင်း စသည်တို့က အဆစ်များ အတွက် အာဟာရများ ပါဝင်ပါတယ်။ အဆစ်များ ပျက်စီးပါက ပြန်လည် ပြုပြင်ပေးနိုင်ပါတယ်။ အရောင်လည်း ကျစေပါတယ်။

ဒါပေမယ့် အသီးအရွက်တွေကို မချက်ပြုတ်ခင် သေချာစွာ ဆေးကြောသင့်ပါတယ်။ အသီးအရွက်များကို သုပ်ခြင်း၊ ပြုတ်ခြင်း များက ပိုကောင်းပါတယ်။ သင့်အတွက် ချက်ပြုတ်ရခက်ပါက စားသောက်ဆိုင်များတွင် သွားစားနိုင်ပါတယ်။

(၃) ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါး တွင် အိုမီဂါ အဆီအက်စစ်များ ပါဝင်ပါတယ်။ ၎င်းသည်လည်း ခန္ဓာကိုယ် ရောင်ရမ်းခြင်းများကို ကျစေပါတယ်။ အဆစ်များ တောင့်တင်းခြင်း အတွက် ကောင်းစေပါတယ်။ ဒါ့အပြင် ဆယ်လ်မွန်ငါး တွင် ဗီတာမင် ဒီ ပါဝင်ပြီး အရိုးများအတွက် ကောင်းမွန်ပါတယ်။ အဆစ်များ ရောင်ရမ်းပါက အရိုးများပါ အားနည်းစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုများကိုလည်း ကန့်သတ်ပစ်ပါတယ်။ အရိုးတွေ ပိုမို အားနည်းလာပြီး အဆစ်များကို မထောက်ပံ့ပေးနိုင်တော့ပေ။ ဆယ်လ်မွန်ငါး စားခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

(၄) ပဲအမျိုးမျိုး

ပဲတွင် သတ္တုဓါတ်၊ အမျှင်ဓါတ်၊ နှင့် ဗီတာမင် များစွာ ပါပါတယ်။ ကယ်လိုရီမပါဘဲ သင့်အား ဗိုက်ပြည့်အောင် ပြုလုပ်ပေးပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်ကို ကျန်းမာစွာ ကျစေပါတယ်။ အဆစ်များအပေါ် သက်ရောက်သော ဖိအားကို နည်းစေပါတယ်။ ပဲများ ချက်ပြုတ်စားရန် ခက်ခဲပါက ဆိုင်များတွင် ချက်ပြီးသား ပဲများဝယ်နိုင်ပါတယ်။

(၅) အစေ့အနှံများ

အစေ့အနှံများ တွင် သတ္တုဓါတ်၊ အမျှင်ဓါတ်၊ နှင့် ဗီတာမင် များစွာ ပါပါတယ်။ ခန္ဓာကိုယ် ရောင်ရမ်းခြင်းများကို ကျစေပါတယ်။ ကယ်လိုရီမပါဘဲ သင့်အား ဗိုက်ပြည့်အောင် ပြုလုပ်ပေးပါတယ်။ ထို့ကြောင့် ကိုယ်အလေးချိန်ကို ကျန်းမာစွာ ကျစေပါတယ်။ အစေ့အနှံများတွင် ဆန်၊ ဂျုံ၊ ပြောင်းတို့ပါဝင်ပါတယ်။ ဂလူတန် မပါသော အစေ့အနှံများ သည် အဆစ်ရောင်ခြင်းအတွက် ကောင်းပါတယ်။

အဆစ်များ တောင့်တင်းခြင်းသည် ရောင်ရမ်းခြင်းနဲ့ အစပြုပါတယ်။ ကံကောင်းစွာဖြင့် ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများ စားခြင်းဖြင့် ရောင်ရမ်းတောင့်တင်းခြင်းကို သက်သာစေပါတယ်။


Read 515 times.