Healthy Food

ပုရစ်ကြော်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ သတိထားသင့်တဲ့ အချက်များ

June 14, 2021

ရာသီစာဖြစ်တဲ့ ပုရစ်ကြော်ကို မိုးရာသီမှာ ပုံစံမျိုးစုံနဲ့စားသောက်ကြပါတယ်။ ပုရစ်ကြော်လို့ပြောလိုက်တာနဲ့ ကြောက်တဲ့သူနဲ့ ကြိုက်တဲ့သူနှစ်ခြမ်း ကွဲနေနိုင်ပါတယ်။ လူအများစုကတော့ ပုရစ်ကြော်ကို ကြိုက်နှစ်သက်ကြပါတယ်။ 

ပုရစ်ကြော်မှမဟုတ်ပါဘူး။ တွင်းပိုးကြော်၊ ခါချဉ်ကြော်၊ ခါချဉ်ဥကြော်၊ ဝါးပိုး စတဲ့ အင်းဆက်တွေကို အရသာမျိုးစုံနဲ့ စားလာကြပါတယ်။ နောက်ပိုင်းမှာ အင်းဆက်တွေကို သရေစာတွေအဖြစ်နဲ့ စားသောက်လာကြတဲ့အတွက် အင်းဆက်တွေမှာ ထူးခြားတဲ့ အာနိသင်ရှိမရှိနဲ့ ဘေးထွက်ဆိုးကျိုးရှိမရှိကို သိထားဖို့တော့ လိုပါလိမ့်မယ်။ 

အင်းဆက်စားခြင်း (Entamophagy) ရဲ့ အာဟာရတန်ဖိုး | Monywa Gazette

ပုရစ်ကြော်ရဲ့ ဆေးဖက်ဝင်အာနိသင်က ဘာတွေလဲ။

ပုရစ်မှာ ဟင်းနုနယ်အရွက်ထက်ပိုများတဲ့ သံဓာတ်ပမာဏ ပါဝင်တဲ့အတွက် ဦးနှောက်လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေပြီး ကြွက်သားတွေသန်မာစေပါတယ်။ သွေးအားနည်းရောဂါအပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ သွေးအားကောင်းစေဖို့ ကူညီပေးနိုင်ပါတယ်။

ပုရစ်ကြော်မှာ အသားဓာတ်(၆၅)ရာခိုင်နှုန်း ပါဝင်တဲ့အတွက် အမဲသားနဲ့ ကြက်သားထက် ပရိုတိန်းဓာတ် ပိုပါဝင်ပါတယ်။ ပုရစ် (၁၀၀) ဂရမ်မှာ အသားဓာတ် (၁၃) ဂရမ် ပါဝင်ပါတယ်။

ကသာမြို့တွင် မိုးဦးကျ ပဲပုရစ်များ ဈေးကွက်အတွင်းသို့ရောက်ရှိ | Myanmar  Digital News

ပုရစ်က အမဲသားထက် (၅)ဆပိုများတဲ့ Magnesium ဓာတ်တွေ ပါဝင်တဲ့အတွက် နှလုံးနဲ့ သွေးလှည့်ပတ်မှု အဖွဲ့အစည်းအတွက် များစွာအကျိုးပြုပါတယ်။ နောက်ပြီးနှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း (၂၂) ရာခိုင်နှုန်းထိ လျော့ကျစေပါတယ်။

ပုရစ်ရဲ့ မာကြောတဲ့ အရိုးပိုင်းလေးတွေမှာ Calcium ဓာတ်တွေ ပါဝင်နေလို့ အရိုးကျန်းမာရေးကိုအထောက်အကူပြုပါတယ်။ Vitamin B12 ပါဝင်လို့ မှတ်ဉာဏ်အားနည်းခြင်းကို ကာကွယ်ပေးပါတယ်။ အာရုံကြော အားကောင်းစေပြီး နှလုံး၊ အရေပြားနဲ့ ဆံပင်တွေကို ကျန်းမာစေပါတယ်။

Omega 3နဲ့ Omega 6 Fatty acids အပြင် အမျှင်ဓာတ်နဲ့ အခြား Essential Amino Acids တွေလည်း ပါဝင်တယ်လို့ စစ်တမ်းများအရ သိရပါတယ်။

ပုရစ်ကြော် စားပြီး ရမယ့် ပရိုတင်း ဘာတွေ အကျိုးကျေးဇူးပေးမလဲ - Hello Sayarwon

ပုရစ်ကြော်ရဲ့ ဘေးထွက်ဆိုးကျိုးက ဘာတွေလဲ။

ပုရစ်ကြော်ကို အတောင်ပံမဖြုတ်၊ ခြေထိပ်လက်ထိပ်က အဆူးတွေမဖြုတ်၊ ချေးထုပ်လည်းမဖယ်ဘဲ အကောင်လိုက်ကြော်စားခြင်းကို ရှောင်ကျင်ရပါမယ်။ သန့်စင်မှူမရှိတဲ့ ပုရစ်ကြော်တွေကို စားသုံးခြင်းက အီကိုလိုင်းပိုး ကူးစက်နိုင်ပါတယ်။ 

ဒီကူးစက်မှုကြောင့် ဝမ်းလျောခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဝမ်းအရည်သွားခြင်း၊ သွေးတွင်း ပိုးဆိပ်ပျံ့နှံ့ခြင်းနဲ့ ဦးနှောက်အမြှေးပါးရောင်ယောင်းခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ မသန့်ရှင်းတဲ့ ပုရစ်ကြော်ကြောင့် နှုတ်ခမ်းမှာ ရေယုန်လိုမျိုး ယားနာဖုတွေ၊ နှုတ်ခမ်း ဗိုင်းရပ်စ် ဝင်ခြင်းတွေကိုလည်း သတိထားရပါမယ်။ 

ဘယ်လိုပဲ အန္တရာယ်ကင်းတယ်ပြောပြော မြေအောင်းသားဖြစ်တဲ့အတွက် သွေးလေးစေပါတယ်။ ပုရစ်ကြော်ကို သွေးတိုးရောဂါရှိတဲ့သူတွေ၊ အမျိုးသမီးများ ဓမ္မတာလာနေစဉ် ပုရစ်ကြော်ကို မစားသုံးသင့်ပါဘူး။ ပုရစ်ကြော်က ဓာတ်မတည့်တဲ့သူတွေစားရင် သွေးယားခြင်း၊ အရေပြားပေါ် အဖုအပိန့် အင်ပြင်တွေ ထွက်လာတတ်ပါတယ်။

ပုရစ်ကြော် ကောင်းကောင်း


Read 248 times.