Eating Tips

ဆီမပါတဲ့ ငါးရခိုင်ချဉ်စပ်ဟင်းချက်နည်း

September 28, 2022

ငါးရခိုင်ချဉ်စပ်ဟင်း ပါဝင်ပစ္စည်းများကတော့ -

(၁) နှစ်သက်ရာ ငါးတစ်မျိုး
(၂) ကုလားအော်သီး            
(၃) ငရုတ်သီးစိမ်း             
(၄) မန်ကျည်းသီးမှည့်      
(၅) အချိုမှုန့်                     
(၆) နံနံပင် သို့ ရှမ်းနံနံ                   
(၇) ဆား                                      
(၈) မျှင်ငါးပိ (သို့) စိမ်းစားငပိ       
(၉) ဆီအနည်းငယ်     
(၁၀) ဆနွင်းမှုန့်အနည်းငယ်
(၁၁) ကြက်သွန်ဖြူ
(၁၂) ငရုပ်ကောင်းအနည်းငယ်တို့လိုအပ်ပါတယ်။

ပြုလုပ်ပုံဆင့်ဆင့်

ပထမဆုံး ငရုတ်သီးစိမ်း နှင့် ကုလားအော်တောင့် များကို မီး အေးအေး နှင့် နွမ်းသွားသည့် အထိ ကင်ပြီး ကြက်သွန်ဖြူနှင့်ရောကာ မညက်တညက် ကြိတ်ထားပေးပါ။

အိုးတစ်လုံးထဲမှာ ငါးကို ဆား  ဆနွင်းမှုန့် အချိုမှုန့်  မျှင်ငါးပိတို့နဲ့ နယ်ပြီးနှပ်ထားပါ။

မန်ကျည်းသီး ရေဖျော်ထားပါ။နံနံပင် သို့ ရှမ်းနံနံကို သင်ပြီး ရေစိမ်ထားပါ။

နှပ်ထားသော ငါးကို မီးဖိုပေါ်တင်ပြီးလျှင် ကုလားအော် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ကြိတ်ထားတာထည့်ပါ။
ဆီထည့် ၊ ရေထည့်ပြီး တည်ထားပါ ။

ဆူပြီဆိုလျှင် မန်ကျည်းမှည့် အရည်ဖျော်ထားတာထည့်ပြီး ပြန်ဆူအောင်စောင့်ပါ။ (ပုစွန်အကွေး ငါးအနွေး အကြာကြီးမတည်ရပါဘူးနော်)

ဆူလာပြီဆို နံနံပင် (သို့) ရှမ်းနံနံ အုပ်ပြီးသုံးဆောင်လို့ရပါပြီ။

Myanmar Restaurant Guide
 


Read 103 times.