Easy Recipes

ကြက်ဥပူတင်းကို လွယ်လွယ်ကူကူနဲ့ လုပ်စားကြမယ်

December 21, 2020

ကြက်ဥပူတင်း မကြိုက်တဲ့သူဆိုတာ ခပ်ရှားရှားပါ။ကလေးတွေလည်း ကြိုက်သလို လူကြီးတွေလည်း ကြိုက်ကြပါတယ်။အခုတော့ ကြက်ဥပူတင်း လွယ်လွယ်ကူကူ ဘယ်လိုလုပ်ရလဲဆိုတာ ပြောပြပေးသွားမှာပါ။ 

ပါဝင်ပစ္စည်းများ 

ကြက်ဥ= ၁၀လုံး(အနေတော်အရွယ်)

နွားနို့ = ၁လီတာ

သကြား= ၁၀ကျပ်သား

ဂျုံမှုန့် = ၅ဇွန်း(ထမင်းစားဇွန်း)

ဆား= လက်ဖက်ရည်ဇွန်းတဝက်

ဗနီလာနံ့= ၁စက်

(မရှိရင် custard powder တဇွန်းလောက်

ထည့်ပါ)ကြက်ဥရဲ့ အနံ့မထွက်အောင်

ထည့်တာပါ

ထောပတ် =ထမင်းစားဇွန်း (၁) ဇွန်း 

ပြုလုပ်နည်း

အရင်ဆုံး ကြက်ဥကို ကြေအောင် ခေါက်မွှေပါ။သကြားနဲ့ နွားနို့ ဆားရောပြီး ၁၀မိနစ်လောက်ထပ်မွှေပါ။အဖတ်တွေ မဖြစ်အောင် ဂျုံ မှုန့်ကို ဇကာနဲ့ စစ်ပြီး ရောမွေပါ ။ ဖုတ်မယ့်ဘန်း ကို ထောပတ်၁ဇွန်းနဲ့ နှံ့အောင်သုတ်ထားပါ အိုးထဲထည့် မီးနဲနဲလေးနဲ့ ကြက်ဥရည် ပျစ်လာအောင်ကျိုပါ။ အဆက်မပြတ်မွေနေရပါမယ်။ ဗနီလာ တစက်လောက်ထည့်ပါ။ မိနစ် ၂၀လောက် ကျိုရပါတယ် ပျစ်လာရင် ဖုတ်မယ့်ဘန်း ထဲထည့် အပူချိန် ၁၆၀ံ စင်တီဂရိတ် မိနစ်၃၀ဖုတ်ပါ။နီရောင်သမ်းလာရင် အအေးခံပါ လုံးဝအေးသွားမှ ရေခဲသေတ္တာထဲ ၁နာရီလောက်ထည့်ပါ။ ဒါဆိုရင် လူတိုင်းကြိုက်တဲ့ ကြက်ဥပူတင်း လေးရသွားပါပြီ။

 


Read 3021 times.