Easy Recipes

ရိုးရှင်းလွယ်ကူတဲ့ ကြက်ပေါင်ကြော်

November 22, 2021

အစားအသောက်ဆိုတာ လူတိုင်းနဲ့တည့်ပါတယ်။ အစားသောက်ကောင်းတွေကို စားသောက်ဖို့အတွက် ဆိုင်တွေကို အမြဲသွားနေရတာက တစ်ခါတစ်လေတော့ ငြီးငွေ့ဖို့ကောင်းပါတယ်။ 

ဒါ့ကြောင့် ရိုးရှင်းလွယ်ကူပြီး စားရတာ အရသာရှိစေမယ့် ကြက်ပေါင်ကြော်နည်းကို အဆင့်လေးတွေနဲ့ ကြော်ကြည့်ရအောင်...

ပထမဆုံးအနေနဲ့ ဓားချွန်နဲ့အထဲကအသားကိုမှပေါင်ရိုးကနေပတ်ပတ်လည်ထိုးချရပါမယ်။ အရသာ၀င်အောင်လို့ပါ။ ပြီးရင်ရေသေချာဆေးရပါမယ်။

May be an image of food

ရေးဆေးပြီးရငး ဆာ၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမုန့်၊ ခရုဆီ၊ ဂျင်းနဲ့ ကြက်သွန်ဖြူရောကြိတ်ပြီးရလာတဲ့ (အရည်)ဘဲထည့်ပါမယ်။ သေသေချာချာနှံ့နှံ့စပ်စပ် မိနစ် ၂၀ ခန့်နယ်ပေးရပါမယ်။ နယ်ပြီးရင် ၁ နာရီနှပ်ပေးရပါမယ်။

May be an image of food

၁ နာရီနှပ်ပြီးတာနဲ့ အရင်ပေါင်းပါမယ်။

May be an image of food

မိနစ် 40 ပေါင်းထားပါ။ မကျက်မှာလည်း မပူရတော့ရဘူး။

May be an image of food

မိနစ် 40 ဆို တော်တော်နူးပြီးမို့ အပြင်ထုတ်လိုက်ပါမယ်။ ကြက်ဥ ၃ လုံးခေါက်ထားပါမယ်။ Tempura flour ကိုလှိမ့်လို့လွယ်မယ့် ပန်ကန်ပြားထဲထည့်လိုက်မယ်။ Bread crumbs လည်း ထို့နည်းတူထည့်လိုက်ပါမယ်။

May be an image of food and indoor

ကြက်ပေါင်ကို Tempura flour နဲ့နှံ့အောင်လှိမ့်ပေးပါမယ်။

May be an image of powdered sugar and indoor

ပြီးရင်ခေါက်ထားတဲ့ ကြက်ဥထဲလှိမ့်ပါမယ်။

May be an image of food and indoor

ကြက်ဥထဲလှိမ့်ပြီးတာနဲ့ bread crumbs နဲ့နောက်ဆုံးအနေနဲ့ လှိမ့်ပါမယ်။

May be an image of food and indoor

ဒီလိုလေးဖြစ်လာပါပြီ။

May be an image of food and indoor

15 မိနစ်ခန့်ဒီတိုင်းထားပါမယ်။

May be an image of food and indoor

မီးအေးအေးနဲ့ ပထမဆုံးအခေါက်ကြော်လို့ ဒီအရောင်ရရင် ခနပြန်ဆယ်လိုက်ပါ။

May be an image of food and indoor

ပြီးရင် မီးပြင်းပြင်းနဲ့ ဒုတိယအကြိမ်ပြန်ကြော်ပါ။ ဒီအရောင်ရရင်ဆယ်လိုက်ပါ။

May be an image of food

သန့်ရှင်းလတ်ဆတ်တဲ့ ကြက်ကြော်လေးရပါပြီ။


Read 958 times.