Special Deals

Cha Thai နဲ့ Foodpanda တို့ရဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ် Buy One Get One ပရိုမိုးရှင်းကြီး

December 4, 2020

သူအပြိုင်၊ ကိုယ်အပြိုင် ပရိုမိုးရှင်းတွေနဲ့ ဒီဇင်ဘာလကြီးမှာ ChaTraMue (Cha Thai) ကလည်း Sweet December ရဲ့ ပရိုမိုးရှင်း ခပ်ကြီးကြီးတစ်ခုကို Bubble Tea ချစ်သူ၊ Cha Thai ရဲ့ အမာခံ စားသုံးသူများအတွက် စီစဉ်ပေးလိုက်ပြန်ပါတယ်။

Cha Thai ဟာ မြန်မာနိုင်ငံကို အစောဆုံး ရောက်ရှိလာခဲ့တဲ့ Bubble Tea Brand တွေထဲက တစ်ခု ဖြစ်ပြီးတော့ လက်ရှိအချိန်ထိ စားသုံးသူ လူငယ်တွေကြားထဲ အခိုင်အမာ နေရာယူလျက်ရှိတဲ့ Brand တစ်ခု ဖြစ်ပါတယ်။

ChaTraMue: famous milk tea specialist from Thailand opens flagship store in  Singapore

Cha Thai မှာ လူကြိုက်များတဲ့ အမျိုးအစားတွေကတော့

  • Thai Milk Tea
  • Milk Green Tea
  • Rose Milk Tea
  • Ceylon Milk Tea
  • Matcha Latte
  • Thai Coffee
  • Assam Red Tea
  • Thai Lemon Tea
  • Cocoa (Chocolate)


စတာတွေပဲ ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် ငွေ (၂,၀၀၀) ကျပ်မှ စတင်ပြီး (၇,၀၀၀) ကျပ်အထိ ရွေးချယ် သောက်သုံးနိုင်တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလမှာတော့ Cha Thai နဲ့ Foodpanda တို့ရဲ့ တစ်နှစ်ပြည့် အမိုက်စား ပရိုမိုးရှင်း အနေနဲ့ ကြိုက်နှစ်သက်ရာ Menu တစ်ခု မှာယူတိုင်း နောက်တစ်ခုကို လက်ဆောင် ပေးသွားမှာ ဖြစ်ပါတယ်။

Image may contain: food, text that says 'Oniginal Thai Jeය foodpanda BUY GET 3.12.2020 1free to 7.12.2020 gin Peach ကျေးဇူးပါ မြန်မာ foodpanda တစ်နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အမိုက်စားပရိုမိုးရှင်း'

ဒီ Buy 1 Get 1 ပရိုမိုးရှင်းကြီးကိုတော့ ဒီဇင်ဘာလ (၃) ရက်နေ့ကနေ (၇) ရက်နေ့အထိ ၅ရက်တိုင်တိုင် ပေးသွားမှာ ဖြစ်ပြီး Foodpanda ကနေ မှာယူတဲ့ သူတိုင်း ပရိုမိုးရှင်းကို ရရှိနိုင်တာ ဖြစ်ပါတယ်နော်။

ChaTraMue ရဲ့ ဆိုင်ခွဲ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။
https://bit.ly/2Idkdmc


Read 978 times.