Eating Tips

Buffet ကို တန်အောင် ဘယ်လိုစားကြမလဲ?

January 13, 2021

အစားအသောက်ဆို အသေကြိတ်တတ်တဲ့ Foodie တွေလည်း ကိုဗစ်ကြောင့် Buffet နဲ့ ဝေးကွာနေမှာ အသေချာပါပဲ။ ဒါမယ့် စိတ်ထဲမှာတော့ ကိုဗစ်ပြီးရင် အဝကြိတ်ဖို့ Plan တွေဆွဲနေပြီမလား။ မညာချင်စမ်းပါနဲ့။

ဒါဆို စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်စားခွင့်ရတဲ့အခါ Buffetကို တန်အောင်ဘယ်လိုစားရမလဲဆိုတဲ့ အချက် (၈) ချက်ကို မျှဝေပေးချင်ပါတယ်။

ဒီ အချက် (၈) ချက်က စားသောက်ဆိုင်တွေမှာ သင် Buffet စားတဲ့အခါ တန်ပါ့မလားဆိုပြီး သံသယမဝင်အောင် တန်စေမယ့်အပြင် စားနိုင်တာထက် ပိုစားနိုင်စေမယ့် အကောင်းဆုံး နည်းလမ်းတွေ ဖြစ်ပါတယ်။

သင်ကြိုက်တဲ့ အစားအစာတွေပါဝင်တဲ့ Buffet ကိုရွေးချယ်ပါ

သင်ကြိုက်တဲ့ ဟင်းလျာတွေ၊ အစားအစာတွေပါဝင်တဲ့ Buffet ဆိုင်ကို ရွေးချယ်ပါ။ ရွေးချယ်တဲ့ နေရာမှာလည်း ဈေးနှုန်းက သင့်အတွက် သင့်လျော်နေဖို့ လိုအပ်ပါတယ်။

Where to Find Cheap BBQ Buffets in Seoul for US$12 and Below

သင့်အတွက် သင့်လျော်မယ့် အရသာရှိတဲ့ Buffet ကိုရွေးချယ်ပါ

သင် ကြိုက်တဲ့ အစားအစာ Buffetတော့ မှန်ပေမယ့် သင်မကြိုက်တဲ့ အရသာဖြစ်နေရင်တော့  အဲ့ Buffet က သင့်အတွက် မတန်တော့ပါဘူး။

How to Choose Your Style of Service | Green Mill Catering

စားသောက်ဆိုင် ရွေးချယ်တဲ့နေရာမှာ သင့်အကြိုက်နဲ့ ထပ်တူကျပါစေ

အစားအသောက်တွေ မလတ်ဆတ်တဲ့ ဆိုင်ကို ရွေးချယ်မိပါက သင့်အတွက် Buffet timeက အဓိပ္ပာယ်ရှိနေမှာ မဟုတ်ပါဘူး။ သင်က တရုတ်စာ စားချင်နေပေမယ့် ဂျပန်အစားအစာရွေးချယ်မိတာမျိုးပေါ့။ 

Commercial vs non-commercial food services: What is the difference?

Buffet ကို ညစာအတွက်စားတာထက် နေ့လည်စာအတွက် စားပါ

လေ့လာချက်တွေအရ ပုံမှန်ချိန်တွေထက် နေ့လည်ဘက်က ပိုစားနိုင်ပါတယ်။ ဝိတ်ချတဲ့သူတွေအတွက်လည်း နေ့လည်ဘက်စားတော့ ပိုပြီး အဝကြိတ်နိုင်တာပေါ့နော်။

7 Foods That You Are Better Off Avoiding At A Buffet Lunch

Buffet သွားမစားခင် နံနက်စာစားပါ

Buffet စားမှာမို့လို့ ဘာမှမစားဘဲ အစာခံတယ်ဆိုတာ အမှားတစ်ခုဖြစ်ပါတယ်။ ဗိုက်ဆာနေတဲ့အချိန် ဘာမှမစားလိုက်တာက လေခံပြီး buffect စားချိန်မှ ဗိုက်မဆာတော့တာမျိုး ဖြစ်တတ်ပါတယ်။

Is it safe to eat at buffet restaurants when they reopen? What health  experts say

အင်္ကျီကြပ်တာတွေ ဘောင်းဘီကြပ်တာတွေ မဝတ်သွားသင့်ပါ

ဒါကအဓိက အချက်ပါ။ အစားအစာ စားတဲ့အခါ အင်္ကျီကြပ်တွေ ဘောင်းဘီထဘီအကြပ်တွေက သင့်ကို သက်တောင့်သက်သာ မဖြစ်စေပါဘူး။

How to Choose the Perfect Dress for Your Body Type

အစာ မစားမှီ ရေများများသောက်ပါ

Buffet မစားမှီရေကို အရင်များများသောက်ပေးပါ။ ဗိုက်ပြည့်သွားအောင်တော့ မဟုတ်ဘူးပေါ့။ ပြီးရင် Buffet စားနေရင်းနဲ့ အရည်မသောက်ပါနဲ့။ သောက်လည်း နည်းနည်းလောက်ပဲ သောက်ပါ။ အစားကိုဝအောင် စားပြီးမှ တစ်ခုခုကိုသောင်သင့်ပါတယ်။ အစားစားနေချိန်မှာ Fizzy အချိုရည်တွေကို ရှောင်ပါ။

What are the health benefits of drinking water? - BBC Good Food

Buffet စားတဲ့အခါ ဈေးကြီးမယ့် အစားအစာတွေကို အရင်ရွေးချယ်ပါ

Buffet စားတဲ့အခါ ဈေးကြီးတဲ့ အစားအစာတွေကို များများစားပါ။ အဲ့တာမှ Buffet စားရတာ တန်မှာပါ။ Buffet စားဖို့သွားထည့်ရင်တော့ ရုပ်မပေါက်ဖို့ လိုပါတယ်။

16 tips to maximise all you can eat buffets - Save the Student

By The Myanmar Restaurant Guide


Read 1225 times.