Cafes & Restaurant

၁၃,၀၀၀ ကျပ်နဲ့ အမျိုးပေါင်း (၆၀) ကျော် ရွေးလို့ရတဲ့ ဟော့ပေါ့ဘူးဖေးအ၀စားဆိုင်

September 13, 2023

လတစ်ဝက်လောက်ရောက်နေပြီဆိုတော့ ဘတ်ဂျတ်ဆိုင်လေးတွေ မွှေနှောက်ရှာဖွေရင်းနဲ့ စျေးတန်တဲ့ ဟော့ပေါ့ဘူးဖေးအ၀စားဆိုင်လေးတစ်ခု တွေ့ရှိထားပါတယ်။ ဟော့ပေါ့ဘူဖေးဆိုင်တွေထဲက စျေးလည်းသက်သာရမယ်၊ စားလို့လည်းကောင်းရမယ်၊ ဗိုက်လည်းပြည့်ရမယ်ဆိုရင် အလုံမှာရှိတဲ့ My Day Stick Hot Pot & Mala Xiang Guo ဆိုင်လေးကို ညွှန်ပေးပါရစေ။

     Advertisement

Click Here > Mahmood & Sons

သူ့ဆိုင်မှာ ဟော့ပေါ့ဘူဖေးအ၀စားကို လူကြီး (၁) ယောက် ၁၃,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။ ဒီဘူဖေးမှာ ဘာတွေပါလဲဆိုရင် - 

- ကြက်မဲလွှာ

- ကြက်ဆင်လွှာ

- ကြက်သားလွှာ

- အမဲသားလွှာ

- ဝက်သားလွှာ

- ဝက်မှိုလုံး

- ကိုရီးယားအကင်အမျိုးပေါင်း ၂၀ ကျော်

- အသီးအရွက်အမျိုးပေါင်း ၁၅ မျိုးကျော်

- အပ်မှို၊ ကြွက်နားရွက်မှို၊ ငွေနှင်းမှို စတဲ့ မှိုအမျိုးမျိုး 

- ခေါက်ဆွဲ၊ ကြာဇံ၊ ဝဥခေါက်ဆွဲ၊ ဝဥကြာဇံ၊ မာလာခေါက်ဆွဲ၊ ရေစိမ်ခေါက်ဆွဲအမျိုးမျိုး စတဲ့ ရွေးစရာ အမျိုးပေါင်း (၆၀) ကျော်နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။

အားနည်းချက်ကတော့ ဘူဖေးထဲမှာ ပင်လယ်စာမပါပါဘူး။

ဘူဖေးထဲမှာ Side Dish (၄) မျိုး ပါဝင်ပါတယ်။ 

- မာလာရှမ်းကော

- သီးစုံထမင်းကြော်

- အာလူးကြော်

- မာလာကိုရီးယားအကင်ကြော်

သောက်စရာအနေနဲ့ အအီပြေ အအေး ၃ မျိုးနဲ့ သောက်ရေသန့်လည်း ပေးထားပါတယ်။ အချိုပွဲအတွက်ဆို ရာသီပေါ်သစ်သီးတွေ ထားပေးထားပါတယ်။

ဟင်းရည်အရသာက အချို၊ အစပ်၊ တုန်းယမ်၊ မာလာဆိုပြီး (၄) မျိုး ရှိပါတယ်။ ဟော့ပေါ့အိုးကို တစ်ယောက်တစ်အိုး သီးသန့်ပေးပါတယ်။ 

စားသုံးချိန်ကတော့ (၂) နာရီ ကန့်သတ်ထားပါတယ်။ ဈေးနှုန်းတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။ 

လူကြီး - ၁၃,၀၀၀ ကျပ်

ကလေး -  89 cm အောက် (ဖရီး)

90 နဲ့ 100 cm ကြား - ၅,၀၀၀ ကျပ်

101 နဲ့ 120 cm ကြား - ၉,၀၀၀ ကျပ်

Wave Pay နဲ့ရောK Pay နဲ့ပါ ပိုက်ဆံရှင်းလို့ရပါတယ်။ % မပေးရပါဘူး။

ဆိုင်က အိမ်ဆိုင်ပုံစံလေးဆိုတော့ ကျယ်ကျယ်ဝန်းဝန်းတော့ မရှိပါဘူး။ ဒါပေမဲ့ ဆိုင်အပြင်အဆင်က သပ်သပ်ရပ်ရပ်နဲ့ ထိုင်လို့ကောင်းတဲ့ ပုံစံလေးပါ။ အဲကွန်းရော ပန်ကာပါ ရှိလို့ ချွေးထွက်ပြီး အလှပျက်မှာ စိုးရိမ်စရာ မလိုပါဘူး။

စက်တင်ဘာ (၁၆) ရက်နေ့ကနေ စပြီး ဘူဖေးစျေးက ၁၃,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်ကို ပြောင်းလဲ စျေးတက်ဖို့ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် စျေးမတက်ခင်လေးတဖြတ် အပြေးလေး သွားစားလိုက်ကြဦးနော်။ 

လိပ်စာ - အမှတ်(၂၄၇),ငုဝါလမ်း၊အလုံမြို့နယ်၊ရန်ကုန်မြို့။

အောက်ကြည့်မြင်တိုင်လမ်းမအနီး၊ ငုဝါဟော်တယ်အနား၊ ဝှိုက်တောမှတ်တိုင်

22/41/94/30/59/90/98 YBS တွေ ရောက်ပါတယ်။

ဖုန်း - 09799155559


Read 202 times.