Bars & Pubs

Budget ဆိုင်လည်းဖြစ် Double Promotion တွေလည်းပေးနေတဲ့ Native Kitchen

November 21, 2022

အခုပြောပြပေးမယ့် ဆိုင်လေးကတော့ coffee ဒိတ်မကြိုက်ဖူး Beer Date ‌ဒိတ်ပဲကြိုက်တဲ့ ဘော်ဒါတွေအတွက် Budget ဆိုင်လဲဖြစ်တဲ့ Native Kitchen ဆိုတဲ့ ဆိုင်ပဲဖြစ်ပါတယ်။

ဒီဆိုင်မှာဆိုရင် Special Package တွေနဲ့ အမြည်းကို အလှူပေးသလို စားချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

ရန်ကုန်တစ်မြို့လုံး ဘယ်မှာမှ မရနိုင်တဲ့ Menu တွေလဲ ရရှိမှာဖြစ်ပါတယ်။ ရရှိနိုင်တဲ့ Menu တွေကတော့ စကားပုံသုပ်၊ ဆိတ်အူကြမ်းတောချက်၊ Native အမဲနှပ်၊ ငါးငပိကင် အစရှိတဲ့ Special Menu တွေထဲက ရွေးချယ်စရာ အများကြီးရှိတဲ့အပြင် အရသာတွေကလည်း ပြောစရာမလိုလောက်အောင် ကောင်းပါတယ်။ 

Native Kitchen က Food Menu တွေအကုန်လုံးက အရသာကောင်းရုံတင်မကဘဲ ဈေးလည်း လုံးဝမကြီးဘူး ဆိုတော့ Budget ချွေတာချင်တဲ့ ဘော်ဒါတွေအတွက်တော့ ပိုအဆင်ပြေစေမှာပဲဖြစ်ပါတယ်။

ဒီဆိုင်ရဲ့ ပရိုမိုးရှင်း အစီအစဉ်လေးကတော့ နိုဝင်ဘာလ ၂၁ ကနေ ၃၀ ရက်နေ့ လကုန်အထိ 25% discount ပေးသွားမယ့်အပြင် အသောက်တစ်လိုင်းတွေ အတွက်လဲ Native ရဲ့ Drink Package တွေ အကုန်လုံးကို 10% off promotion လည်း ပေးသွားမှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် Native Kitchen မှာ နိုဝင်ဘာလကုန်အထိ ပေးထားတဲ့ ပရိုမိုးရှင်းလေးတွေအမီ သွားရောက်သုံးဆောင်ကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။

ဆိုင်လိပ်စာ - အမှတ် (၂)၊ တောင်ထိပ်ပန်းလမ်း၊ သုဝဏ္ဏ၊ The One Entertainment Park မျက်နှာချင်းဆိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
ဖုန်နံပါတ် - 09400080205

Fb Link >>> Native Kitchen


Read 322 times.