Cafes & Restaurant

အမှတ်တရကောင်းတွေကို ဖန်တီးနိုင်မယ့် ရန်ကုန်မြို့ရဲ့ အကောင်းဆုံး စားသောက်ဆိုင် (၅) ဆိုင်

December 16, 2020

အမှတ်တရဆိုတာက လူတိုင်းမှာ ရှိကြပါတယ်။ ဒါပေမယ့် လူတိုင်းမှာရှိတဲ့ အမှတ်တရတွေက အမျိုးမျိုးရှိတတ်ပါတယ်။ တချို့က အမှတ်တရတွေကို ဖန်တီးယူကြသလို တချို့က အမှတ်တမဲ့နဲ့ အမှတ်တရတွေ ဖြစ်နေပါတယ်။

အမှတ်တရတွေထဲမှာမှ တန်ဖိုးရှိတဲ့ အမှတ်တရတွေနဲ့ မေ့ပစ်ချင်တဲ့ အမှတ်တရတွေကလည်း ရှိနေတတ်ပါသေးတယ်။ တန်ဖိုးထားတဲ့ အမှတ်တရတွေကတော့ မိသားစု၊ ချစ်သူရည်စား၊ သူငယ်ချင်းတွေရဲ့ နှစ်ပတ်လည်နေ့တွေ၊ မွေးနေ့တွေ စသဖြင့် အမျိုးမျိုးသော နေ့တွေ ဖြစ်ပါတယ်။

ဒီလို အရေးကြီးတဲ့ နေ့ရက်တွေကို ချစ်ရတဲ့သူတွေနဲ့ Romantic ဆန်ဆန် အံ့ဩပျော်ရွှင်ပြီးတော့ ကောင်းမွန်တဲ့ အမှတ်တရတွေ မဖန်တီးချင်ဘူးလား?

အဆင့်မြင့်မြင့်နဲ့ ရန်ကုန်မြို့ထဲမှာလည်း ရှိရမယ် ဈေးနှုန်းလဲ တန်ပြီး Classic ဆန်ဆန်လေး အစားအသောက်ကောင်းတွေနဲ့ ဖြတ်သန်းချင်တဲ့ သူတွေအတွက် ထူးထူးခြားခြား အမှတ်တရနေ့တွေမှာ သွားရောက်ကုန်ဆုံးသင့်တဲ့ ရန်ကုန်မြို့ရဲ့ အကောင်းဆုံး စားသောက်ဆိုင် (၅)ဆိုင်ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Seeds Restaurant & Lounge

Seeds Restaurant & Lounge

Seeds Restaurant & Lounge က ရန်ကုန်မြို့ရဲ့ အကောင်းဆုံးစားသောက်ဆိုင် (၈၄၃)ဆိုင်ရဲ့ နံပါတ် (၁)နေရာ၊ ရန်ကုန်မြို့ရဲ့ အကောင်းဆုံး နိုင်ငံတကာ စားသောက်ဆိုင် (၄၅)ဆိုင်ရဲ့ နံပါတ် (၁)နေရာမှာ ရှိတဲ့ စားသောက်ဆိုင် တစ်ဆိုင်ဖြစ်ပါတယ်။ Rating အပြည့်ရထားပြီး နိုင်ငံခြား ခရီးသွား ဧည့်သည်တွေပါ ဆွဲဆောင်ထားနိုင်တဲ့ ဆိုင်ဖြစ်ပါတယ်။

SEEDS RESTAURANT & LOUNGE, Yangon (Rangoon) - Menu, Prices & Restaurant  Reviews - Tripadvisor

Seeds Restaurant & Loungeရဲ့ Price Range က မြန်မာငွေ ၃၄,၅၀၀ နဲ့ ၁၀၃,၅၀၀ ကြားမှာ ရှိပါတယ်။ ဆိုင်ဖွင့်ချိန်က မနက် (၁၁) နာရီကနေ ည (၁၁) နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပါတယ်။ အစားအသောက်တွေ အနေနဲ့ European အစားအစာတွေ အပြင် နိုင်ငံတကာ အစားအစာတွေလည်း ရရှိပါတယ်။

Menu >> Link

လိပ်စာ - အမှတ် 63A၊ ဦးထွန်းငြိမ်းလမ်း ရပ်ကွက် ၁၀၊ ရန်ကုန်မြို့။

ဖုန်း - 09 972 784841

The Market

THE MARKET, Yangon (Rangoon) - Restaurant Reviews, Photos & Phone Number -  Tripadvisor

ရန်ကုန်မြို့ရဲ့ ဒုတိယအကောင်းဆုံး စားသောက်ဆိုင် တစ်ဆိုင်လို့ ဆိုနိုင်ပြီး ဆိုင်ရဲ့ အပြင်အဆင်တွေက တစ်နိုင်ငံလုံးရဲ့ ဧည့်သည်တွေသာမက နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေကိုပါ ဆွဲဆောင်နေပါတယ်။ ရန်ကုန်မြို့ရဲ့ အကောင်းဆုံး စားသောက်ဆိုင် (၈၄၃)ဆိုင် အပြင် ရန်ကုန်မြို့ရဲ့ အကောင်းဆုံး နိုင်ငံတကာ စားသောက်ဆိုင် (၄၅)ဆိုင်ရဲ့ နံပါတ် (၂) နေရာ ရယူထားနိုင်တဲ ဆိုင်တစ်ဆိုင်လည်း ဖြစ်ပါတယ်။

THE MARKET, Yangon (Rangoon) - Restaurant Reviews, Photos & Phone Number -  Tripadvisor

ဆိုင်ဖွင့်ချိန်က နံနက် (၆)နာရီကနေ ည (၁၀)နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ ဆိုင်မှာ Asian အစားအစာတွေနဲ့ နိုင်ငံတကာ အစားအစာတွေလည်း ရရှိနိုင်ပါတယ်။ ဆိုင်ရဲ့ Price Range က (၃၄,၅၀၀ ကျပ်နဲ့  ၅၇,၉၆၀ ကျပ်) ကြားမှာ ရှိပါတယ်။

လိပ်စာ - ၁၉၂ ကမ္ဘာအေး ဘုရားလမ်း၊ ဒုတိယထပ်၊ Melia Yangon Hotel၊ ရန်ကုန်မြို့။

ဖုန်း -  01 934 5000 

Le Planteur

LE PLANTEUR, Yangon (Rangoon) - Menu, Prices & Restaurant Reviews -  Tripadvisor

ရန်ကုန်မြို့ အင်းယားကန်အနီးမှာ ရှိတဲ့ ၁၉၀၂ ခုနှစ် ရှေးဟောင်း အမွေအနှစ် အဆောက်အဦး မှာ တည်ရှိတဲ့ Le Planteur က ဆိုင်ရဲ့ အပြင်အဆင်၊ စိမ်းလန်းစိုပြေတဲ့ ရှူခင်းတွေကြောင့် နာမည်ကြီး လူကြိုက်များကြပါတယ်။

Welcome To The World Of Le Planteur! - Picture of Le Planteur, Yangon  (Rangoon) - Tripadvisor

ဈေးနှုန်းက အသင့်အတင့်ရှိတဲ့ အစားအသောက်ကောင်းတွေကို ဝန်ဆာင်မှုပေးပါတယ်။ Price Range (၂၄,၈၄၀ ကျပ်နဲ့ ၂၀၆,၉၉၉ ကျပ်)ကြား ရှိပါတယ်။ နာမည်ကြီး Wineအမျိုးမျိုးလည်း ရရှိပြီး Classic ဆန်ဆန် ညစာစားပွဲကို ဖန်တီးဖို့ အကောင်းဆုံး ဆိုင်တွေထဲက တစ်ဆိုင်ပါပဲ။

ဆိုင်ဖွင့်ချိန်က မနက် (၁၁)ခွဲကနေ ည (၁၁)ခွဲအထိ ဖွင့်လှစ်ပါတယ်။

Menu >> Link

လိပ်စာ - ၈၀ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 01 514 230

Le Cellier, Wine Bar & Restaurant

LE CELLIER, WINE BAR & RESTAURANT, Yangon (Rangoon) - Menu, Prices &  Restaurant Reviews - Tripadvisor

ရှူခင်းကောင်းကောင်းလေးနဲ့ Root top barမှာ ချစ်ရတဲ့သူတွေနဲ့ Dinnerကို Romantic ဆန်ဆန်လေး ဖြတ်သန်းချင်သူတွေ အတွက် ရန်ကုန်မြို့ရဲ့ Le Cellier, Wine Bar & Restaurant က သင့်ကို စောင့်ကြိုနေပါတယ်။

Price Range က (၂၇,၆၀၀ကျပ်နဲ့ ၉၈,၆၀၀ကျပ်)ကြား ရှိပြီး ဆိုင်မှာ ပြင်သစ်စာ၊ ဥရောပစာနဲ့ Wine Bar စတာတွေကို ဝန်ဆောင်မှု ပေးပါတယ်။ Meals အနေနဲ့ နေ့လည်စာနဲ့ ညစာ ရရှိပါတယ်။ ဆိုင်ဖွင့်ချိန်က နေ့လည် (၁၂)နာရီကနေ (၂)နာရီခွဲထိ တစ်ချိန်၊ ည (၆)နာရီကနေ (၁၀)နာရီခွဲထိ တစ်ချိန်ဆိုပြီး တစ်နေ့ (၂)ပိုင်းခွဲပြီး ဖွင့်ပေးပါတယ်။

LE CELLIER,WINE BAR & RESTAURANT Yangon. - Restaurants by Accor

Menu >> Link

လိပ်စာ - ပြည်လမ်း ၄၅၉၊ Novotel Yangon Max ဟိုတယ် ၁၄လွှာ၊ ရန်ကုန်မြို့။

ဖုန်း - 09 44408 8882

Shwe Sa Bwe

Shwe Sa bwe garden (dinner) - Picture of Shwe Sa Bwe, Yangon (Rangoon) -  Tripadvisor

Price Range (၂၇,၆၀၀ ကျပ်နဲ့ ၈၂,၈၀၀ကျပ်)ကြား ရှိတဲ့ Shwe Sa Bwe စားသောက်ဆိုင်က ဥရောပအစားအစာတွေနဲ့ ပြည်တွင်း ဧည့်သည်တွေ သာမက ပြည်ပ ဧည့်သည်တွေကိုပါ ဆွဲဆောင်ထားနိုင်တဲ့ ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။

SHWE SA BWE, Yangon (Rangoon) - Menu, Prices & Restaurant Reviews -  Tripadvisor

ပတ်ဝန်းကျင်ရဲ့ ရှူခင်းအလှတွေနဲ့ အတူ အစားအသောက်ကောင်းတွေကို စားသောက်နိုင်မှာ ဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ ပိတ်ရက်မရှိ ဖွင့်ပေမယ့် မနက် (၁၁)နာရီခွဲကနေ နေ့လည်(၂)နာရီထိ တစ်ကြိမ်၊ ညနေ (၄)နာရီ၄၅မိနစ် ကနေ ည (၁၀)နာရီခွဲထိ တစ်ကြိမ် ဖွင့်ပါတယ်။

Menu >> LInk

လိပ်စာ - ၂၀ မလိခလမ်းမ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 09 42100 5085

By The Myanmar Restaurant Guide

Credit Photo : tripadvisor


Read 872 times.