Bars & Pubs

ငွေ ၂၀၀ ကျပ်ထဲနဲ့ ပျားရည်ဆမ်းကြက်ကြော် တစ်ပွဲစားရမယ့် ပရိုမိုးရှင်း

September 22, 2022

ခုပြောပြမယ့်ဆိုင်ကတော့ ပြည်သာယာလမ်းမပေါ် (သုဒဿနလမ်းထိပ်) မှာရှိတဲ့ "Drunk Story Bar & Grill" ဆိုတဲ့ bar ပဲဖြစ်ပါတယ်။ 

 

Promotion အစီစဉ်က ၂၀၀ ကျပ်တန်တစ်ရွက်ထဲနဲ့ ပျားရည်ဆမ်းကြက်ကြော် တစ်ဝိုင်းကို တစ်ပွဲ စားရမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ 

၂၂.၉.၂၀၂၂ (ကြာသပတေးနေ့) တစ်ရက်ပဲရမှာပါ။ ပွဲရေအကန့်အသတ်မရှိပေးတာဖြစ်လို့  ၂၀၀ ကျန်တန်ပေးမှ ဒီပရိုမိုးရှင်းကို ရမှာဖြစ်ပါတယ်။ အမြည်းတွေကလည်း ဈေးသက်သာပါတယ်။

ပြတ်တုန်းလတ်တုန်း ၂၃ ရောက်ခါနီးပြီဆိုပေမယ့် ဘီယာ ၃+၁ ပရိုမိုးရှင်းလည်း ရှိနေသေးပါတယ်။

ဘီယာအေးအေးလေးနဲ့ ပျားရည်ဆမ်းကြက်ကြော်လေး တွဲပြီး ဖြတ်သန်းဖို့ ၂၀၀ တန်တစ်ရွက်နဲ့ ဘီယာဖိုးပဲဆောင်လာခဲ့ပြီး Drunk Story Bar & Grill ဆိုတဲ့ bar မှာ Chill  လို့ရအောင် လမ်းညွှန်ပေးလိုက်ပါတယ်။


ဆိုင်လိပ်စာ - အမှတ် ၃၅၃၊ ပြည်သာယာလမ်းမပေါ် (သုဒဿနလမ်းထိပ်)၊ သင်္ဃန်းကျွန်း။
ဖုန်းနံပါတ် - 09266693600

Fb Link >>> Drunk Story Bar & Grill

MyanmarRestaurantGuide


Read 365 times.