Healthy Food

ပေါင်မုန့်စားခြင်းကနေရမယ့် အကျိုးကျေးဇူးများ

November 22, 2021

အတော်များများနေ့တိုင်းစားနေကြတဲ့ ပေါင်မုန့်မှာကောင်းကျိုးတွေအများကြီးရှိတယ်ဆိုတာသိလား
ပေါင်မုန့်ဆိုတာ အနောက်တိုင်းကနေစပြီးစစားခဲ့တယ်ဆိုပေမယ့် 
အဆာပြေဖြစ်ဖြစ်,မနက်စာပဲဖြစ်ဖြစ်အဆင်ပြေတဲ့အချိန်စားလို့ရတဲ့အတွက်
အခုဆိုရင်တစ်ကမ္ဘာလုံးမှာ တွင်တွင်ကျယ်ကျယ်စားသုံးနေကြပြီဖြစ်ပါတယ်။

ဒါဆိုကိုယ်စားနေတဲ့ပေါင်မုန့်လေးတွေကနေ ဘာအကျိုးကျေးဇူးရနိုင်လဲသိထားသင့်တာပေါ့
လတ်လတ်ဆတ်ဆတ်ပေါင်မုန်လေးတွေစားတဲ့အခါ ရလာမယ့်ကောင်းကျိုးလေးတွေကတော့ 
​ပေါင်မုန့်ဖြူတွေက ကယ်ဆီယမ်ပါဝင်တာကြောင့် တစ်နေ့တာ ၃-၄ ချပ်စားရုံနဲ့
အရိုးအဆစ်နဲ့သွားတွေအတွက် လိုအပ်တဲ့တစ်နေ့တာကယ်ဆီယမ် ပမာဏလုံလောက်ပါတယ်။

ပေါင်မုန့်တွေကအဆီနည်းတဲ့ ပရိုတင်းအဓိကအရင်းမြစ်ဖြစ်တာကြောင့် ခန္တာကိုယ်ကြီးထွားမှု
အသစ်ပြန်လည်တည်ဆောက်တဲ့အပိုင်းတွေနဲ့ ခန္တာကိုယ်ပြောင်းလဲမှုတွေမှာအရေးပါပါတယ်။

သံဓာတ်လည်းပါတဲ့အတွက် အာရုံစူးစိုက်မှုပိုကောင်းပြီး သွေးအားကောင်းစေပါတယ်။

ပေါင်မုန့်မှာ Vitamin B1,B3 တွေလည်းပါတဲ့အတွက် ဆံပင်၊အသားအရည်နဲ့
လက်သည်းခြေသည်းတွေကိုလည်း အားကောင်းစေပါတယ်။

ဒါဆိုပေါင်မုန့်စားတာကနေရမယ့် ကောင်းကျိုးတွေသိသွားပြီလို့ထင်ပါတယ်။


Read 1159 times.