Eating Tips

အသင့်စား ခေါက်ဆွဲထုပ်တွေကို ရေရှည်စားသုံးမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ?

December 9, 2020

အလုပ်များလို့ ပြင်ဆင်ချက်ပြုတ်ဖို့ အချိန်မပေးနိုင်ကြတဲ့ အခါမျိုးမှာဆိုရင် လူအများစုဟာ အချိန်သိပ်ပေးစရာမလိုပဲ အလွယ်တကူ ချက်ပြုတ်နိုင်တဲ့ အသင့်စား ခေါက်ဆွဲထုပ်တွေကို အလွယ်တကူ ပြုတ်ပြီး  စားသုံးလေ့ရှိကြပါတယ်။

ခေါက်ဆွဲပြုတ်ကို တစ်ခါတစ်လေ စားသုံးတာက ကိစ္စမရှိပေမယ့် အမြဲတမ်းနီးပါး စားသုံးနေမယ်ဆိုရင်တော့ သတိထားစရာ အချက်ဖြစ်နေပါပြီ။အသင့်စား ခေါက်ဆွဲပြုတ်ကို ရေရှည်စားသုံးရင်ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာကို The Myanmar Resturant Guide ကနေ အသေးစိတ် ပြောပြပေးသွားပါမယ်။

ပုံမှန်အစားအစာ‌ထက် အငန်ဓာတ်လွန်ကဲခြင်း

အသင့်စားခေါက်ဆွဲခြောက်တွေမှာ ဆိုရင် ဆိုဒီယမ်နဲ့ ကာဘိုဟိုက်ဒြိုက် ဓာတ်များစွာ ပါ၀င်တဲ့အတွက် ရေရှည်စားသုံးမယ်ဆိုရင်တော့ သွေးတိုးရောဂါနဲ့ အ၀လွန်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ခေါက်ဆွဲခြောက်ထုပ်တွေမှာ ပုံမှန်စားသုံးနေတဲ့ အစားအစာတွေလို ဗီတာမင်ဓာတ်တွေလည်း  ပါ၀င်မှု မရှိပါဘူး။

အစာ‌‌ချေစနစ်ကို နှောင့်နှေးစေခြင်း

အသင့်စား ခေါက်ဆွဲထုပ်တွေဟာ တာရှည်ခံအောင် ပြုလုပ်ထားတဲ့အတွက် အစာအိမ်ထဲမှာ အစာချေဖြတ်နှုန်းဟာလည်း ပိုမိုနှေးကွေးပါတယ်။ပုံမှန်ခေါက်ဆွဲတစ်ပွဲကို စားသုံးမယ်ဆိုရင် စားသုံးပြီးပြီးချင်းမှာ အစာချေဖို့အတွက် ကြာချိန်က (၂)နာရီ ဖြစ်ပြီး အသင့်စားခေါက်ဆွဲကို စားသုံးမယ်ဆိုရင် စားပြီး( ၂) နာရီအကြာမှ အစာချေဖြတ်နိုင်မှာ ဖြစ်ပါတယ်။

ဖျားနာလွယ်ခြင်း

လေ့လာချက်တွေအရ တစ်ပတ်ကို နှစ်ကြိမ်အထက် အသင့်စား ခေါက်ဆွဲခြောက်တွေကို စားသုံးတဲ့ အမျိုးသမီးတွေဟာ ဆီးချိုရောဂါနဲ့ နှလုံးရောဂါတွေကို ပိုမိုခံစားရလေ့ရှိပြီး မကြာခဏ ခေါင်းကိုက်ခြင်းနဲ့ မူးဝေခြင်းတို့ကို ပိုမိုခံစားရနိုင်ပါတယ်။ပိုပြီးတော့လည်း ‌ဖျားနာလွယ်တာကိုလည်း တွေ့ရှိရပါတယ်။

အမြင်အာရုံ ဝေဝါးလာခြင်း

အသင့်စား ခေါက်ဆွဲခြောက်တွေမှာ ပါ၀င်တဲ့ တာရှည်ခံအောင်ပြုလုပ်ထားတဲ့ ဓာတုဆေးဝါးတွေ ပါ၀င်တဲ့အတွက် ရေရှည်စားသုံမယ်ဆိုရင် အမြင်အာရုံဝေဝါးလာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပဲ တစ်ခါတစ်ရံစားသုံးရင် ကိစ္စမရှိပေမယ့် ရေရှည်စားသုံးမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေကို ဖြစ်လာစေနိုင်ပါတယ်။

ဒါ့ကြောင့် အချိန်ကလည်း သိပ်မရဘူး။ခေါက်ဆွဲခြောက်ကိုလည်း စားရတာ သဘောကျတယ်ဆိုရင်တော့ ခေါက်ဆွဲခြောက်ကို နှစ်ခါပြုတ်ပါ။(ပထမပြုတ်တဲ့ ခေါက်ဆွဲပြုတ်ရေကို သွန်ပစ်ပါ။)

ခေါက်ဆွဲခြောက်ထုပ်မှာ ပါ၀င်တဲ့ ရသာမှုန့်ကိုမသုံးပဲ အသီးအရွက်တွေများများထည့်ပြီး စားသုံးပါ။ဒါဆိုရင်တော့ အသီးအရွက်မှာ ပါ၀င်တဲ့ ပရိုတင်းဓာတ်တွေဟာ အစာချေစနစ်ကို ပုံမှန်ဖြစ်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

Stay home နေရင်း ခေါက်ဆွဲထုပ်တွေ အများကြီးစားမယ်ဆိုရင် ဒီလိုမျိုးတွေ ဖြစ်တက်တော့ ခေါက်ဆွဲထုပ်တွေ အရမ်းစားတက်တဲ့ ဘော်ဒါတွေ ရှိရင် သတိထားစားဖို့အတွက် လက်တို့ပြော ပြလိုက်ကြပါအုံးနော်။

Ref:Brightside.me


Read 1303 times.