Bars & Pubs

အနောက်တိုင်းဆန်တဲ့ အငွေ့အသက်တွေကို ခံစားရစေမယ့် ရန်ကုန်နဲ့မဝေးတဲ့ ဘားလေးတစ်ခု

December 8, 2020

အခုလိုကိုဗစ်ကာလမှာ ဘားနဲ့ဝေးနေတဲ့သူတွေအတွက် ကိုဗစ်ပြီးသွားရင် သွားဖို့အတွက် နေရာကောင်းလေး တစ်ခုကို ပြောပြပေးချင်ပါတယ်။

လက်ရှိအနေအထားမှာ ကိုဗစ်အခြေအနေကြောင့် Lockdown တွေချ ၊ Stay Home တွေ ပြုလုပ်နေရပေမယ့် ကိုဗစ်ကြီးနဲ့ ဝေးတဲ့ တစ်နေ့ကျရင်တော့ အရင်လို စည်ကားတဲ့ နေ့ရက်လေးတွေ ပြန်ရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။

အဲ့လိုနေ့မျိုးလေးရောက်တဲ့အခါကျရင် သွားဖို့အတွက် ရန်ကုန်နဲ့လည်း သိပ်မဝေးလှတဲ့နေရာလေးမှာ ရှိတဲ့ အနောက်အတိုင်းအငွေ့အသက်လေးတွေကို ခံစားရစေမယ့် ဘားလေး တစ်ခုအကြောင်းကို  ပြောပြပေးသွားပါမယ်။

အဲ့ဒီဘားလေးရဲ့ နာမည်ကတော့ At The 10th - Bondi လို့ခေါ်ပါတယ်။အနောက်အတိုင်းဆန်တဲ့ အငွေ့အသက်တွေ ဖြစ်တဲ့ ဘီလိယက်ခုံလေးတွေ၊ မြက်ခင်းစိမ်းကျယ်ကျယ်လေးတွေအပြင် ဂေါက်ကွင်းလည်းရှိတဲ့အတွက် အားလပ်ရက်မျိုးမှာဆိုရင် အေးအေးဆေးအနားယူပြီး Chilling လုပ်ဖို့အတွက် အသင့်တော်ဆုံး ဖြစ်မှာပါ။

နေရာကျယ်ကျယ်ဝန်းဝန်းရှိတဲ့ အတွက် သူငယ်ချင်းအုပ်စုလိုက်ကြီး ပျော်ချင်ရင်ပဲ ဖြစ်ဖြစ်၊ ဂေါက်ရိုက်ပြီး ဘော်ဒါတွေနဲ့ပဲ ပျော်ပျော်၊ ညနေပိုင်းမှာ နေ၀င်ဆည်းဆာနဲ့အတူ ချစ်ရတဲ့သူနဲ့ ပျော်ရွှင်စရာအချိန်လေးကို ဖြတ်သန်းတာပဲ ဖြစ်ဖြစ် အဆင်ပြေနေစေမှာပါ။

ဘားမှာဆိုရင် သောက်စရာအနေနဲ့က ဘီယာ၊ ကော့တေးအပြင် စုံလင်တဲ့  ၀ိုင်အမျိုးအစား များစွာလည်း ရှိပါတယ်။အစားအသောက်အနေနဲ့က Snacks၊ Wraps & Fries ၊ Pasta Dishes စတဲ့ အနောက်အတိုင်းအစားအစာ တော်တော်များများကို ရရှိမှာ ဖြစ်ပြီး ဆိုင်ရဲ့ အထူး Menu ကတော့ ဘာဂါနဲ့ ပီဇာ ဖြစ်ပါတယ်။

ညပိုင်းဆိုရင် မီးရောင်ဖျော့ဖျော့လေးတွေနဲ့ အတူ အနောက်တိုင်း သီချင်းလေးတွေနဲ့ Nightlight ပုံစံလေးကို ကုန်ဆုံးလို့ရမှာ ဖြစ်ပြီး နေ့လည်ခင်းလေးမှာ နေရာကျယ်ဝန်းလှတဲ့ ဆိုင်ပတ်ဝန်းကျင်မှာ စိတ်ကြိုက် ဓာတ်ဖမ်းနိုင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံလှလှလေးတွေ ရိုက်ပြီး အမှတ်တရကောင်းလေးတွေကို ဖန်တီးချင်တာပဲ ဖြစ်ဖြစ်၊ အနားယူပြီး ပျော်ရွှင်စရာလေးတွေကို ချစ်ရတဲ့သူတွေနဲ့ ဖြတ်သန်းချင်တာပဲ ဖြစ်ဖြစ် မြို့ပြလို လူမထူထပ်တဲ့အတွက် သာယာတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်စေနိုင်မှာ အမှန်ပါပဲ။

At the 10th- Bondi ကတော့ သန်လျင်တံတားအဆင်းက Star City ထဲမှာ တည်ရှိနေတာ ဖြစ်ပြီး၊ ပန်းလှိုင်ဂေါက်ကွင်းနဲ့ ကပ်ရပ်မှာ ရှိတာဖြစ်ပါတယ်။

ဆိုင်နဲ့ပက်သက်ပြီး အသေးစိတ် မေးမြန်းချင်တယ်ဆိုရင်တော့
၎င်းတို့ရဲ့ ဖုန်းနံပါတ် ဖြစ်တဲ့ >>> 09 977 233690 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

ဘားကောင်းကောင်းလေးတွေကိုမှ  သဘောကျတဲ့ ဘော်ဒါတွေအနေနဲ့  ကိုဗစ်ပြီးသွားရင် ကိုယ်နဲ့အတူ ဘားသွားချင်တဲ့ ဘော်ဒါတွေ ရှိရင် Mention ခေါ်ကြပါအုံး။

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဘားတွေရဲ့ ဖုန်းနံပါတ်နဲ့ လိပ်စာ အပြည့်အစုံကို အောက်ပါလင်ခ့်မှာ ရှာဖွေနိုင်ပါတယ်။

>https://bit.ly/2IoFolc


Read 828 times.