Up to 40% OFF

ကိတ်မုန့် အလွယ်လုပ်နည်း

January 13, 2020

City Mart မှာ ဝယ်လို့ရတဲ့ ကိတ်မုန့် အဆင်သင့်လုပ်စရာ အမှုန့် Instant cake mix တွေမှာပါတဲ့ instruction တွေအတိုင်းလဲ လိုက်လုပ်လို့ရပါတယ်။

 

လိုအပ်သည့်ပစ္စည်းများ ...
===================

ကြက်ဥ                                                   - ၃ လုံး

ရေ                                                        - လက်ဖက်ရည်ပန်းကန် ၄ လုံး (ရေ၄ လုံးက နမူနာပြောတာပါ။ ရေကတော့ ကိတ်မုန့် အဆင်သင့် အမှုန့်အထုတ်မှာပါတဲ့ အညွှန်းအတိုင်းသုံးရမှာပါ)

ကိတ်မုန့်လုပ်ရန် အဆင်သင့်အမှုန့်                 - ၁ ဗူး (နှစ်သက်ရာ အရသာကို city mart မှာဝယ်လို့ရပါတယ်။ Instant cake mix လို့ ရေးထားပါတယ်။)

ထောပတ်အဆီ (သို့) ဆီ                                    - လက်ဖက်ရည်ပန်းကန် ၃ ပုံ ၁ပုံ

ကိတ်မုန့်တွင်း ထည့်လို့ကထည့်ရန် စပျစ်သီးခြောက်၊ ကျောက်ဖရုံယို သီဟိုဠ်စေ့ စသည် အနည်းငယ်။

……………

ပြုလုပ်ပုံ အဆင့်ဆင့်
================

၁. ကိတ်မုန့်လုပ်မည့် အမည်များ ထည့်မွှေရန် ဇလုံ သို့မဟုတ် ပန်းကန်လုံး ကြီးကြီးထဲကို ကိတ်မုန့်လုပ်တဲ့ အမှုန့် ထည့်ပါ။

၂. ကြက်ဥ သုံးလုံးကို သမအောင်မွှေပြီး အမှုန့်ထဲကို ရောထည့်ပြီး မွှေပါ။ ကြက်ဥများ သမလာရင် ထောပတ် (သို့) ဆီကို ထည့်ပြီး နာနာမွှေရပါမယ်။

၃. ကြက်ဥနဲ့ ထောပတ် မွှေထားတာထဲမှာ အမှုန့်ကို ဖြည်းဖြည်းချင်းစီထည့်ပြီး မွှေရပါမယ်။ ကိတ်မုန့်လုပ်တာမှာ သုံးတဲ့ မွှေတဲ့စက်ရှိရင် စက်နဲ့မွှေပါ။ မရှိရင်တော့ လက်နဲ့ပဲ သေချာနယ်ရပါမယ်။

၄.ရေကိုလည်း နည်းနည်းချင်းထည့်မွှေပါ။

(အဲ့လို မွှေတဲ့အခါ အမှုန့်တွေကို အကုန် သမပြီး အနှစ်တွေဖြစ်အောင် မွှေရပါမယ်။ အမှုန့်တွေမှာလေခိုပြီး အလုံးသေးသေးလေးတွေဖြစ်တာတွေကို ပျောက်တဲ့အထိ မွှေရပါမယ်။)

၅. အကုန် သမ သွားပြီဆိုရင်တော့ ကိတ်မုန့်ဖုတ်မယ့် ပုံစံခွက်ကို ဆီ ဒါမှ မဟုတ် ထောပတ်နဲ့ သုတ်ရပါမယ်။ အဲ့ဒီထဲကို အစောက ရောမွှေထားတဲ့ ကိတ်မုန့်အနှစ်တွေကို ထည့်ပါ။ မျက်နှာပြင်ကို ညီညီညာညာလေး ပြုပြင်ပြီးရင် ကိုယ်ထည့်ချင်တဲ့ စပျစ်သီးခြောက် စတာတွေကို အပေါ်ကနေ ဖြူးလို့ရပါတယ်။ Fruit cake လုပ်မယ်ဆိုရင်တော့ စပျစ်သီးခြောက် စတာတွေကို တခါတည်း ထည့်နယ်ပါတယ်။

၆. မုန့်ဖုတ်ဖို (oven) ကို အရင် ကြိုပြီး အပူပေးရပါမယ်။ ပြီးရင်တော့ ကိတ်မုန့်နှစ်ထည့်ထားတဲ့ ပုံစံခွက်ကို ထည့်ပြီး အပူချိန် ၃၅၀ ဒီဂရီစင်တီဂရိတ်နဲ့ ၂၅ မိနစ်ကနေ မိနစ် ၃၀ အထိ ထည့်ဖုတ်ရပါတယ်။

၇. မုန့်ကျက်လောက်ပြီဆိုရင် အလယ်တည့်တည့်ကနေ တူလေးတချောင်းနဲ့ သာသာထိုးကြည့်ပါ။ အကယ်လို့ တူအဖျားမှာ မုန့်နှစ်အစိမ်းတွေ ကပ်ပါလာနေသေးရင်တော့ oven ထဲ ၃ မိနစ်လောက်ထပ်ထည့်ဖုတ်ဖို့ လိုပါလိမ့်မယ်။ တူကို ဆွဲထုတ်လိုက်တဲ့အခါ တူအဖျားမှာ ဘာမှ ကပ်မပါလာတော့ဘူးဆိုရင်တော့ ကိတ်မုန့်ရပါပြီ။ သူ့ကို ၁၀ မိနစ်လောက် အအေးခံ ထားလိုက်ပါ။

ပုံစံခွက်ထဲက ထုတ်ပြီးပြီဆိုရင်တော့ ကိတ်မုန့်အပေါ်မှာ ကြိုက်နှစ်သက်ရာ cream, icing တွေနဲ့ အလှအပဆင်ပြီး စားလို့ရပါပြီ။
 


Read 4563 times.