Up to 40% OFF

ကိုရီးယားစတိုင်လ် ကြက်ဥလိပ်

November 28, 2019

ကိုရီးယားဆိုင်သို့ သွားရောက်စားသောက်စရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ကလေးအများစုကြိုက်နှစ်သက်တဲ့ ကိုရီးယားစတိုင်လ် ကြက်ဥလိပ်ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။


လိုအပ်တဲ့အမယ်များကတော့ ......

_ ကြက်ဥ၊

_ ကြက်သွန်မြိတ်၊

_ မုန်လာဥနီ၊

_ ဝက်အူချောင်း၊

_ ဆား၊

_ ဆီ တို့ လိုအပ်ပါမယ်။


ပြုလုပ်နည်း

========

ပထမဆုံး ကြက်ဥကို ခွက်တစ်ခုထဲ ခွဲထည့်ပြီး ဖောက်ထည့်ပါ။ ပြီးနောက် ဆားထည့်ပြီး မွှေပေးထားပါ။ ယင်းမွှေထားသောခွက်ထဲသို့ ကြက်သွန်မြိတ်၊ မုန်လာဥနီ၊ ဝက်အူချောင်းတို့ ကိုထည့်ပြီး ထပ်မွှေပေးပါ။


ကြက်ဥကြော်ဖို့အတွက် ဒယ်အိုးပြားကို မီးဖိုပေါ်တင်ပြီး ဆီကို အနည်းငယ်ပဲထည့်လိုက်ပါ။ ဆီအရမ်းများနေရင် ကြက်ဥက လိပ်လို့ မရသည့်အတွက်ကြောင့်ဖြစ်ပါတယ်။


ဆီကျက်ပြီဆိုရင် မွှေထားသော ကြက်ဥကို ထည့်လိုက်ပါ။ ကြက်ဥကို ထည့်ပြီးလျှင် အိုးထဲမှာ ကြက်ဥကို ဖြန့်လိုက်ပါ။ မီးကို အနေတော်လေးပဲထားပါ။


ကြက်ဥကြက်ပြီဆိုရင် ဂေါ်ပြားနဲ့ ကြက်ဥကို လိပ်လိုက်ပါ။ ကြက်ဥလိပ်ပြီးသွားရင် မီးဖိုပေါ်မှ ဒယ်အိုးကို ချလိုက်ပါ။ အနည်းငယ်အေးရင်တော့ ကြက်ဥလိပ်ကို အနေတော်လေးတွေလှီးလိုက်ပါ။


ပြီးရင်တော့ ကလေးများအကြိုက်တွေ့စေမည့် ကိုရီးယားကြက်ဥလိပ်များကို အသင့် သုံးဆောင်နိုင်ပါတယ်။


Read 496 times.