Up to 40% OFF

သခွားသီးသုပ် ကို စတိုင်လ်တစ်မျိုးလေး သုပ်စားမယ် ...

November 1, 2019

ဒီတစ်ခါ သခွားသီးကို ပုံစံတစ်မျိုးသုပ်စားနဲ့ သုပ်စားလို့ရမဲ့ နည်းလမ်းလေးပြောပြ ပေးမယ်နော်.. ပုံမှန်သခွားသီးသုပ်လေးတွေ စားဘူးပေမယ့် အရသာ ပုံစံတစ်မျိုးနဲ့ ရခိုင်သခွားသီးသုပ်လေးကို သုပ်စားကြရအောင်ပါ..
..

ကိုယ်တိုင်သုပ်စားမယ်ဆိုရင် လွယ်ကူစွာ ပြုလုပ်နိုင်သေးတယ်...

 

ဒါဆိုရင် ကိုယ်တိုင်ပြုလုပ်ကြည့်ရအောင် ..


ပါဝင်ပစ္စည်းများ
=========

# ငရုပ်သီးစိမ်းလှော်/ မီးကင် (အစပ်စားနိုင်သလောက်ပဲ မှန်းထည့်ပေးပါ)

# မျှင်ငါးပိ မီးကင်

# ဆား

# ရေပုဇွန်ခြောက်မှုန့် (ဟင်းချိုမှုန့် အစားသုံး)

# ရေပုဇွန်ခြောက်အကောင်သေး (သို့မဟုတ်) ပုဇွန်အကောင်သေးသေး

# သခွားသီး

# ပင်စိမ်းပင် / နံနံပင်

# ကြက်သွန်နီ

# သံပုရာသီး

စတဲ့ အမယ်လေးတွေလိုပါမယ်...


ပြုလုပ်နည်း
======

။။။။ ငရုပ်သီးစိမ်းလှော်/မီးကင် ၊ မျှင်ငါးပိ မီးကင် ၊ ဆားအနည်းငယ် ၊ ရေပုဇွန်ခြောက်မှုန့် စသည်တို့ကို ရောပြီးထောင်းပေးပါ။


။။။။ သခွားသီးလေး ခြစ်ထားပေးပါ။ကြက်သွန်နီလေးကိုတော့ ပါးပါးလေးလှီးထားပါ။သံပုရာသီးကိုလည်း ခြမ်းထားပေးပါ။


။။။။ ရောထောင်းလို့ ရလာတဲ့ အနှစ်လေးကို သခွားသီးခြစ် ၊ ရေပုဇွန်ခြောက်အကောင်သေး (သို့မဟုတ်) ပုဇွန်အကောင်သေးသေး ၊ ကြက်သွန်နီ တို့ဖြင့် ရောထည့်ပေးပါ။


။။။။ ရောထည့်ထားသော အရောထဲသို့ သံပုရာသီးကို ညှစ်ထည့်ဖြန်းပြီး အားလုံးကို သမအောင်နယ်ပေးပါ။


။။။။ ပင်စိမ်းပင် (သို့မဟုတ်) နံနံပင်းလေးကြိုက်နှစ်သက်သူတွေဆိုရင်တော့ အပေါ်မှ အုပ်ထားပေးပါ။

ဒီလိုဆိုရင်တော့ အနံ့မွှေးမွှေးလေး နဲ့ စားချင်စဖွယ် ရခိုင်သခွားသီးသုပ်လေး ရပါပြီ။ချဉ်ငံစပ်ရခိုင်သခွားသီးသုပ်လေးကို ကိုယ်တိုင်လွယ်ကူစွာ စားသောက်နိုင်ပါပြီ။
REF #KyaukPhruThu


Read 665 times.