Eating Tips

၆,၅၀၀ ကျော်ရှိသော ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များ ...

October 31, 2019

“ ၆,၅၀၀ ကျော်ရှိသော ရန်ကုန်မြို့ရှိစားသောက်ဆိုင်များ “
 -------------------------------------------------------------------

မြို့ပြမွန်းကျပ်မှုများအကြား ရုန်းကန်လှုပ်ရှားနေရသူများအတွက် စားသောက်မှုပုံစံက အိမ်တွင် ချက်ပြုတ်စားသောက်သည့် အလေ့အထမှသည် စားသောက်ဆိုင်များဆီသို့ ဦးလှည့်ကြကုန်ပြီဖြစ်တယ်။စီးပွားရေး တံခါးပွင့်စအချိန်တွင် မြန်မာ့ခံတွင်းက တရုတ်၊ အိန္ဒိယ အစားအစာမှသည်  ကိုရီးယား၊ ဂျပန် ၊အလယ်ဥရောပနှင့် မက္ကဆီကန်အစားအစာများအထိ ခြေဆန့်လာကြပါတယ်။ စားသောက်ဆိုင်လုပ်ငန်းများသည် နှစ်စဉ်တိုးတက်များပြားလာသလို၊ နိုင်ငံရပ်ခြားမှ လုပ်ငန်းများ လာရောက်ရင်းနှီးမြုပ်နှံမှုများ ၊ Franchise လုပ်ငန်းများ စသဖြင့် ပိုမိုများပြားတိုးတက်လာခဲ့ပါတယ်။ဤသို့ဤနှယ်ဖြင့် လိုအပ်သည့်ဈေးကွက်ကို ဖြည့်ဆည်းရင်း အခြားတစ်ဖက်တွင်လည်း စားသောက်ဆိုင်လုပ်ငန်းများမှာ အပြိုင်းအရိုင်းပေါ်ထွက်လျက်ရှိနေခဲ့ပါတယ်။

စားသောက်ဆိုင်အကြောင်း
==================

စားသောက်ဆိုင်ဟူသည် စားသုံးသူများကို အစားအစာ၊ သောက်သုံးဖွယ် ၊ အချိုပွဲ စသည်တို့ကို တည်ခင်းဧည့်ခံသော နေရာဖြစ်ပါတယ်။ အဆင်သင့် အလွယ်တကူစားသောက်နိုင်သည့် နေရာမျိူးပေါ့။ စားသောက်ဆိုင်ဟာ စားသုံးသူများအတွက် စားစရာနှင့် သောက်စရာများကို ဝင်ငွေရရှိဖို့ အတွက်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်။လာရောက်လည်ပတ်သူများက ဒေသခံအစားအစားများကို မြည်းစမ်းနိုင်ရန်၊လည်ပတ်စရာနေရာများကို လှည့်လည်ကြည်ရှု့စဉ် နားနေရန်၊ ကျန်မာရေးကိစ္စများဖြေရှင်းရန်နှင့် စားသောက်ရန်နေရာများပေးသည့် အတွက် ခရီးသွားလုပ်ငန်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။

စားသောက်ဆိုင်များတွင် Take away (ပါဆယ်ယူခြင်း)နှင့်အတူ Delivery Servies များလည်းရရှိနိုင်ပါတယ်။ဈေးနှုန်းကြီးမားသော ဆိုင်များ၊ အလယ်အလတ်တန်းစားဆိုင်များ၊ ဈေးသက်သာသောဆိုင်များ စသဖြင့် အမျိုးအစားများစွာရှိပါတယ်။အနောက်နိုင်ငံများတွင်တော့ အလယ်လတ်တန်းစားနှင့် အဆင့်မြင့် စားသောက်ဆိုင်များတွင် Alcohol ၊ Beer and Wine ကဲ့သို့သော အရာများပါဝင်ကြပြီး အချို့ဆိုင်များတွင်တော့ နံနက်စာ၊ နေ့လည်စာ၊ ညစာ များကိုသာ ရောင်းချပေးခြင်းဖြစ်ပါတယ်။ နံနက်စာတစ်မျိုးကိုသာ ရောင်းချသောဆိုင်များလည်း ရှိပါသေးတယ်။စားသောက်ဆိုင်များကို အဓိကအားဖြင့် (ပင်လယ်စာ၊သက်သက်လွတ်စာ၊အကင်အစားအစာ၊ရိုးရာ အစားအစာများ) ၊ (အီတလီ၊ပြင်သစ်၊ဂျပန်၊ တရုတ် အစားအစားများ)၊ စသဖြင့် အမျိုအစားများစွာခွဲခြားသတ်မှတ်ထားကြပါတယ်။

ခုချိန်ခါတွင် အီတလီအစားအစာများဖြစ်ကြတဲ့ စပါကတီ၊ ပီဇာတို့လို အစားအစာတွေ၊ ကိုရီးယားပဲခေါက်ဆွဲ၊ ထမင်းလိပ်၊ ဂျပန်အစားအစာ ဆူရှီ အစရှိသည့် ခေတ်အကြိုက် စုံလင်လှတဲ့နိုင်ငံခြား စားသောက်ဆိုင်များ ပေါ်ပေါက်လာသကဲ့သို့ပင် ကချင်၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းရင်းသားအစားအစာ ရောင်းချသည့်ဆိုင်များမှာလည်းခေတ်နဲ့အညီ  ပေါ်ထွက်လာလျက်ရှိနေပါတယ်။


စားသောက်ဆိုင် ခေတ်သစ်တစ်ခုသို့ ကူးပြောင်းရောက်ရှိနေပြီဖြစ်ပါတယ်။အပြိုင်းအရိုင်းပေါ်ထွက်လာသော စားသောက်ဆိုင်များတွင် တရုတ်နှင့် ကိုရီးယားခေါက်ဆွဲဆိုင်များ၊ စွပ်ပြုတ်ဆိုင်၊ မာလာရှမ်းကော၊ ဟော့ပေါ့ဆိုင်တို့လည်းအပါအဝင်ဖြစ်ပါတယ်။ဒါ့အပြင် မြန်မာစာ၊ ပင်လယ်စာဆိုင် တို့ကိုလည်းမေ့ထားလို့မရပါဘူး။


စားသောက်ဆိုင် သမိုင်းကြောင်း
=====================
၁၈ရာစုကုန်သည်ထိ ယနေ့ခတ်ပုံစံ စားသောက်ဆိုင်များ မထွန်းကားသေးပါ။စားပွဲထိုး၊ special menu ၊နေရာထိုင်းခင်းများဖြင့် အဆင့်သင့် စားသောက်နိုင်ခြင်း တို့သည် များမကြာမှီက မှ ထွန်းကားလာခြင်းဖြစ်သည်ဟု သမိုင်းကြောင်းအရသိရှိရပါတယ်။၁၈ရာစုမှာ အစားအစာများမှာယူနိုင်ရန် နေရာတစ်ခုအတွက် ပထမဆုံးစကားလုံးကို အသုံးပြုခဲ့ကြတယ် လို့လဲ ဆိုပါသေးတယ်။

၁၇၆၅ ခုနှစ်တွင်တော့ A.Boulanger အမည်ဖြင့် စားသောက်ဆိုင်ကို ဟင်းချိုများ၊ အစားအသောက်များမှာယူနိုင်ရန်အတွက် ပြင်သစ်စားဖိုမှုးမှ တည်ထောင်ခဲ့ပါတယ်။ထိုဆိုင်သည် ပထမဆုံးသော စားသောက်ဆိုင် မဟုတ်သော်လည်း ရွေးချယ်မှု Menu များပါဝင်မှု ရှိသည့် ဆိုင်အဖြစ် စတင်ခဲ့ခြင်းဖြစ်တယ်။ပထမဦးဆုံးစားသောက်ဆိုင်ကိုတော့ Antoine Beauviliers က ၁၇၈၂ (သို့မဟုတ်) ၁၇၈၆ ခုနှစ်တွင် "La Grande Taverne de Londres" စားသောက်ဆိုင် အမည်ဖြင့် ပြင်သစ်တွင် စတင်ဖွင့်လှစ် တည်ထောင်ခဲ့ပါတယ်။


ရန်ကုန်မြို့ရှိစားသောက်ဆိုင်လုပ်ငန်းအမျိုးအစားများ
===================================
ရန်ကုန်မြို့တွင် Business Collection Group (BCG) အဖွဲ့ မှ ကောက်ယူထားသောအချက်အလက်များအရ..

•    Tea Centres ဆိုင်များ – 3,400 ကျော်
•    Food Stalls ဆိုင်များ – 3,500 ကျော်
•    Restaurants ဆိုင်များ – 3,000 ကျော်
•    Cafés ဆိုင်များ – 300 ကျော်
•    Bakery & Cake Makers ဆိုင်များ – 250 ကျော်
•    Biryani ဆိုင်များ – 100 ကျော်
•    Bars & Night Clubs ဆိုင်များ – 116  ကျော် ..

အစရှိတဲ့  ဆိုင်ခွဲများစွာ၊ လုပ်ငန်းများ များစွာ ၊ ဖွင့်လှစ် ရောင်းချလျှက်ရှိပါတယ်။


၆,၅၀၀ ကျော်ရှိသော ရန်ကုန်မြို့ရှိစားသောက်ဆိုင်များ (Restaurants and Food Stalls)
===========================================================
ယခုကဲ့သို့များပြားလှသော စားသောက်ဆိုင်များသည် တစ်နေ့တစ်ခြားများပြားလာသလို ရန်ကုန်မြို့တွင်ပင် (Business Collection Group ) အဖွဲ့ မှ ကောက်ယူထားသောအချက်အလက်များအရ စားသောက်ဆိုင်များမှာ ယခုအချိန်တွင် ၆,၅၀၀ ကျော်ခန့်ပင်ရှိနေပြီဖြစ်ပါတယ်။ ယင်း ၆,၅၀၀ ကျော်သည် (Restaruants and Food Stalls ) ကဲ့သို့ ဆိုင်များအားလုံးပါဝင်ခြင်းဖြစ်ပါတယ်။ဆိုင်ခွဲများပြားလှသော နာမည်ကြီးဆိုင်များသည် ရန်ကုန်တွင်ပင် မဟုတ် နယ်မြို့များသို့ပါ ဆိုင်ခွဲများ ဖွင့်လှစ်ထားရောင်းချလျှက် ရှိပါတယ်။Feel စားသောက်ဆိုင်၊ ဓနုဖြူဒေါ်စောရီ အစရှိသော ဆိုင်များသည် အမြန်လမ်းများတွင်ပင် ဖွင့်လှစ်ရောင်းချနေပြီ ဖြစ်ပါတယ်။


ရန်ကုန်မြို့ရှိ ရိုးရာ (Traditional Food Stalls) စားသောက်ဆိုင်များ
============================================
ရန်ကုန်မြို့တွင် ရှမ်း၊ ကချင်၊ ကယား စသောရိုးရာ (Traditional Food Stalls ) စားသောက်ဆိုင်များစွာ ရှိရာ အများဆုံး စားသောက်ဆိုင် အမျိုးအစားများမှာ …

•    1. မြန်မာ့ရိုးရာ အစားအစာ ဆိုင်များ   - ၅၂၆ ဆိုင်
•    2. ရှမ်းရိုးရာ အစားအစာ ဆိုင်များ       - ၃၀၉ ဆိုင်
•    3. ရခိုင်ရိုးရာ စားသောက်ဆိုင်များ      - ၇၆   ဆိုင်    

စသဖြင့် ဖော်ပြထားသောစားသောက်ဆိုင်များသည် ရိုးရာ (Traditional Food Stalls) စားသောက်ဆိုင်များအဖြစ် ရန်ကုန်မြို့တွင် တည်ရှိသော အများဆုံးစားသောက်ဆိုင်များဖြစ်ကြပါတယ်။


ခိုင်ခိုင်ကျော်၊ ဓနုဖြူဒေါ်စောရီ၊ မွန်မလေး အစရှိသော ဆိုင်များသည် ဆိုင်ခွဲများစွာရှိသော မြန်မာ့ရိုးရာ ထမင်းဟင်း စားသောက်ဆိုင်များဖြစ်ကြပြီး နာမည်ကြီး လူသိများသော ဆိုင်များဖြစ်ပါတယ်။နာမည်ကြီး ရှမ်းရိုးရာ စားသောက်ဆိုင်များအဖြစ် 999 Shan Noodle,Wai Wai Noodle House, Shan Yoe Yar , Kyaine Tone အစရှိသောဆိုင်များသည်လည်း လူကြိုက်များသော ဆိုင်များဖြစ်ကြပါတယ်။မင်းလမ်းမုန့်တီ ဆိုင်သည် ဆိုင်ခွဲများလှသလို ရခိုင်အစားအစာ ဆိုင်အဖြစ် ထင်ရှားလှတဲ့ ဆိုင်ဖြစ်ပြီး ရာမောင်သား ထမင်းဆိုင်မှာလည်း ဆိုင်ခွဲများသော ရခိုင်အစားအစာ စားသောက်ဆိုင်ဖြစ်ပါတယ်။


နိုင်ငံရိုးရာအလိုက် စားသောက်ဆိုင်များ
==========================
နိုင်ငံအလိုက် စားသောက်ဆိုင်များတွင် တရုတ်အစားအစာ စားသောက်ဆိုင်များမှာ အများဆုံးဖြစ်ပြီး တရုတ်အစားအစာ မှာ မြန်မာနိုင်ငံသို့ ရှေးယခင်ကပင် စောစွာရောက်ရှိလာသလို မြန်မာခံတွင်းနဲ့လည်း ရင်းနှီးသည့်အတွက် ကြောင့် စားသောက်ဆိုင်အများစုတွင်တော့ တရုတ်အစားအစာ ရရှိကြပါတယ်။


အများဆုံး နိုင်ငံအလိုက်စားသောက်ဆိုင်များမှာ …

•    1. Restaurants [ Chinese ]   - 1,057 ဆိုင်
•    2. Restaurants [ Thai ]        - 344    ဆိုင်
•    3. Restaurants [ Japanese ] - 148   ဆိုင်

တို့သည် အများဆုံး စားသောက်ဆိုင်များဖြစ်ပါတယ်။ထိုင်းရိုးရာအစားအစာဆိုင်များဖြစ်ကြတဲ့  Thai 47, Swe Thai ,  Pan Swel Taw , Thai Express , Fresh Thai ဆိုင်များဟာ နာမည်ကြီးဆိုင်များဖြစ်ကြပြီး ဆိုင်ခွဲများလည်း ရှိပါတယ်။ Fuji , Ren , Jan Jan Jan , Manpuku , Raman Monster တို့မှာ ဆိုင်ခွဲများ ရှိသလို နာမည်ရ Japanese စားသောက်ဆိုင်များဖြစ်ပါတယ်။ Indian ရိုးရာ အစားအစာများတွင်တော့  ချာပါတီ၊ ပူတီ၊ ဒံပေါက်၊ ချစ်တီးထမင်း စသဖြင့် များစွာရှိပြီး အဲ့ဒီထဲကမှ ဒံပေါက် အစားအစာကို နေ့လည်ထမင်းတစ်နပ်စာအဖြစ် လူအများစားသုံးလေ့ရှိကြပါတယ်။

ဒံပေါက်ရောင်းချသောဆိုင်များစွာရှိပြီး ကြက်လျှာစွန်း ဒံပေါက်မှာ နာမည်ကြီးသလို ပထမဦးဆုံး စတင်ရောင်းချခဲ့သည့်ဆိုင်လည်းဖြစ်ပါတယ်။ ယခုလက်ရှိအချိန်တွင်တော့ ဆိုင်ခွဲပေါင်း (၃၀) ကျော်ရှိသော ကောင်းကြိုက် ဒံပေါက်မှာ ဆိုင်ခွဲအများဆုံးဖြစ်ပြီး နီလာ ဒံပေါက်ကတော့ ဆိုင်ခွဲပေါင်း (၂၀) ကျော် ရှိကာ ၊ ရွှေညောင်ပင် ၊ ကုသိုလ် ၊ KSS စသဖြင့် ဒံပေါက်ဆိုင်များ များစွာရှိလာပါတယ်။ဒံပေါက်စားသုံးမှုပုံစံမှာ ထူးခြားချက် တစ်ခုကတော့ အလှူအတန်းများမှာ အော်ဒါမှာယူပြီး ကျွေးမွေးဧည့်ခံတဲ့ ဓလေ့ပဲဖြစ်ပါတယ်။ယခုအခါ ဒံပေါက်အစား ကြက်ဆီထမင်း၊ ထောပတ်ထမင်း အစရှိသည်များဖြင့် အလှူ၊ မင်္ဂလာဆောင် စသောပွဲများမှာ အော်ဒါမှာယူကျွေးမွေးကြတာ တွေ့ရပါတယ်။


အခြား Menu အစားအစာ စားသောက်ဆိုင်များ (Others Food Types Restaurants)
=========================================================
အဓိက Menu အစားအစာများအဖြစ် Pizza , seafood , BBQ /  Hot Pot စသော အစားအစားများမှာ လူကြိုက်များအစားအစာများဖြစ်သလို၊ ကြေးအိုး ဆိုင်များ , ကြက်ဆီထမင်းဆိုင်များ , Burger , ကြက်ကြော် ဆိုင်များဆိုရင်လည်း လူအများ နှစ်သက်သဘောကျ ကြသော ဆိုင်များဖြစ်ပါတယ်။Pizza Maru , The Pizza Company , Pizza Htut , Parami Pizza တို့ဆိုလျင် ပီဇာ ကြိုက်နှစ်သက်သူများ အတွက် ရင်းနှီးသော ဆိုင်များဖြစ်သလို နာမည်ကြီးဆိုင်များဆိုလည်း မမှားပါဘူး။

ကြေးအိုးဆိုရင် အရင်ဆုံးပြေးမြင်မှာကတော့ YKKO ပါ။ပြီးရင်တော့ ရွှေယုန်လေး၊ ရွှေတောင်တန်း၊ စွဲလမ်းတို့ဟာ လည်းကြေးအိုးဆိုင်များဆိုရင် မပါမဖြစ်ဆိုင်များဖြစ်ပါတယ်။KFC ကြက်ကြော်ကတော့ ခုနောက်ပိုင်းနာမည်ကြီးလာသော Franchise ဆိုင်ဖြစ်ပြီး ဆိုင်ခွဲများလှတဲ့ CP Five Star ၊ Lotteria ဆိုင်တွေဟာလည်း နာမည်ရပြီး ဆိုင်များဖြစ်ပါတယ်။မြောင်းမြဒေါ်ချို ၊ ခင်ထွေးရီ ဆိုင်များဟာ မုန့်ဟင်းခါးကြိုက်နှစ်သက်သူများအတွက် တော့ အကောင်းဆုံး မုန့်ဟင်းခါး အရသာကို ပေးစွမ်းနိုင်တဲ့ ဆိုင်များဖြစ်ပါတယ်။


စားသောက်ဆိုင်အများဆုံးရှိသောနေရာများ
=============================
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြုလုပ်ပေးထားတဲ့ ကမ်းနားလမ်းက ညဈေးဟာဆိုရင် ထင်ရှားပြီး၊ ရွေးချယ်စရာ ဆိုင်တွေ များပြားကာ၊ မကြာခင် ပိုမိုစည်းကားလာမည့်နေရာတစ်ခုပါ ။ဗိုလ်ချုပ်ဈေးဟာဆိုရင်လည်းစားသောက်ရုံများဖြင့် စားသောက်ဆိုင်များစွာရှိပြီး ၊ Junction City မှာရှိတဲ့ Food court မှာ ဆိုရင် စားသောက်ဆိုင်များစွာ ရှိပါတယ်။

အဆင့်မြင့် စားသောက်ဆိုင်များ စုစုဝေးဝေးရှိသော အခြားနေရာများကတော့ ..

•    Super Market / Shopping Centre
•    City Mart
•    Yangon Waterboom
•    Hledan Centre
•    Junction Centre များ
•    Myanmar Culture Valley
•    Kandawgyi Nature Park
•    Myanmar Plaza

•    Times City Mall
အစရှိတဲ့ နေရာများမှာ Food Court များ ၊ စားသောက်ဆိုင်များ ၊ များစွာရှိပါတယ်။


ရန်ကုန်မြို့ရှိစားသောက်ဆိုင်အများဆုံး ရှိသော မြို့နယ်များ
======================================
ယခင်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသောမြို့နယ်များမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်ထဲတွင် (၃၁) မြို့နယ် ရှိသော်လည်း ယခုအခါ ဒလ၊ ဆိပ်ကြီးခနောင်တို စတဲ့ မြို့နယ်များပါဝင်လာကာ မြို့နယ်ပေါင်း (၃၃) မြို့နယ် တည်ရှိလာပြီဖြစ်ပါတယ်။စားသောက်ဆိုင်များ များစွာရှိလှသော ရန်ကုန်မြို့ကြီးတွင် အများဆုံး(၁၀)မြို့နယ်ကိုကြည့်ရင် ထိပ်ဆုံးမှာ လှိူင်သာယာမြို့နယ်ရှိနေပြီး စားသောက်ဆိုင်များ စုစုပေါင်း ၅၆၀ ကျော်ရှိပါတယ်။ဒုတိယအများဆုံးအဖြစ်ရပ်တည်နေတာကတော့ မြောက်ဥက္ကလာပမြို့နယ်ဖြစ်ပြီး စားသောက်ဆိုင် စုစုပေါင်း ၄၀၀ ကျော်ရှိပါတယ်။တတိယအများဆုံး မရမ်းကုန်းမြို့နယ်မှာတော့ စားသောက်ဆိုင်ပေါင်း ၃၈၀ ကျော် ရှိပါတယ်။

စားသောက်ဆိုင်အများဆုံး(၁၀) မြို့နယ် စာရင်းကတော့ ..

1.    လှိူင်သာယာ
2.    မြောက်ဥက္ကလာ
3.    မရမ်းကုန်း
4.    အင်းစိန်
5.    မင်္ဂလာဒုံ
6.    မြောက်ဒဂုံ
7.    ကမာရွတ်
8.    စမ်းချောင်း
9.    တောင်ဒဂုံ
10.    တာမွေ

စတဲ့ မြို့နယ်များဟာ စားသောက်ဆိုင်အများဆုံး တည်ရှိသော မြို့နယ်များဖြစ်ပါတယ် ။

1.    ဆိပ်ကြီးခနောင်တို
2.    ဆိပ်ကမ်း
3.    ဒလ

မြို့နယ်များတွင်တော့ စားသောက်ဆိုင်အရေအတွက်နည်းပါးပါသေးတယ်။ ဆိပ်ကြီးခနောင်တို ၊ ဒလ မြို့နယ်များသည် ဖွံ့ဖြိုးမှုနောက်ကျသော မြို့နယ်များဖြစ်ပြီး ၊ဆိပ်ကမ်းမြို့နယ် ကတော့ တည်နေရာ မကျယ်ဝန်းလှသလို ဆိပ်ကမ်းလုပ်ငန်းကို ဦးစားပေးထားသည့်အတွက် ယခုလို နည်းပါးနေခြင်းဖြစ်ပါတယ် ။


(ယခုဖော်ပြထားသောအချက်အလက်များသည် Business Collection Group [BCG ] အဖွဲ့ မှ ကောက်ယူထားသော အချက်အလက်( Database ) များကို အခြေခံကာ ရေးသားပြုစုပေးထားတာ ဖြစ်ပါတယ်။ အချက်အလက်အပြည့်အစုံသေးစိတ်ကို ရယူလိုပါလျှင် ..)


Business Collection Group (BCG)
--------------------------------------------
MMRD Publication Division
=====================
Address: 7th Floor, Bldg – C, New Mingalar Market, Corner of Set Yone Rd & Banyardala Rd, Mingalar Taung Nyunt Township, Yangon, Myanmar.
Tel: (95) 1- 8619277 [Hot Line] , HP : (95) 9-420 040 742 , Fax : (95) 1- 379597
Email: bcg@mmrdrs.com
Website: www.mmrdpub.com
Reg. No. 747/1993, Incorporated in Myanmar.

The Restaurant Guide For Myanmar


Read 2552 times.
2 Reviews

Reviews

Wynn Latt | March 2020
Thanks

Thanks a lot for information

Did you find this review helpful?

0
Thet Aung | March 2020
Thanks!

Thanks to know more details about restaurant industry in Yangon.

Did you find this review helpful?

0