Up to 40% OFF

ကြော်ချင်လား ၊ သုတ်ချင်လား ၊ ဒီတိုင်းစားချင်လား ?

October 30, 2019

မွှေးရှယ်တို့ဟူးမူန့်ကိုအသုံးပြု၍...တိုဟူးနွေး ၊ တိုဟူးသုတ် ၊ တိုဟူးကြော် ပြုလုပ်နည်း ။


မြန်မာစတိုင်တို့ဟူးကျိုနည်း
==================

မွှေးတို့ဟူးမူန့်ကိုမိမိတို့ကြိုက်သည့်မည်သည့်ချင်ခွက်နှင့်မဆိုချင်နိုင်ပါသည်.ဥပမာ နို့ဆီခွက်. အကြမ်းခွက်.ပေါင်းအိုးဆန်ချင်ခွက်.တူစားပန်းကန်လုံး စသဖြင့်..ရေနှင့်တို့ဟူးမူန့်အချိုးမှာ...တို့ဟူးမူန့် ၂ခွက် +ရေ ၅ခွက်ဖြစ်ပါတယ်.ရေချင်ခွက် အရွယ်အစားကလည်း တို့ဟူး မူန့်ချင်ခွက်နဲ့အတူတူပဲဖြစ်ရပါမယ်.

မြန်မာစတိုင်ကျိုမည်ဆိုပါက ရောင်းတမ်းဝင်တို့ဟူးကျိုရင်တို့ဟူးကိုပိုမိုခဲစေရန်အတွက် တစ်ချို့ကျိုနည်းတွေမှာ
ထုံးရည်ကြည်ကိုထည့်၍ကျိုကြပါတယ်..အခုကျိုပြထားတဲ့နည်းက အိမ်စားအနည်းငယ်သာဖြစ်သောကြောင့်  ထုံးရည်ကြည်အစား မွှေး ကော်မူန်အနည်းငယ်ကိုသာထည့် ကျိုထားပါတယ်.ကော်မူန့်ထည့်ကျိခြင်းအားဖြင့် ပို၍စီး ထွေးနူးညံ့မူကို ရသည့်အပြင် အခဲလည်းမြန်ပါတယ်..တို့ဟူးကြော်ရင်လည်း ပို၍ကြွပ်ရွမူကိုခံစားရပါတယ်.

သဘောတရားလေးတွေကို ရှင်းပြပြီးပြီဆိုတော့ စကျိုရအောင်နော်..


ပါဝင်ပစ္စည်းများ
==========.

_ မွှေး တို့ဟူးမူန့်တူစားပန်းကန်နှစ်ခွက်

_ မွှေး ကော်မူန့် ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်

ရေတူစားပန်းကန် ငါးခွက်ခွဲရေကို ငါးခွက်ခွဲထည့်ရခြင်းမှာ ကော်မူန့်အတွက်ပိုထည့် ထားခြင်းဖြစ်ပါတယ်..

_ နနွင်းမူန့် ဇွန်းဖျားခန့်

_ ဆားထမင်းစားဇွန်းတစ်ဇွန်း

_ သကြားteaဇွန်းတစ်ဇွန်းခွဲ..

_ အရသာမူန့် သုံးစွဲပါက teaဇွန်း၏လေးပုံတစ်ပုံ

_  ဆီထမင်းစားဇွန်း သုံးဇွန်း တို့ဖြစ်ပါတယ်..

ပါဝင်ပစ္စည်းတွေ အားလုံးကို blender ထဲတွင်ထည့်၍ မွှေပေးပါ.အမူန့်နဲ့ရေကို နာနာမွှေပေးပါ.လက်နဲ့မွှေတာထက်စာရင် စက်နဲ့မွှေတာဟာ ပိုကောင်းပါတယ်..အခဲအလုံးတွေ မကျန်ခဲ့စေပဲ တို့ဟူးအသားကို ပို၍ချောမွတ်စေပါတယ်.


စကျိုတော့မည်ဆိုပါက
===============

ကျိုမည့်အိုးထဲကို စက်ဖြင့်မွှေထားတဲ့ အရည်တွေထည့်ပါ.မီးဖွင့်ပါ.မီးဖွင့်လိုက်ပီဆိုတာနဲ့ ချက်ချင်းယောင်းမ
ဖြင့်အဆက်မပြတ်မွှေပေးရပါမယ်.တစ်ချက်လေးမှနားလို့မရပါဘူး..နားလိုက်တာနဲ့ အိုးအောက်ခြေမှာ ပဲမူန့်တွေချက်ချင်းခဲကုန်မှာဖြစ်ပါတယ်..


.မွှေသည့်အခါမှာလည်းယောင်းမကိုဦးတည်ချက်တစ်ဖက်တည်းကိုပဲထား၍မွှေပေးပါ.ဆိုလိုတာက လက်ယာရစ်ကိုမွှေနေရင် အဲ့ဒီအတိုင်းတစ်ဖက်တည်းပဲထား၍မွှေပါ.ဒါမှ တို့ဟူးအသားကပိုမိုနူးညံမှာပါ. အလုံးအခဲတွေမဖြစ်နေမှာပါ ဒီအချက်လည်းအရေးကြီးပါတယ်.


တဖြေးဖြေး ရေလည်းခမ်း တို့ဟူးတွေလည်းစ၍ပျစ်လာပါမယ်..ဆက်၍နာနာမွှေပေးပါ.ပဲစိမ်းနံပျေက်သည်ထိ
ကျိုပေးပါ.ပဲစိမ်းနံပျောက်ရင်တို့ဟူးအသားကိုယောင်းမဖြင့်ကော်ကြည့်ပါ. ယောင်းမအပေါ် ခဲပြီးကပ်လာရင်ရပါပီ..ဗန်းထဲသို့ထည့်၍အအေးခံထားပါ..လုံးဝအေးစက်သွားမှ မိမိတို့လိုချင်သည့်ပုံစံလှီး၍ ချက်ပြုတ်နိုင်ပါပြီ..


မြန်မာစတိုင်တို့ဟူးချဉ်ငန်စပ်သုပ်နည်း
=========================

.. တို့ဟူးကိုပါးပါးအချောင်းတွေလှီးထားပါ.

.. ကြက်သွန်နီ ဖြူဆီချက်ဝါ..

.. မန်းကျည်းမှည့်အရည်

.. ငံပြာရည်

.. အရသာမူန့်

.. နံနံပင်ဂေါ်ဖီ ရှောက်ရွက် ပါးပါးလှီး ထည့်

.. ငရုတ်သီးအကျက်မူန့်

.. ပဲကျက်မူန့် တို့ကို တစ်ပွဲစာသင့်ရုံထည့်၍ သုပ်နိုင်ပါသည်...


တို့ဟူးကြော်ရင်လည်း
===============

တို့ဟူးကို လေးထောင့် ပုံ မထူမပါးလှီးပါ.

အလယ်မှာ ဓားအရာပေးပါ.

ပြီးရင် ဆီများများပူပူမှာ ကြွပ်အောင်ကြော်ပေးပါ.

အလယ်မှာ ဓားရာပေးခြင်းအားဖြင့် ပို၍ ကြွပ်စေပါတယ်.

Source - Internet


Read 2587 times.