Eating Tips

ပိတ်ရက် (၄) ရက်မှာ မဖြစ်မနေဝယ်စားသင့်တဲ့ဆိုင် (၃) ဆိုင်

November 22, 2020

တန်ဆောင်မုန်း ရုံးပိတ်ရက်အနေနဲ့ သောကြာ၊ စနေ၊ တနင်္ဂနွေ ၊ တနင်္လာ (၄) ရက်ဆက်တိုက် အလုပ်ပိတ်တဲ့သူတွေရှိလား ???

အားလပ်ရက်မှာ ကိုယ်တိုင်ချက်ပြုတ်တာတွေ ခဏနားပြီး ပြည့်ပြည့်၀၀အနားယူမယ်၊ အဟာရရှိတာတွေဝယ်စားကြမယ်။ ပိတ်ရက်မှာ အရသာရှိပြီး ကျန်းမာရေးအတွက်လည်း သန့်ရှင်းစိတ်ချရတဲ့ အပြင်စာလေးတွေကို အရမ်းတန်တဲ့ ပရိုမိုးရှင်းလေးနဲ့ ဝယ်ပြီး သာသာယာယာ Chill ကြမယ်လေ  ...

Yuki Mugi

ဒီဆိုင်လေးကို တော်တော်များများလည်း သိထားပြီးဖြစ်မှာပါ။ ဒီဆိုင်လေးရဲ့ အမာခံပရိပတ်တွေကလည်း အများကြီးမို့ တစ်ခါလေ စားချင်တာ မရတော့တာတောင်ရှိတဲ့ ဆိုင်လေးပါ။ Japanese Theme လေးနဲ့ ဆိုင်လေးကချစ်စရာကောင်းသလို မုန့်တွေကလည်း Japan နည်းပညာအတိုင်းထုတ်လုပ်ရောင်းချတာမို့ Bread Toast တွေ၊ Croissant တွေ၊ Danish တွေကို သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိရှိစားချင်သူတွေအတွက် မနက်စာအတွက်၊ အဆာပြေအတွက် ဒီဆိုင်လေးက ကွက်တိပဲနော် ။ ဈေးနှုန်းမကြီးပေမယ့် budget ဖြစ်တဲ့အထဲတော့ မပါပါဘူး။ ဒါပေမယ့် သူ့အရသာ၊ အရည်သွေးနဲ့ဆို တကယ်တန်တယ်လို့ မြင်မိပါတယ်။

Tea Club

ဒီဆိုင်လေးကတော့ အရှေ့က Yuki Mugi Bakery ရှိတဲ့ The Central Center ရဲ့ မျက်နှာစာတမ်းမှာ ရှိတဲ့ ဆိုင်လေးပါ။ Dine in ရတုန်းကဆို ဆိုင်အပြင်က စားပွဲမှာ ထိုင်ရတဲ့ Vibe က အရမ်းမိုက်။ Celebrity တွေလည်း တော်တော်လေးလာကြတယ်။ မနက်စာ၊ နေ့လည်စာနဲ့ ညစာကို ရှယ်စားချင်တဲ့သူတွေအတွက် အစားသောက်ကောင်းကောင်း၊ အချိုပွဲကြိုက်သူတွေအတွက် Dessert အမိုက်စားလှလှလေးတွေနဲ့ International Tea တွေ၊ Cocktail နဲ့ ဘီယာတွေလည်း ရှိသေးတော့ တော်တော်လေး စုံလင်ပြည့်စုံတယ်လို့ ဆိုရမှာပါ။

Fratello 

အီတလီစာ ကောင်းကောင်းစားချင်သူတွေအတွက် အီတလီအရသာစစ်စစ် Menu လေးတွေကို ဝယ်ယူအားပေးလို့ရတဲ့ ဆိုင်လေးကတော့ ပြည်လမ်း The Regency Office မှာရှိတဲ့ Fratello ဆိုတဲ့ Roof top ဆိုင်လေးပါ။ Roof top ဆိုင်လေးတွေထဲကမှ Italian Vibe လေးနဲ့   Date လို့အကောင်းဆုံး ဆိုင်လေးဖြစ်ပါတယ်။ ဆိုင်လေးက တစ်ခါရောက်ဖူးတာနဲ့ ထပ်ထပ်သွားချင်အောင် ဆွဲဆောင်နိုင်တဲ့အထိ ပြင်ဆင်ထားတာလေးက အေးအေးချမ်းချမ်းလေးနဲ့ သာသာယာယာလေးပါ။ 

 


Read 750 times.