Up to 20% OFF

The Cluster Bar & Bistro ရဲ့ ဘီယာ (၁) ခွက် မြန်မာငွေ (၁၀၀) ကျပ်

November 8, 2023

ဘီယာကြိုက်တဲ့ ဘော်ဒါတွေအတွက် နိုဝင်ဘာတစ်လလုံး ပေးထားတဲ့ The Cluster Bar & Bistro ရဲ့ ပရိုမိုးရှင်းအကြောင်းတွေကို မျှဝေပေးချင်ပါတယ်။ ဘီယာတစ်ခွက် မြန်မာငွေ (၁၀၀) ကျပ် ဖြစ်ပြီး အမည်မှာ နို (သို့) ဝင် (သို့) ဘာ ပါခဲ့ရင်  နိုဝင်ဘာလ တစ်လလုံး ကြိုက်တဲ့ Food Item စား 10% Discount ထပ်ရဦးမှာပါ။ ဒါတွေအပြင် မိန်းကလေးတွေအတွက် နောက်ထပ် သီးသန့် ပရိုမိုးရှင်းတွေလည်း ရှိပါသေးတယ်။

ဘီယာတစ်ခွက် ငွေကျပ် (၁၀၀) တည်းနဲ့ သောက်ချင်တယ်ဆိုရင် ဘော်ဒါတို့ (၃) ယောက်နှင့်အထက် လူစုပြီး နေ့လည် ၁ နာရီကနေ ညနေ ၆ နာရီအထိ သွားရပါမယ်။ Tuborg ဘီယာတစ်ခွက်ကို ငွေ (၁၀၀) ကျပ်တည်းနဲ့ တစ်တာဝါ ၁၀ ခွက်အထိ စိတ်ကြိုက်သောက်လို့ ရပါတယ်။

     Advertisement

Click Here > Ko Tin Aung

ဘော်ဒါတို့ ဝိုင်းမှာ ယောကျ်ားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် အမည် (နို၊ ဝင်၊ ဘာ) တစ်လုံး ပါခဲ့ရင်လည်း ကြိုက်နှစ်သက်ရာ ဘာပဲစားစား 10% Discount ရမယ့်အပြင် ပါးချိုင့်လေး ပါတဲ့ ကောင်မလေးတစ်ယောက် (သို့) Tattoo ပါတဲ့ ကောင်မလေးတစ်ယောက်များ ပါလာခဲ့ရင် နောက်ထပ် Food Bill အတွက် 10% Discount ထပ်ရမှာပါ။ ပါးချိုင့်ရော Tattoo ရော ပါရင်တော့ 20% Discount လုံးထပ်ရမှာပါ။

သူ့ဆိုင်လေးရဲ့ ပုံစံကို ပြောရမယ်ဆိုရင် နံရံမှာ ပန်းချီးကားချပ်တွေနဲ့ Artist ဆန်ဆန် အလှဆင်ထားပြီး Blaclk & White Theme လေး ဖြစ်ပါတယ်။ အောက်ထပ်က Bar စတိုင်မျိုးဆိုပေမဲ့ အပေါ်ထပ်မှာကျ Full Band လိုမျိုးမဟုတ်ဘဲ ငြိမ့်ငြိမ့်လေး နားထောင်လို့ရမယ့် Acoustic Unplugged စတိတ်စင်လေး ရှိပါတယ်။ 

ပုံမှန် တနင်္လာနဲ့ စနေနေ့ကလွဲပြီး နေ့တိုင်း ဖျော်ဖြေရေးရှိတယ်လို့ သိရပါတယ်။ Weekend တွေဆိုလည်း ဘရားသားတို့အကြိုက် ဘောလုံးပွဲလည်း ပြပေးပါတယ်။

Limited Seat မို့ ဖုန်းကြိုဆက်ပြီးမှ သွားဖို့ အကြံပြုပါရစေ။

Open: 11:00AM - 11:00PM 

Location: No. 203, Waizayanta Road, Corner of Ngwe Kyar Yan (11) Street, South Okkalapa Township, Yangon.  

(ဝေဇယန္တာလမ်းမပေါ်၊ ပါရမီလမ်း မီးပွိုင့်နှင့် သစ္စာလမ်း မီးပွိုင့်ကြား၊ AYA Bank အနီး၊ ရွှေဖြိုးဖြိုး ကားအရောင်းစင်တာရှေ့) 

Reservation: 09950911119    


Read 312 times.