ရန်ကုန်မြို့မှ သက်တမ်းကြာပြီး နာမည်ကြီးတဲ့ Street Food ဆိုင် (၅) ဆိုင်
အရသာလဲရှိ တန်လဲတန်တဲ့ ရန်ကုန်မြို့မှ စားလို့ကောင်းတဲ့ Street Food တော်တော်များများဆို သိတဲ့သူကလဲ တော်တော်နည်းပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ကို ရောက်ပြီဆိုရင်တော့ Street Food စားရတာကြိုက်နှစ်သက်တဲ့သူတွေအတွက် ဖွင့်ထားတာလဲ သက်တမ်းကြာပြီး မစားမဖြစ်သွားစားသင့်တဲ့ Street Food ဆိုင် ၅ဆိုင်ကိုဖော်ပြပေးလိုက်ပါတယ်။
Click Here >>> Astir Power Co., Ltd.
(၁) လမ်းမတော် ၉ လမ်း မြိတ်ကတ်ကြေးကိုက်
၁၉၉၈ ခုနှစ်မှ စတင်ဖွင့်လှစ်ပြီး အခုဆိုလျှင် ဖွင့်တာ နှစ်ပေါင်း ၃၀ ကျော်သက်တမ်းရှိပြီ ဖြစ်ပါတယ်။ ကက်ကြေးကိုက်ကို ချဉ်စပ်၊ ရိုးရိုး အစပ်၊ အချိုတို့ဖြင့်စားသုံးနိုင်ပြီး ကြက်၊ ဝက်၊ ပင်လယ်စာ စသဖြင့် မိမိကြိုက်နှစ်သက်ရာ မှာနိုင်ပါတယ်။
ဆိုင်ဖွင့်ချိန်ကတော့ ညနေ ၃ နာရီခွဲမှ ည ၉ နာရီခွဲ အထိ ပုံမှန် ဖွင့်လှစ်ရောင်းချလျက် ရှိပါတယ်။ ရုံးဆင်းချိန်နဲ့ ညစာစားချိန်တွေမှာ ဆိုင်လုံးပြည့် စားသုံးသူများနှင့် အမြဲပြည့် နေတတ်သောကြောင့် နေရာရရန် ကြိုတင် သွားရောက်ဖို့ကို တိုက်တွန်းပါတယ်။
လိပ်စာ – ၉ လမ်းထိပ်၊ ရွှေပုဇွန် မျက်နှာခြင်းဆိုင်၊ အနော်ရထာလမ်းမပေါ်၊ လမ်းမတော်မြို့နယ်။
(၂) မူလလက်ဟောင်း လမ်း ၂၀ ဂဏန်းကော်ကြော်
ပထမဆုံးပြောပြပေးမယ့်ဆိုင်လေးကတော့ တရုတ်တန်းကဆိုင်တွေထဲမှာမှ ဘယ်လိုမှတိုးမပေါက်တဲ့ဆိုင်တွေ ထဲကတစ်ဆိုင်ဖြစ်ပါတယ်။ ဖွင့်တာလည်း နှစ်ပေါင်း ၅၀ကျော်တောင်ရှိပြီဖြစ်ပြီး အခုဆိုရင် လမ်း၂၀ ကနေ ကမ်းနားလမ်းညဈေးကို ရောက်သွားပြီး သခင်မြပန်းခြံနားမှာပြန်လည်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဒီဆိုင်လေးက နာမည်ကြီးပြီး Food Vloger တွေရဲ့ review ကောင်းတွေရထားတဲ့ဆိုင်လေးမို့လို့ သွားစားကြည့်ဖို့လမ်းညွှန်ပေးလိုက်ပါတယ်။
လိပ်စာ - (၂၂)လမ်းနှင့်မဟာဗန္ဓုလလမ်းထိပ်၊ ရန်ကုန်။
(၃) ကျောက်မြောင်း နိဂြောဓ ပုဇွန်ကွက်ကြော်
ကျောက်မြောင်း နိဂြောဓလမ်းမှ ပုဇွန်ကွက်ကြော် ဆိုင်လေးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ ပုဇွန်ကွက်ကြော်က အထူးနာမည်ကြီးတာကြောင့် နိုင်ငံခြားထွက်သွားပြီး မြန်မာနိုင်ငံသို့ပြန်လာတဲ့သူတွေ တော်တော်များများက သတိတရနှင့် ပြန်လာစားကြပါတယ်။ ပုဇွန်ကွက်ကြော်ထဲထည့်ကြော်တဲ့ ပဲပင်ပေါက်ကိုလည်း ကိုယ်တိုင်ဖောက်ထားတာဖြစ်လို့ လတ်လတ်ဆတ်ဆတ်နဲ့ အရသာရှိရှိစားရမာဖြစ်ပါတယ်။ ပဲပင်ပေါက်ကို ပုဇွန်၊ မုန့်နှစ်နဲ့ ရောပြီး ခွက်ကလေးနဲ့ကြော်ထားတဲ့ ပုဇွန်ကွက်ကြော်ဖြစ်ပါတယ်။ ခေါက်ဆွဲနဲ့ ကြာဆံသုတ်တို့မှာလည်း ပြန်လည်ရောမွှေ ထည့်သုပ်ထားတာကြောင့် တစ်မူ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီဆိုင်ရဲ့ အသက်ကတော့ ပုဇွန်ကွက်ကြော်ထဲထည့်သုပ်တဲ့ အချဉ်ရည်ပဲဖြစ်ပါတယ်။ အချဉ်ရည်ကို မန်ကျည်းသီးနှင့်ဖြင့် အဓိကထားပြုလုပ်ထားတာကြောင့် စားသုံးသူတွေအတွက်တော့ ကျန်းမာရေးနှင့် ညီညွှတ်စေတဲ့ အစားအစာတစ်ခုလဲဖြစ်ပါတယ်။
လိပ်စာ – ဓမ္မစိန္တာနဲ့ နိဂြောဓလမ်းထောင့်၊ ကျောက်မြောင်း၊ ရန်ကုန်။
(၄) ရွှေမျက်မှန်ထမင်းပေါင်း
ရွှေမျက်မှန်ထမင်းပေါင်းကို နှင်းပုလဲထမင်းပေါင်းလို့လည်းခေါ်ကြပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့စဉ် နံနက် ၉:၀၀ နာရီမှ ည၆:၃၀နေ့ထိဖွင့်ပါတယ်။ ဆိုင်က ဆိုင်က ၂၇လမ်း အောက်ဘလောက်မှာဖွင့်ထားတာဖြစ်ပြီး ဒီဆိုင်ရဲ့ ကြက်သွန်ဟင်းအနှစ်အပြင် ငရုတ်သီးဆားထောင်းလေးကို ထမင်းနဲ့ နယ်စားရတာက အသက်ပဲဖြစ်ပါတယ်။ ရန်ကုန်မြို့မှာတော့ နာမည်ကြီး Street food ဆိုင်တွေထဲက တစ်ဆိုင်ဖြစ်လို့ ဒီဆိုင်လေးကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
လိပ်စာ - အမှတ်(၇၆)၊ ၂၇ လမ်းအောက်ဘလောက်၊ ရန်ကုန်။
(၅) ဒေါ်ယုံ ကြာဇံချက်
ယခင် ကျောက်မြောင်း စာပေလောက အဟောင်းရှေ့၊ ကျားကွက်သစ်မှာ ညနေပိုင်းစဖွင့်ပါတယ်။ ကြက်ရိုးနဲ့ ချက်ပြုတ်ထားပြီး အရသာက လေးလေးပင်ပင် ရှိတာကြောင့် ကြာဇံချက် ကြိုက်သူတွေနဲ့ တခြား အပူအစပ် စားသူများအတွက် အထူးသင့်လျော်ပါတယ်။ ကြာဇံချက်ကို လိုက်ဖက်တဲ့ အတွဲအစပ်အဖြစ် စားသုံးဖို့ ချဉ်ချဉ်စပ်စပ် ရှောက်သီးသုပ်ကိုလည်း ရောင်းချပေးပါတယ်။ စားသုံးသူများပြားပြီး နေရာ မလောက်ခြင်းကြောင့် အခုအခါ အဲဒီလမ်းပေါ်မှာပဲ အရင်ဆိုင်နဲ့ မလှမ်းမကမ်းမှာ နေရာတိုးချဲ့ပြီး ပြောင်းရွှေ့ ဖွင့်လှစ်ထားပါတယ်။
လိပ်စာ – သတိပဌာန် နှင့် ဣစ္ဆာသရလမ်း အကြား၊ ကျောက်မြောင်း၊ တာမွေ။
အခု ဖော်ပြပေးလိုက်တဲ့ ဆိုင်တွေကတော့ အနည်းဆုံး ၁၀ နှစ်၊ နှစ် ၂၀ ကျော် သက်တမ်း ရှိပြီး အရသာမှာပြောစရာမလိုအောင် လူတန်းစား မရွေးစားနိုင်တဲ့ Street food ဆိုင်လေးတွေ ဖြစ်ပါတယ်။ ဒါကြောင့် တန်တန်လေးနဲ့ အရသာရှိရှိလေးစားချင်တယ်ဆိုရင် ဒီဆို်ငလေးတွေမှာ သွားရောက်မြည်းစမ်းကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။
The Myanmar Restaurant Gide