Eating Tips

၁၇နှစ်ကျော် သက်တမ်းရင့် services တွေနဲ့ လက်ရာကောင်းစားရမဲ့ ထိုင်းစားသောက်ဆိုင်

January 15, 2020

ရန်ကုန်မြို့မှာ ထိုင်းစားသောက်ဆိုင်တွေများစွာ ရှိနေသော်လည်း ဒီစားသောက်ဆိုင်က ရှားရှားပါးပါး တစ်မူထူးခြားစွာရှိနေတဲ့ ဆိုင်..

..

ဘယ်လိုမျိုးလဲ ဆိုတော့ ထိုင်းအစားအစာရောင်းတဲ့ Halal သီးသန့်ဆိုင်ပေါ့.. ထိုင်းအစားအစာကို ကြိုက်နှစ်သက်တဲ့ Halal သမားတွေဆိုရင်တော့ ရွေးချယ်ဖို့  ခေါင်းရှုပ်စရာမလိုတော့ဘူးပေါ့...

..

လက်ရာကလည်း ထွေထူးပြောစရာမလိုအောင် ဝါရင့် ထိုင်းစားဖိုမှုးတွေရဲ့လက်ရာ ဆိုတော့ စားဖူးတဲ့ သူတွေက တော့ အသိပါပဲ..

အဓိကအရသာ(လက်ရာ) ကို ထိန်းနိုင်လို့လည်း နှစ်သက်တမ်းကြာရှည်စွာ customers တွေ ရဲ့ အားပေးမှုရရှိခဲ့တဲ့ ဆိုင်...

အဓိက အစားအစာတွေက ..

.. ဘဲကင်

.. တုံယမ်းဟင်းချို

တို့ဟာ ဒီဆိုင်က လူကြိုက်များတဲ့ ထိုင်းလက်ရာ အစားအစာတွေပဲ ဖြစ်ပါတယ်..

..

အခြား Menu များအနေဖြင့် ထိုင်းအစားအစာအပြင် .. တရုတ်အစားအစာများကိုလည်း ရွေးချယ်စရာများပြားစွာဖြင့် ရရှိနိုင်ပါသေးတယ်...

Drinks များအနေဖြင့် လည်း Coffee, Juices တွေရရှိနိုင်ပြီး ...(ဒီဆိုင်မှာ Alcohol ကတော့ မရရှိပါ..)

WiFi Free ရရှိတဲ့ ဆိုင်ဖြစ်ပြီး ..၁၇နှစ်ကျော် သက်တမ်းရင့် ဝန်ဆောင်မှုတွေကို ရရှိမှာပါ...ဝန်ဆောင်မှုကောင်းတဲ့ အတွက်လည်း Always Customers တွေဖြင့် အမြဲပြည့်နေတဲ့ ဆိုင်လည်းဖြစ်တယ်..

..

မင်္ဂလာဆောင်၊ မွေးနေ့ပွဲ များကျင်းပနိုင်ပြီး ..လူ ၂၀၀ ကျော် ဆံ့တဲ့ ဆိုင်အကျယ်အဝန်းရှိတဲ့ ဆိုင်လည်းဖြစ်တယ်..အပေါ်ထပ် ၊ အောက်ထပ်ကို ထိုင်းစတိုင် Decoration လေးတွေနဲ့ ချစ်စဖွယ် ဆိုင်အပြင်အဆင်လေးတွေကိုလည်း တွေရှိနိုင်ပါတယ်..

Cash အနေဖြင့် ငွေသားအပြင် Visa ၊ Master ၊ Pay များဖြင့်လည်း ငွေပေးချေနိုင်ပါတယ်..

..

ဆိုင်ဖွင့်ချိန်က မနက် ၁၀ နာရီခွဲ မှ ည ၁၀ နာရီ ထိပါ..

ဆိုင်နာမည်က Phai Lin Thai & Chinese Cuisine Restaurant

No,34, Kyaikkasan Rd,Tarmwe Township,Yangon

(အလုပ်သမားဆေးရုံနှင့် နီးပါတယ်)

Ph : 01-556987,01-209256,09 977 915 511

Website:phailin.com.mm

Page:www.facebook.com/phailinrestaurant


Read 505 times.