Special Deals

ကြိုက်သလောက်သောက် ပိုက်ဆံရှင်းစရာ မလိုတဲ့ Regional Bar က Beer ပရိုမိုးရှင်း

September 1, 2023

ဝါတွင်း (၃) လ ရှောင်တယ်၊ အရက်မသောက်တဲ့ သူတွေနဲ့ ဆိုတဲ့ ဘော်ဒါတွေအတွက် Regional Bar မှာ စက်တင်ဘာတစ်လလုံး ပေးမယ့် Free Beer ပရိုမိုးရှင်းလေးအကြောင်း မျှဝေပေးလိုက်ပါတယ်။

ဒီနေ့က သောကြာနေ့ဖြစ်သလို လစာလည်း ထုတ်ထားပြီးပြီဆိုတော့ အပြီကဲဖို့ စီစဉ်နေကြပြီလား? အမြဲတမ်း အမိုက်စား ပရိုမိုးရှင်းတွေ ပေးနေကျ Regional ဘားက ဒီတစ်ခါမှာလည်း အသောက်တလိုင်းတွေအတွက် စိတ်ကျေနပ်မှုအပြည့်အ၀ ရစေမယ့် ပရိုမိုးရှင်းလေးတစ်ခု လုပ်ပေးထားပါတယ်။ အဲ့ဒါဘာလဲဆိုရင် အခုလို အစစအရာရာ စျေးတက်နေတဲ့ အချိန်အခါမျိုးမှာ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေကြတဲ့သူတွေအတွက် Beer ဖရီးကစ်ရမယ့် အစီအစဉ်လေးပါ။   

Click Here - San Myint Aung Plastics Printing Manudacturing

အကယ်၍များ သွားရင်း လာရင်း ဗဟန်းမြို့နယ်ထဲက ဓမ္မစေတီလမ်းနဲ့ လင့်ခ်လမ်းထောင့်နား ရောက်ဖြစ်ခဲ့ရင် Regional မှာ အေးဆေးဝင်ခိုလို့ ရပါတယ်။ အေးအေးဆေးဆေး ထိုင်လို့ရတဲ့အပြင် စက်တင်ဘာတစ်လလုံး နေ့လည် ၂ နာရီကနေ ည ၈ နာရီအတွင်း သွားရောက်ကြမယ့် မိတ်ဆွေတွေအတွက် "Free Beer" နဲ့ Regional က ဧည့်ခံပေးမှာ ဖြစ်ပါတယ်။ 

ဒီနေ့ TGIF ပရိုမိုးရှင်းအနေနဲ့ကတော့ သူ့ဆိုင်မှာ ည (၆) နာရီကစပြီး ၅၀,၀၀၀ ကျပ်အထက် သုံးတဲ့ ဝိုင်းတိုင်းကို Table Presents အနေနဲ့ Regional Cocktails Tower တွေ Free ပေးသွားဦးမှာပါ။ ဒါ့အပြင် နောက်ရက်အတွက် ပူစရာမလိုတဲ့ သောကြာညမှာ မြူမြူကြွကြွ သံစဉ်တွေကြား စီးမျောဖို့ DJ Live အစီအစဉ်လည်း ရှိပါသေးတယ်။

456 A/B,Corner of Link Street and Dhammazedi Street Road, Golden Link Residence, Bahan

09 42060 6005

https://www.facebook.com/RegionalBarMyanmar


Read 658 times.