Fast Food
ထိုင်းနိုင်ငံ Pizza Company မှာ ရောင်းချနေတဲ့ ဆေးခြောက်ပီဇာ
November 16, 2021
အောင်မြင်တိုးတက်နေတဲ့ ထိုင်းနိုင်ငံမှာ နောက်ထပ် အံ့ဩစရာတစ်ကွက်ကိုချပြလိုက်ပါပြီ။ အဲ့တာက ဘာလဲဆိုတော့ ဆေးခြောက်နဲ့လုပ်ထားတဲ့ အရသာရှိလှတဲ့ ပီဇာဖြစ်ပါတယ်။ အရင် ကိုဗစ် wave တုန်းကလည်း ဆေးခြောက်နဲ့ ကိုဗစ်လူနာတွေကို ကုသပြီး ရောဂါသက်သာစေခဲ့ပါတယ်။
ဒီတစ်ခေါက်ကတော့ နာမည်ကြီး ပီဇာဆိုင်တစ်ခုဖြစ်တဲ့ The Pizza Company က ဆေးခြောက်ပါဝင်တဲ့ တုန်ယမ်းအရသာ ပီဇာမီနူးအသစ်ကို မကြာခင်က မိတ်ဆက်လိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့်ပြုပြီးနောက် အစားအသောက်၊ ဖျော်ရည်တွေမှာ ဆေးခြောက်နဲ့တွဲစပ်ရောင်းချတာတွေကို ထိုင်းစားသောက်ဆိုင်တွေမှာ တွေ့ရပြီး ဆေးခြောက်ပီဇာကိုတော့ The Pizza Company က ပထမဆုံးမိတ်ဆက်လိုက်တာဖြစ်ပါတယ်။
ဆေးခြောက်ပီဇာကို ထိုင်းတစ်နိုင်ငံလုံးရှိ The Pizza Company ဆိုင်များမှ တစ်ချပ်ကို (၄၉၉) ဘတ်နဲ့ ၁၁၁၂ ကိုဖုန်းဆက်ပြီး မှာယူနိုင်ပါတယ်။
Read 478 times.