Eating Tips

ချိစ်နဲ့ အသားလွှာရဲ့ တစ်မူထူးခြားတဲ့ ပေါင်းစပ်မှုအရသာကို ခံစားနိုင်မယ့် Mr.Jerry BBQ & Hotpot

November 23, 2020

အရင်လို BBQ လေးစားလိုက် သောက်စရာလေး သောက်လိုက်နဲ့ဘဝကို လွမ်းနေကြပြီမလား??  ပိုပြီးလွမ်းရအောင်လို့ တခြားဆိုင်တွေနဲ့မတူပဲ အသားလွှာတိုင်းကို ချိစ်အမျှင်တန်းလေးတွေနဲ့ ပတ်ပြီးစားလိုက်ရင် နတ်သုဒ္ဓါအလား ခံစားရမယ့် Mr.Jerry ဆိုတဲ့ ဆိုင်လေးအကြောင်း ပြောပြပေးသွားမှာပါ။ဒီဆိုင်လေးမှာ ဘယ်လိုထူးခြားတဲ့ Menu တွေရှိလဲ၊ တစ်ယောက်ကိုဘယ်လောက်ကျပြီး၊ အချိန်ဘယ်လောက်ထိ စားလို့ရမှာလဲဆိုတာတွေကို အသေးစိတ်ပြောပြပေးသွားမယ်နော်။

အရင်ဆုံး ရနိုင်မယ့် Menuက တော်တော်စုံပါတယ်။ဝက်သုံးထပ်သား၊ ဝက်ဂုတ်သားအချို၊ ဝက်အသားလွှာ၊ အမဲသားလွှာ၊ကြက်အချို၊ကြက်အစပ်၊ပုဇွန်၊ကင်းမွန်၊ဂုံး အစရှိတာတွေကို အဓိကဟင်းလျာ အနေနဲ့ ရနိုင်မှာဖြစ်ပြီး အရံဟင်းလျာတွေ အနေနဲ့ ထမင်းကြော်၊ကြာဇံကြော်၊ ဂဏန်းချဥ်စပ်၊ကြက်ခြေထောက်သုပ်၊မာလာဟင်းတွေဆိုပြီး စုံစုံလင်လင် ရဦးမှာပါ။ အချိုပွဲတွေဆိုရင်လည်း သာခွေယိုင်၊ ပူတင်း၊Marshmallow၊ သီးစုံCocktail၊ ရေခဲမုန့် အပြင် တခြားသီးနှံတွေလည်း ပါသေးတယ်နော်။  Mozzarella Cheese နဲ့ Cheddar Cheese  ကတော့ FOC ဖြစ်ပြီး ကြိုက်သလောက်တောင်းလို့ရပါတယ်။

ဒီလို ဟင်းပွဲတွေကလည်းစုံ Cheese ကလည်း ကြိုက်သလောက်တောင်းလို့ ရသေးတာကိုမှ စျေးနှုန်းက အခွန်အပါ (15,200) ပဲ ကျသင့်မှာနော်။ အချိန်ကလည်း ၂နာရီတောင်ရလို့ စကားပြောပီး စားဖို့လည်း အချိန်အေးဆေးရတယ်။ဆိုင်ခန်းကလည်း ကျယ်ကျယ်ဝန်းဝန်းရှိပီး yellow လေးတွေနဲ့ decoration လုပ်ထားတာ ချစ်စရာလေး မျက်စိရှင်းပီး သပ်သပ်ရပ်ရပ်ဖြစ်တယ်။  လိပ်စာလေးကတော့ ဝေဇယန္တာလမ်းမပေါ် (ရတနာလမ်း နဲ့ ပြည်သာယာလမ်းကြား) အောင်ရတနာ ဆေးရုံမျက်စောင်းထိုး(ပြည်သာယာမီးပွိုင့်နဲ့ ပိုနီးပါတယ်)။

 

စိတ်မကောင်းစရာလေးကတော့ လောလောဆယ် ဆိုင်ကပိတ်ထားတာဖြစ်ပြီး ပြန်ဖွင့်မယ့် အချိန်လေးကို မကြာခင်ပြန်ကြေညာ ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit To Mr.Jerry 


Read 972 times.