Cafes & Restaurant

ချမ်းစိမ့်စိမ့်ဆောင်းတွင်းမှာ ဟော့ပေါ့စားရင်း နွေးထွေးနိုင်ဖို့ Little Sheep ရဲ့ ၃၀% လျှော့ဈေး

December 27, 2020

ပွင့်လင်းရာသီလည်း ရောက်ပြီဆိုတော့ ရာသီဥတုကလည်း အေးစိမ့်စိမ့်နဲ့ နေလို့ကောင်းနေပြီလေ။ ဒီလိုအချိန်မှာသာ ဟော့ပေါ့ပူပူလေး လွေးလိုက်ရရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်။ 

ဒီလိုမျိုး အစားတလိုင်းတွေရဲ့ အကြိုက်ကို မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ Myanmar Restuarant Guide က ဒီတစ်ပတ်မှာတော့ အရသာမှာ သူမတူတဲ့ Little Sheep Hotpot ဆိုင်လေးမှာ လက်ရှိပေးနေတဲ့ ပရိုမိုးရှင်းတွေအကြောင်း ပြောပြပေးလိုက်ချင်ပါတယ်။

Little Sheep Hotpot ဆိုတာ မိုဂိုလီယမ်တွေရဲ့ မူရင်းအရသာအတိုင်း ပြုလုပ်ထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သိုးသားနဲ့ ဟော့ပေါ့စားလို့ရတဲ့ ဆိုင်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီဆိုင်မှာ အထူးခြားဆုံးကတော့ အာဟာရ ပြည့်ဝတဲ့ ပါဝင်ပစ္စည်း အစုံအလင် ထည့်သွင်းထားတဲ့ ဟင်းရည်ပါပဲနော်။ 

Little Sheep မှာ ဟင်းရည် အနေနဲ့ (၅) မျိုးအထိ ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်နိုင်တဲ့ ဟင်းရည် အမျိုးအစားတွေကတော့ Original, Spicy, Mushroom, Tomato နဲ့ Double Flavor စတာတွေပဲ ဖြစ်ပါတယ်။ လူကြိုက်အများဆုံး ဟင်းရည်တွေကတော့ Original, Spicy နဲ့ Tomato စတာတွေပါပဲ။ 

ဟင်းရည်တွေထဲမှာ အခြေခံအားဖြင့် ကျန်းမာရေးကောင်းမွန်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ အချိုးကျ ရောစပ်ထားပါတယ်။ လူကြိုက်များတဲ့ Spicy Soup မှာ ဆိုရင်တော့ 

  • အစာချေလွယ်ပြီး ဇီဝဖြစ်ပျက်မှုကို ကောင်းမွန်စေတဲ့အပြင် ဆီးချိုရောဂါ ဖြစ်နိုင်ချေကိုလည်း လျှော့ချပေးတဲ့ ငရုတ်သီး၊ 
  • မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ပြီး ဓာတ်တိုးပစ္စည်းများ မြင့်မားစွာ ပါဝင်လို့ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဓာတ်တိုးမှုတွေကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ လေးညှင်း၊ 
  • သွေးလည်ပတ်မှု အားကောင်းစေတဲ့အပြင် အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ရောင်ရမ်းမှုကိုလည်း လျှော့ချပေးနိုင်တဲ့ စီချွမ်ငရုတ်ကောင်း၊ 
  • နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ကင်ဆာဖြစ်နိုင်ချေ တိုက်ဖျက်ရာမှာ အထောက်အကူပြုတဲ့ စမုန်နက်စေ့၊ 

စတဲ့ ကျန်းမာရေးဓာတ်စာ များစွာ ပါဝင်ပါတယ်။ စပယ်ရှယ်မီနျူးများစွာ ရှိပြီး အဓိက မီနျူးတစ်ခုဖြစ်တဲ့ သိုးသားကိုတော့ အမျိုးအစား (၉)မျိုးအထိ ရွေးချယ်မှာယူနိုင်မှာ ဖြစ်ပါတယ်။ 

Little Sheep Mongolian Hot Pot | Restaurants in Armour Square, Chicago

အခု အစားတလိုင်းလေးတွေ စောင့်မျှော်နေတဲ့ ပရိုမိုးရှင်းအပိုင်း ရောက်ရှိလာပါပြီ။ ဒါကတော့ ခရစ္စမတ် အထူးစပယ်ရှယ် ပြုလုပ်ပေးထားတဲ့ ဟော့ပေါ့ Set Aနဲ့ Set B ကို Takeaway သို့မဟုတ် Delivery နဲ့ မှာယူစားသုံးသူတိုင်းအတွက် Discount တွေ ပေးနေတာပဲ ဖြစ်ပါတယ်။ 

မည်သူမဆို ဆိုင်အထိ လာရောက်ပြီး Set A သို့မဟုတ် Set B ကို Takeaway လာရောက်ဝယ်ယူမယ့် စားသုံးသူတိုင်းအတွက် 30% အထိ Discount တွေ ပေးနေပြီးတော့ Foodpanda ကနေ မှာယူသူတိုင်းကိုတော့ Set A အတွက် 20%, Set B အတွက် 30% Discount တွေ ပေးနေတာပဲ ဖြစ်ပါတယ်။ 

ပရိုမိုးရှင်းကာလကတော့ ဒီဇင်ဘာ (၂၄)ရက်နေ့ကနေ ဒီဇင်ဘာ (၃၁) ရက်နေ့အထိ ဖြစ်ပါတယ်နော်။ 

ဆိုင်လိပ်စာ - ၁၄/၁၄ ခ ၊ ကန်ဘောင်ဇလမ်း ၊ ရွှေတောင်ကြား (၁) ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့။
ဖုန်း - 09 443 399 701 , 09 443 399 702 

ကဲ၊ စားဖို့သောက်ဖို့ ပရိုမိုးရှင်းတွေလည်း ရှိပြီဆိုတော့ အတူတူစားဖို့ မိသားစုတွေကို မန်းရှင်းခေါ်လိုက်တော့နော်။ 


Read 748 times.