Cafes & Restaurant

စားချင်တာအကုန်စားလို့ရတဲ့ Junction City Food Streat

December 22, 2020

သူငယ်ချင်းတွေနဲ့ အပြင်သွားရင် တစ်ယောက်ချင်းစီ “နင်ဘာစားမလဲ၊ငါဘာစားမလဲ” လိုက်မေးနေရတာလည်း စိတ်မရှည်စရာ ကောင်းပါတယ်။တစ်ယောက်က ဂျပန်စာစားချင်တယ်၊ နောက်တစ်ယောက်က ကိုရီးယားစာ စားချင်တယ်။ ဒီလို စားချင်တာတွေ တစ်နေရာတည်းမှာ ရနိုင်ဖို့ City Food Streat ရှိပါတယ်။ 

Food Streat မှာရှိတဲ့စားသောက်ဖွယ်ရာတွေဆိုတာ အရှေ့တောင်အာရှကစလို့ ဂျပန်စာအထိ အားလုံးရဲ့ အာသီသပြ၊ စားချင်တဲ့အရာတွေ တစ်နေရာထဲမှာ စုစည်းနေတာမျိုးနော်။ 

ဘာတွေရနိုင်မလဲဆိုရင် အနံ့အရသာနဲ့ပြည့်စုံတဲ့ အိန္ဒိယအစားအစာတွေ၊လူတိုင်းနီးပါး ကြိုက်ကြတဲ့ ဆူရှီလို ဂျပန်အစားအစာတွေ၊အကောင်းဆုံးဆိုတဲ့ ကိုရီးယားအစားအစာလေးတွေ၊ Potato Corner ရဲ့ shaking fries တွေ၊ အစပ်အဟပ်တည့်တဲ့ မြန်မာ အစားအစာတွေ စတဲ့အစားအစားမျိုးစုံကို ရနိုင်မှာပါ။ 

ဆိုင်မှာစားလို့မရပေမယ့် Food Panda, Grab Food တို့ကနေ မှာလို့ရတယ်ဆိုတော့ အိမ်မှာပဲနေချင်တဲ့ အပျင်းထူတွေအတွက် အဆင်ပြေတာပေါ့။

 


Read 663 times.