Good Drinks

ဝိတ်ကျစေဖို့အတွက် Green Tea တကယ်လိုအပ်တာလား?

November 24, 2021

Green Tea ဟာ ဝိတ်ကျစေဖို့အတွက် အထူးအသုံးဝင်တာ သိကြမှာပါ။ ဒါပေမယ့် သောက်သုံးတဲ့စနစ် မှန်ကန်ဖို့ဟာ အရေးကြီးပါတယ်။ ဘယ်အစားအစာ မဆို မှန်ကန်တဲ့ အချိန်မှာ နည်းစနစ်ကျကျ စားသုံးခြင်းဟာ သင့်ကိုကျန်းမာစေဖို့ အထူး ကူညီပေးပါတယ်။

Women’s Health’s အာဟာရပညာရှင် Keri ဟာ Green Tea နဲ့ ပတ်သက်တဲ့ မေးခွန်းအချို့ကို ဖြေပေးထားပါတယ်။ ဒီမေးခွန်းနဲ့ အဖြေတွေကတော့ ...

Green Tea ကို အခြား Flavored ဖြစ်တဲ့အရာတွေ ထပ်ပေါင်း သောက်သင့်ပါသလား?

Green Tea ဟာ ဝိတ်ကျစေတာ သိတယ်မလား။ သလဲသီး ၊ ဘယ်ရီသီး အစရှိတဲ့ အသီးတွေ အခြားအရာတွေ ထပ်ပေါင်းထည့်ထားတဲ့ Green Tea တွေဟာ သကြားတွေ ပါဝင်တတ်ပါတယ်။ သင်တို့ ဆိုင်တွေကနေ သောက်နေတဲ့ Green Tea ဟာ သကြားတွေ ပါပါတယ်။

စမုတီ သောက်တဲ့အခါမှာလည်း သကြားပါနေပါသေးတယ်။ ဒါကြောင့် ဝိတ်လျှော့ချင်သူတွေအတွက်တော့ သကြားထပ်ဖြည့်မထားတဲ့ Green Tea ကိုပဲ သောက်ဖို့ အကြံပေးချင်ပါတယ်။

ဝိတ်ကျဖို့ Green Tea သောက်တဲ့အခါ ဘယ်တံဆိပ်ကိုပဲ သောက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိပါသလား?

ဒါကတော့ သူရဲ့ လက်ဖက်ရွက် အရည်အသွေးပေါ်မှာ မူတည်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ မလိုအပ်ပါဘူး။ သင် Green Tea ဝယ်တော့မယ်ဆိုရင်တော့ အပေါ်မှာ ရေးထားတဲ့ အညွှန်းစာတွေကို သေချာဖတ်ပါ။

ပါဝင်ပစ္စည်းတွေထဲမှာ သကြားတွေ ပါနေသလား၊ သဘာဝမဟုတ်တဲ့ အရာတွေ ပါနေသလား၊ ဗီတာမင်ပါဝင်မှုဟာ အခြားတံဆိပ်တွေထက် နည်းနေလား အစရှိတဲ့ အရာတွေပေါ် မူတည်ပြီး ဆုံးဖြတ်ဝယ်ပါ။

Green Tea ကို ရေခဲနဲ့ သောက်ရင်ရော ဝိတ်ကျနိုင်ပါသလား?

Green Tea အာနိသင်နဲ့ အတူတူပါပဲ။ အေးသည်ဖြစ်စေ ပူသည်ဖြစ်စေပါ။ ဒါပေမယ့် တစ်ခုတော့ မှတ်ထားပါ။ ရေခဲတွေက အရည်ပျော်သွားတဲ့အခါ Green Tea ထဲကို ရေပိုရောပြီးသားဖြစ်သွားပြီး အာနိသင် ကျသွားတတ်ပါတယ်။ ဒါကြောင့် အပူသောက်တာ ပိုကောင်းပါတယ်။

အပူသောက်တဲ့ အခါ ရေနွေးအိုးဆူတဲ့အခါ တန်းထည့်တာမျိုး မလုပ်ဘဲ Green Tea အထုပ်လေးကို ခွက်ထဲထည့်ပြီးမှ အပေါ်ကနေ ရေနွေးလောင်းပါ။ ၂-၄ မိနစ်လောက် ထားပြီးမှ သောက်ပေးပါ။

Green Tea ဟာ ရက်လွန်သွားရင် ဘာဖြစ်နိုင်ပါသလဲ?

လတ်ဆတ်တဲ့ အရာတွေကို အသုံးပြုတာကတော့ အကောင်းဆုံးပါပဲ။ Green Tea တစ်ထုပ် ဝယ်ထားပြီဆိုရင်တော့ ၆လ အတွင်းမှာ ကုန်အောင် သောက်ပေးပါ။ ဒါမှ သူ့မှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေ မလျှော့ပါးခင် သာက်သုံးတယ်လို့ ဆိုရပါမယ်။


Read 732 times.