Cafes & Restaurant

ရန်ကုန်မြို့မှာ တစ်ဆိုင်ထဲ နှင်းကျနေတဲ့ Desire Yangon

January 14, 2021

ကိုဗစ်ကာလဟာ အစားသောက်သရဲတွေအတွက် တကယ့်ကို အဓိပ္ပာယ်မဲ့စေတဲ့ အချိန်တစ်ခုပါ။ ကိုဗစ်ရောဂါကူးစက်မှုကြောင့် စားသောက်ဆိုင်တွေကို ဆိုင်ထိုင်စားခွင့်ပိတ်ထားတော့ Foodie တွေ ပိုရင်နာရတာပေါ့။

ဒါပေမဲ့ ကိုဗစ်အေးကာလရောက်လာတဲ့ အခါမှာတော့ Foodie တွေအတွက် ဆိုင်ထိုင်စားခွင့်တွေက တဖြည်းဖြည်း မျှော်လင့်ချက်ရောင်ခြည်သန်းလာပါပြီ။

စားသောက်ဆိုင်တွေမှာလည်း ထိုင်ချင်တယ်၊ ကိုဗစ်ကူးမှာကြောက်လို့ လူများတဲ့ နေရာတွေလည်းမသွားချင်ဘူး၊ အေးအေးဆေးဆေးလေးပဲ Chill ချင်ပါတယ်ဆိုတဲ့ သူတွေအတွက် သတင်းကောင်းလေးတစ်ခုရှိပါတယ်။

မြို့ပြရဲ့ အငွေ့အသက်လေးကို ခံစားရင်း Cafe ဆိုင်အရသာလေးကို စားသောက်ဆိုင် Moodလေးနဲ့ မိသားစု/သူငယ်ချင်းတွေ ဒါမှမဟုတ် ကောင်လေး/ကောင်မလေးနဲ့ သာသာယာယာ ကော်ဖီလေးသောက်ရင်း စကားပြောလို့ရမယ့် Desire က သင့်ကိုစောင့်ကြိုနေပါတယ်။

Desire ဆိုတာ ဘာလဲ? ဆိုင်က ကောင်းရော ကောင်းပါ့မလား? ဒီ့အတွက်တော့ အန်ကယ်ကတော့ "Yes" လို့ပဲ ပြောချင်ပါတယ်။ Desire ဆိုတာက ရန်ကုန်တစ်မြို့လုံးမှာ တစ်ဆိုင်ထဲ ကွက်ပြီး နှင်းကျနေတဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။ 

No photo description available.

ဒီဆိုင်လေးက Londonရဲ့ ဆောင်းရာသီကို Inspiration ထားပြီး လူငယ်တိုင်း ယနေ့ချိန်ထိ ကြိုက်နှစ်သက်နေဆဲဖြစ်တဲ့ Harry Potter ထဲက အပြင်အဆင်တွေကို Signature ယူထားတဲ့အတွက် ဘယ်ဆိုင်နဲ့မှ မတူတဲ့ ခံစားချက်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။

Coffee လေးသောက်ရင်းနဲ့ ဖြစ်ဖြစ်၊ မုန့်စားရင်းနဲ့ ဖြစ်ဖြစ်၊ စကားလေးတွေ အေးဆေးပြောရင်း နှင်းကျနေတဲ့ အရသာကို အပြည့်အဝ ခံစားရစေမှာ ဖြစ်လို့ မဖြစ်မနေ Try သင့်တဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။

Image may contain: indoor, text that says 'Aero MERR our signature drink CHRISTMAS MAS CHRIST English Breakfast CREAMY FIZZY 4,000 Most Popular Fruit Sandwich 2,500 ks Mini Burgers & Fries ,800 ,000 米 Gimbap AN'

ကိုဗစ်ကြောင့် Desire က Takeaway နဲ့ Delivery Service သာရပေမယ့် Foodie တွေအတွက်ကိုတော့ Booking စနစ်နဲ့ လူဦးရေကန့်သတ်ပြီး အေးဆေး Chill ရုံပဲနော်။

ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် (၁၂) နာရီကနေ ညနေ (၅) နာရီထိ ဖွင့်လှစ်ထားပါတယ်။ ဆိုင်ရဲ့ Menu တွေက တန်တဲ့အပြင် Snack တွေလည်းရသေးတယ်ဆိုတော့ Foodie တွေ အကြိုက်ပဲလေ။

Image may contain: one or more people and outdoor

အရသာရှိတဲ့ အစားအစာတွေအပြင် သူများနဲ့မတူတဲ့ ဆိုင်အပြင်အဆင်တွေကို try ကြည့်ချင်တဲ့ သူတွေအတွက်...

Address - Kyee MyinDaing Township, No.55 Upper Insein Street.

Phone - 0976 890 9238

Delivery အနေနဲ့ Foodpanda, Yangon Door2Door, FoodMall အပြင် Desire ရဲ့ Website နဲ့ Facebook Message Box မှာလည်း မှာယူနိုင်ပါတယ်။

Desire ရဲ့ Menu ကို ကြည့်ရန် >> Link

Desire Website >> Link 

Food Panda >> Link

Yangon Door2Door >> Link

FoodMall >> Link

By The Myanmar Restaurant Guide


Read 1478 times.