Eating Tips

ရန်ကုန်မြို့တွင်း ထိုင်လို့ကောင်းတဲ့ Coffee ဆိုင် ၃ ဆိုင်

September 5, 2022

ကော်ဖီဆိုင်တွေ များပြာလာတာနဲ့အမျှ နေရာရွေးရခက်တဲ့ ကိစ္စလေးတစ်ရပ်ကလည်း တိုးလာပါသေးတယ်နော်။ ဒီဆိုင်လေးတွေကတော့ လူကြိုက်များ ခေတ်စားနေတဲ့ ကော်ဖီဆိုင်လေးတွေရဲ့ အကြောင်းလေးတွေဘဲ ဖြစ်ပါတယ်။

1. Gloria Jean's Coffees Myanmar
Gloria Jean's Coffee ကတော့ ၂၀၁၆ မတ်လမှာ ပထမဦးဆုံးဆိုင်ကို Myanmar Plaza မှာစတင်ဖွင့်လှစ်ခဲ့တာဘဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးကတော့ ဆိုင်စဖွင့်ထဲက လူငယ်တွေကြားရေပန်းစားတဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်ခဲ့တာဟာ အခုအချိန်ထိတိုင်ပါဘဲ။ အခုဆိုရင်တော့ Time City Mall, Junction Square, Junction City, ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် မန္တလေးမြို့ တို့မှာ ဆိုင်ခွဲတွေဖွင့်လှစ်ထားတာဘဲဖြစ်ပါတယ်။ ကော်ဖီမျိုးစုံရှိတဲ့အပြင် တွဲဖက်စားသုံးနိုင်ဖို့ ကိတ်လေးတွေလည်းရှိပါသေးတယ်။ ကော်ဖီလေးသောက်ပြီးစာအုပ်ဖတ်ချင်တဲ့သူတွေအတွက်အဆင်ပြေသလို၊ Laptop လေးနဲ့ အလုပ်လုပ်ချင်တဲ့ သူတွေအတွက်လည်း အဆင်ပြေစေနိုင်မဲ့ နေရာမျိုးလေးဘဲ ဖြစ်ပါတယ်။

Fb Link >>> Gloria Jean's Coffees Myanmar


2. Black Canyon Myanmar
Black Canyon သည် ၁၉၉၃ ခုနှစ်တွင်ဖောက်သည်များအား နိုင်ငံတကာနှင့်ထိုင်းအစားအစာဟင်းလျာများနှ င့်အရည်အသွေးအကောင်းဆုံးကော်ဖီနှင့် အချိုရည်များကိုဖြည့်ဆည်းရန်အတွက် အထူးကော်ဖီဆိုင်များကို စတင်တည်ထောင်ခဲ့ပါသည်။ Black Canyon ရဲ့လူသိအများဆုံးမီနူးများသည် အရည်အသွေးမြင့်ကော်ဖီနှင့်အ ချိုရည်များဖြစ်ပြီး ၎င်း၏အရသာထူးခြားသောအရသာများဖြစ်သည်။ Black Canyon တွင် ဝန်ဆောင်မှုပေးသော အထူးအထူးကော်ဖီနှင့်အချိုရည်များမှာ espresso, cappuccino နှင့် mocha, ဥရောပမှ Matcha အစိမ်းရောင်လက်ဖက်ရည်၊ ထိုင်းလက်ဖက်ရည်နှင့်သစ်သီးဖျော်ရည်များဖြစ်ပါသည်။ Western Food တွေလည်း ရှိတာမို့ အစားရော အသောက်ရော တစ်နေရာထဲ ရနိုင်တဲ့ ဆိုင်လေးလဲ ဖြစ်ပါတယ်။Myanmar Plaza, Yangon International Hotel, Kanthayar Center, ဆူးလေနဲ့ဆရာစံလမ်း တို့မှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ထားပါတယ်။

Fb Link >>>  Black Canyon Myanmar


3. TOM N TOMS Coffee Myanmar
Tom N Toms ကတော့ Korea နိုင်ငံရဲ့ နံပါတ် ၁ နေရာရထားတာဘဲ ဖြစ်ပါတယ်။ ဆိုင်ခွဲပေါင် ၄၀၀ ကျော်ကို Korea, Singapore, China, Hong Kong, Thailand, Malaysia, Mongolia, Philippines, Macau, Australia, USA နဲ့ မြန်မာနိုင်ငံတို့မှာ ဖွင့်လှစ်ထားတာဘဲ ဖြစ်ပါတယ်။ Americano နဲ့ Lattae တို့က ဆိုင်ရဲ့ အဓိက Menu ဖြစ်ပါတယ်။ Tomnccino, Chocolate and Green tea, Chai latte,Tea Black, Herb, Fresh Tea, Smoothie Yogurt and Non yogurt smoothie, Hot dog နှင့် ပျားရည်ထောပတ်ပေါင်မုန့်တွေလည်း ရနိုင်ပါသေးတယ်။ ရန်ကုန်မြို့မှာတော့ Kanthayar Center၊ Time City နှင့် ဝန်ကြီးများရုံးတို့မှာ ဆိုင်ခွဲတွေဖွင့်လှစ်ထားတာဘဲ ဖြစ်ပါတယ်။ 

Fb Link >>> TOM N TOMS Coffee Myanmar

ရန်ကုန်မြို့တွင်းထိုင်လို့အရမ်းကောင်းတဲ့ ကော်ဖီဆိုင်လေးတွေရဲ့အကြောင်းကို ဝေမျှပေးထားတာဖြစ်လို့ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ သွားကြည့်ကြပါနော်။

MyanmarRestaurantGuide
 


Read 575 times.