Cafes & Restaurant

မိုးရာသီမှာ အေးဆေး Chill လို့ကောင်းတဲ့ ကော်ဖီဆိုင် (၆) ဆိုင်

June 17, 2021

အိမ်တွင်းအောင်းပြီး စိတ်ညစ်နေမယ့်အစား အပြင်မှာ ပျော်စရာတွေကို ရှာဖွေသင့်ပါတယ်။ လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုးပါတယ်။ စိတ်ထောင်းလို့ ကိုယ်ကျင် ဆိုသလို စိတ်ကို အနားပေးဖို့ နည်းလမ်းတွေကို အသုံးချသင့်ပါတယ်။

ကိုယ်ဝါသနာပါတာတွေကို လုပ်ပြီး စိတ်ကို အာရုံလွှဲနိုင်ပါတယ်။ ကိုယ်က စာအုပ်လေးဖတ်၊ ကော်ဖီခွက်လေးနဲ့ နေတတ်တဲ့သူဆိုရင် အေးအေးဆေးဆေးရှိတဲ့ Cafe ဆိုင်လေးတွေကို ရွေးချယ်ပါ။ အပေါင်းသင်းတွေနဲ့ တွေ့ပြီး Game ဆော့တတ်တဲ့သူဆိုရင် Chill လို့ရမယ့် Cafe ကိုရွေးပါ။ 

ချစ်သူနဲ့ နှစ်ယောက်တည်းတွေ့ပြီး စကားတွေပြောချင်တဲ့ သူဆိုရင်လည်း Cafe ကိုပဲရွေးပါ။ ဘာလုပ်လုပ် Cafe ကိုပဲရွေးပါ။ မသိဘူးစားမယ်ဆိုတဲ့ သူတွေလည်း ရွေးမယ်ဆို Cafe တွေရှိပါတယ်။

ဒါ့ကြောင့် ဓာတ်ပုံရိုက်လို့ကောင်းပြီး ဘော်ဒါလော်ပါတွေနဲ့ သာသာယာယာ ပျော်ပါးလို့ရမယ့် Cafe ဆိုင်လန်းလန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) W Bistro

အခုလို မိုးရာသီမှာ စာအုပ်လေးတစ်အုပ်နဲ့ ကော်ဖီလေးသောက်ဖို့ဆိုရင် W Bistro ကို သတိရလိုက်ပါ။ ဆိုင်ရဲ့ အကျယ်အဝန်းကလည်း အနေတော်ဆိုတော့ Table တွေကြပ်မှာ မပူရတဲ့အတွက် အေးအေးချမ်းချမ်းပါပဲ။  

ဆက်သွယ်ရန် - 09 40771 8616

လိပ်စာ - Ground Floor, Winner Inn, No 42 Than Lwin Road, Bahan Township Yangon

Facebook Page - Link Here

No photo description available.

(2) Kafe In Town

ဆိုင်ရဲ့ အပြင်အဆင်ကြောင့် ဘာနဲ့မှမတူတဲ့ ထူးခြားတဲ့ ခံစားချက်ကို ရရှိမှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်က မနက် (၇) နာရီကနေ ည (၁၁) နာရီထိဖွင့်တဲ့အပြင် ကော်ဖီလေးသောက်၊ မုန့်လေးစားပြီး အလုပ်အေးဆေး လုပ်လို့ရမယ့် ဆိုင်လေးတစ်ဆိုင် ဖြစ်ပါတယ်။

ဆက်သွယ်ရန် - 09 781 888838

လိပ်စာ - Corner of Pansodan st & Konthel st Yangon

Facebook Page - Link Here

No photo description available.

(3) Rangoon Tea House

Coffee Date မယ်ဆိုရင် ဒီဆိုင်လေးက အသင့်တော်ဆုံးဖြစ်ပြီး အစားအသောက်တွေကလည်း ရှယ်ကောင်းပါတယ်။ ဆိုင်က လူအမြဲပြည့်နေတတ်တာကြောင့် Booking လေးကြိုလုပ်သွားတာက ပိုကောင်းပါတယ်။

Rangoon Tea House (Pansodan Rd)

ဆိုင်ဖွင့်ချိန် - 6:30am to 6:30pm

ဆက်သွယ်ရန် - 09979078681

Rangoon Tea House (Golden Valley)

ဆိုင်ဖွင့်ချိန် - 6:30am to 6:30pm

ဆက်သွယ်ရန် - 09880168318

Facebook Page - Link Here

No photo description available.

(4) Rio

ကိုယ်စီ အလုပ်ကိစ္စတွေနဲ့ လှုပ်ရှားနေတဲ့ သူတွေကို အပေါ်ကနေကြည့်ရင်း ကော်ဖီသောက်ရတာက ဘာနဲ့မှမလဲနိုင်တဲ့ ခံစားမှုတစ်မျိုးပါပဲ။ ဒီလို ခံစားမှုမျိုးကို ခံစားချင်ရင်တော့ Rio မှာ ရှာဖွေနိုင်ပါတယ်။

ဆက်သွယ်ရန် - 09 40778 8100

လိပ်စာ - 2nd Floor, Sule Pagoda Road Yangon

Facebook Page - Link Here

May be an image of indoor

(5) CoFree Coffee

ဆိုင်အပြင်အဆင်လေးက ရိုးရိုးလေးနဲ့ဆန်းတာမို့လို့ အေးရာအေးကြောင်း စကားပြောလို့ကောင်းတဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။ 

ဆက်သွယ်ရန် - 09 798 776068

လိပ်စာ - No.6, Shin Saw Pu Pagoda Road, Sanchaung Yangon

Facebook Page - Link Here

May be an image of indoor

(6) InstaCafé

ကျောက်မြောင်းမှာရှိတဲ့ ဒီဆိုင်လေးက Chill ဖို့အတွက် သင့်တော်တဲ့ ဆိုင်တွေထဲက တစ်ဆိုင်ဖြစ်ပြီး တိတ်ဆိတ်တာကြောင့် စာအုပ်ဖတ်တာ၊ အလုပ်လုပ်တာတွေအတွက် အဆင်ပြေပါတယ်။

ဆက်သွယ်ရန် - 09 40722 5558

လိပ်စာ - 44 Seikta Thukha St, Kyauk Myaung, Tamwe Tsp Yangon

Facebook Page - Link Here

No photo description available.


Read 1303 times.