Bars & Pubs

ငွေဆောင်ကမ်းခြေမှာ ပြန်ဖွင့်တော့မယ့် Brzio Beach Bar

September 30, 2022

အခုပြောပြပေးမယ့်ဆိုင်ကတော့ မွန်းကြပ်တဲ့ မြို့ပြကြီးကနေ ခဏထွက်ခွာပြီး ငွေဆောင်ကမ်းခြေအလှကို ခံ စားရင်း Chill လို့ရမယ့် ငွေဆောင်ကမ်းခြေက Eskala Hotels Ngwe Saung Beach မှာဖွင့်ထားတဲ့ Brizo Beach Bar ပဲဖြစ်ပါတယ်။

ငွေဆောင်ရဲ့ အကျော်ကြားဆုံး Brzio Beach Bar ကို စောင့်မျှော်နေတဲ့ ဧည့်သည်တွေအတွက် အောက်တိုဘာ လ ၂ရက်နေ့ ညနေ ၆နာရီခွဲမှာ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

Ngwe Saung မှာ beach ပေါ်မှာထိုင်ရင်း ပင်လယ်ကြီးနဲ့ နေဝင်ချိန်ကိုကြည့်နိုင်မှာ ပဲဖြစ်ပြီး နိုင်ငံခြားဆန်တဲ့ Instagram spot ‌လေးနဲ့ ဓာတ်ပုံအမိုက်စားရိုက်လို့ရတဲ့နေရာလဲဖြစ်ပါတယ်။

အရမ်းလတ်ဆတ်တဲ့ ပင်လယ်စာ အစားအစာတွေနဲ့ အကောင်းဆုံးဆိုတဲ့ Cocktails တွေ, Beverage အစုံကို သင့်တင့်တဲ့ ဈေးနှုန်းတွေနဲ့ရရှိမှာပါ။

ကမ်းခြေမှာ ကိုယ်ချစ်ရတဲ့ လက်တွဲဖော် ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့ သူတွေနဲ့ အပန်းဖြေအနားယူဖို့ အသင့်တော်ဆုံး နေရာလည်းဖြစ်ပါတယ်။

ဒါ့အပြင် Birthday , Anniversary, Wedding, Honeymoon ပွဲများ ငွေဆောင်မှာ စီစဉ်ပေးချင်ရင်တော့ Eskala Hotel ရဲ့ Brizo Bar & Restaurant မှာကျင်းပပေးလို့ရပါတယ်။

Birthday Cake, Anniversary Cake, Wedding Cake တွေကိုလည်း လိုချင်တဲ့ကိတ်မုန့်ပုံစံ Design Color ကို စိတ်တိုင်းကျ ဆွေးနွေးပြီးမှ စိတ်တိုင်းကျ မှာယူနိုင်ပါတယ်။ ထူးခြားကောင်းမွန်တဲ့ အရသာကို သင့်တင့်မျှတသော ဈေးနှုန်းများနဲ့ သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။ 

ရရှိမယ့် Cake အမျိုးအစားများကတော့ Cream Cake, Cheese Cake, Chocolate, Strawberry Flavor Cakes, Vanilla Flavors Cakes, Custard Cakes, Green Tea Cakes တို့ဖြစ်ပါတယ်။

 ကိတ်မှာယူလိုချင်တယ်ဆိုရင်တော့ Brizo Bar & Restaurant Facebook Messanger (or) Brizo Beach Bar Facebook Messanger (or) 09255111483/09255111485 တို့ကို ဆက်သွယ်မှာယူနိုင်ပါတယ်။

ဒါ့ကြောင့် လှပတဲ့ ကမ်းခြေညနေခင်းလေးနှင့်အတူ Beach yummy food တွေရဲ့ အမိုက်စား အရသာတွေခံစားဖို့ ငွေဆောင်ကမ်းခြေက Brizo Beach Bar ကိုလမ်းညွှန်ပေးလိုက်ပါတယ်။

FB Link >>> Brizo Beach Bar

FB Link >>> Brizo Bar & Restaurant at Eskala Hotels Ngwe Saung Beach

The Myanmar Restaurant Guide
 


Read 447 times.