Cafes & Restaurant

မန္တလေးမြို့မှ BBQ အစားတစ်လိုင်းလေးတို့အတွက်

August 9, 2022

Hotpot Season BBQ & Buffet Restaurant

မန္တလေးမြို့ ၆၃လမ်း၊ ၄၀×၄၁လမ်းကြား (လမ်း ၄၀ထောင့်အနီး) မဟာမြိုင် (၂) ရပ်ကွက် တွင်ရှိသော Hotpot Season ဆိုင်မှာ ဘူဖေးအဝစားနှင့် ယိုးဒယား မူကထ အသားကင်ပွဲSet  ဆိုပြီး ရွေးချယ်ဝယ်ယူ အားပေးသုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဘူဖေးအဝစားကတော့ ဆိုင်မှာခင်းကျင်းထားသော အသား၊ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်၊ အချိုပွဲ၊ အအေး၊ ရေခဲမုန့်၊ အရံဟင်း(၆)မျိုး တို့ကိုအချိန်ကန့် သတ်ချက်မရှိ စိတ်ကြိုက်အ၀သုံးဆောင်နိုင်မှာပဲပါတယ်။ ဆိုင်ဖွင့်ချိန်လေးကတော့ မနက် ၁၁နာရီမှ ည၁၀နာရီအထိ ဖြစ်ပါတယ်။

လိပ်စာ - ၆၃လမ်း၊ ၄၀×၄၁လမ်းကြား (လမ်း ၄၀ထောင့်အနီး) မဟာမြိုင် (၂) ရပ်ကွက်၊ မန္တလေးမြို့။ 
ဖုန်း     - ၀၉ ၇၉၇ ၂၀၇ ၂၃၃

 

Mr.Jerry BBQ and Hotpot Mandalay

အကင်တွေကို အရသာရှိစွာ စားသုံးဖို့ "Mr.Jerry ရဲ့ Main Sauce များ” BBQ တွေ များများ စားနိုင်ဖို့ဆိုတာ အချဉ်ရည် အရွေးမှန်ဖို့ ၊ အစပ်အဟပ် တည့်ဖို့ ရေးကြီးပါတယ်။ Mr.Jerry မှာကတော့ BBQ တွေကို Special Cheese Sauce နဲ့ တွဲစားရင် အလိုက်ဖက်ဆုံး ဆိုပေမယ့် ဒီလို ချဉ်ချဉ်စပ်စပ် "BBQ Sauce” တွေနဲ့ တွဲဖက်စားလည်း အရသာရှိနေမှာပါပဲဖြစ်ပါတယ်။

Mr.Jerry မှာဆိုရင် BBQ တွေနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် မန်ကျည်း ဆော့စ်၊ ခရမ်းချဉ် ဆော့စ်၊ ပင်လယ်စာ ဆောစ့် စတဲ့ Signature အချဉ်ရည် (၃) မျိုးတောင် ရှိတဲ့အပြင် အရသာကိုလိုသလို ပြင်ဆင်ဖို့အတွက်လည်း ကြက်သွန်ဖြူထောင်း ၊ ငရုတ်သီးထောင်း ၊ နံနံပင် ၊ ကြက်သွန်မြိတ် ၊ ပဲငံပြာရည် ၊ အသားမှုန့် ၊ သကြား စတဲ့ အမယ်မျိုးစုံကိုလည်း ပြင်ဆင်ပေးထားပါတယ်။

စျေးနှုန်းကတော့ လူကြီး တစ်ဦးလျှင် ၁၈၅၀၀ ကျပ်၊ ကလေး (အရပ် ၃ပေခွဲ ကနေ ၄ပေခွဲ အတွင်း) ၉၀၀၀ကျပ် နဲ့ Mr Jerry ရဲ့ bbq တွေကို အချိန်အကန့်သတ်မရှိစား  ဘူဖေး ဖြင့် သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။ စနေ/ တနင်္ဂနွေနှင့် ပိတ်ရက်ဆိုရင်တော့ table booking လုပ်ပေးရန်လိုအပ်ပါတယ်။ ဆိုင်ဖွင့်ချိန်လေးကတော့ နေ့လည် ၁၁ နာရီမှ ည ၈ နာရီ အထိ ဖြစ်ပါတယ်။

လိပ်စာ - ၂၇လမ်း၊ ၆၃နှင့် ၆၄လမ်းကြား၊ မန္တလေးမြို့။
ဖုန်း     - ၀၉ ၇၆၇ ၂၀၃ ၀၃၀

 

Little Boss Hot Pot & BBQ

ဟော့ပေါ့ဆို Little Boss မှ Little Boss ဆိုသူတွေအတွက် ရွေးချယ်စရာ Ingredient တွေက စုံလင်ပြီး အစားအစာလတ်ဆတ်ခြင်း၊ ဆိုင်အနေအထား သန့်ရှင်း သပ်ရပ်ခြင်း၊ Customer Service အရမ်းကောင်းလို့ စိတ်အေးလက်ဆေး စားသုံးလို့ရပါတယ်။

ဆိုင်ခွဲတွေလဲရှိတာကြောင့် ဆိုင်ခွဲလိပ်စာလေးတွေလဲ အောက်တွင်ဖော်ပြထားပါတယ်။ ဆိုင်ဖွင့်ချိန်လေးကတော့ မနက် ၁၁နာရီမှ ည ၁၀ နာရီအထိ ဖြစ်ပါတယ်။

လိပ်စာ -  ၃၇လမ်း၊ ၆၃နှင့် ၆၄လမ်းကြား မန္တလေးမြို့။
ဖုန်း     - ၀၉ ၄၀၉ ၀၇၀ ၁၈၀
လိပ်စာ -  ၁၀၅လမ်း၊ ၆၅နှင့် ၆၆လမ်းကြား မန္တလေးမြို့။
ဖုန်း     -  ၀၉ ၂၀၃ ၄၄၂၈

 

Little Panda Hot Pot & BBQ Buffet

"သရုပ်မှန်ကိုဖော်ထုတ်ဖို့ ဘူဖေးစားကြစို့" "ပန်ဒါလေး"တို့ဆီက ဘူဖေး‌လေးရဲ့အရသာကတော့ Foodie လေးတို့ရဲ့ သွားရည်မကျအောင် ဟန်ဆောင်ထားနိုင်စွမ်းတွေစိန်ခေါ်လိုက်ပြီပဲဖြစ်ပါတယ်။ စိတ်လွတ် လက်လွတ်နဲ့ အဝစားဖို့ ပန်ဒါလေး‌တို့က စီစဉ်ပေးထားတာမို့ ဟန်ဆောင်ထားသမျှဖြည်ချပြီး ၅,၈၀၀ ကျပ်ထက် ပိုတန်ပြီး အရမ်းကောင်းတဲ့ ဘူဖေးလေးပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်လေးကတော့ မနက် ၁၀နာရီမှ ည ၉ နာရီ အထိ ဖြစ်ပါတယ်။

ဆိုင်(၁) လိပ်စာ -  ၆၄လမ်း×၂၅ လမ်းထောင့်၊ မန္တလေးမြို့။
ဆိုင်(၂) လိပ်စာ -  ၆၄လမ်း၊ ၁၀၈×၁၀၉ ကြား၊ မန္တလေးမြို့။
            ဖုန်း     - ၀၉ ၄၂၈ ၂၈၉ ၅၉၅၊ ၀၉ ၉၆၉ ၅၂၂ ၃၆၀

 

My Bamboo hotpot&bbq buffet

Buffet စျေးနှုန်းလေးက ၆,၈၀၀ ကိုတချို့က promotion စျေးနှုန်းလေးထင်နေကြလို့ ပုံမှန်ရောင်းနေကြ စျေး လည်း ၆,၈၀၀ ပဲမို့လို့ စျေးနှုန်းလေးပြန်တင်ပေးလိုက်ပါတယ်။ အဝစား လူကြီးတစ်ဦး ၆၈၀၀ ကျပ်၊ ၃ နှစ်မှ ၆ နှစ် ကြား ကလေးတစ်ဦး ၃၅၀၀ ကျပ်ပဲဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်လေးကတော့ မနက် ၁၀နာရီမှ ည ၈:၃၀ ထိပဲဖြစ်ပါတယ်။

လိပ်စာ - ၆၂ လမ်း ၃၁×၃၂ ကြာ၊ မန္တလေးမြို့။
ဖုန်း     - ၀၉ ၇၉၇ ၃၅၉ ၆၆၅

 

#MyanmarRestaurantGuide
 


Read 700 times.