Bars & Pubs

မန္တလေးအရသာအစစ် BBQ အကင်မျိုးစုံရတဲ့ Bar & BBQ ဆိုင်အသစ်

September 28, 2022

အခုပြောပြပေးမယ့်ဆိုင်ကတော့ ရန်ကုန်မြို့ရဲ့ ဆရာစံလမ်းမပေါ်မှာ ဖွင့်ထားတဲ့ 2Bees Bar & BBQ ဆိုင်အသစ် လေးပဲဖြစ်ပါတယ်။ မန္တလေးအရသာအစစ် BBQ အကင်မျိုးစုံကို ဒီဆိုင်မှာ မြည်းစမ်းကြည့်လိုက်ပါ။

ဒီဆိုင်လေးမှာတော့ ဆူညံသံတွေ မရှိဘဲ အေးအေးဆေးဆေး စကားလေးပြောရင်း chill လို့ရမယ့် နေရာဖြစ်ပါတယ်။

ဒါ့အပြင် First Date လုပ်မယ့်သူတွေ၊ အလုပ် Meeting လု်ပချင်တဲသူတွေဆိုရင် ဒီဆိုင်လေးဟာ အရမ်းအဆင်ပြေမယ့် ဆိုင်ဖြစ်ပါတယ်။

ဒုတိယထပ်မှာတော့ THE BUZZ ဝရံတာကျယ်ကျယ်မှာ လွတ်လွတ်လပ်လပ်ထိုင်၊ ဘီယာ‌သောက်၊ အကင်စား၊ Live Music Band သီချင်းနားထောင်ပြီး ဘော်ဒါတွေနဲ့ ကဲလို့ရမှာပါ။

တတိယထပ်ဆိုရင် THE HIVE Neon မီးရောင်စုံတွေကြားမှာ အသံစနစ်ကောင်းကောင်းနဲ့ ဝုန်းလို့ရမယ့် DJ အခန်းလေးတည်ရှိမှာပါ။ သောကြာ၊ စနေ၊ တနင်္ဂနွေ ဆိုမှာဆိုရင် နာမည်ကြီး DJ တွေနှင့် ဖျော်ဖြေပေးပါတယ်။
အရမ်းတန်တဲ့ Package ဝိုင်းယူရင်း အပြီအပြင် ဘော်ဒါတွေနဲ့ Chill လို့ရမှာပဲဖြစ်ပါတယ်။

တိတ်ဆိတ်ပြီး ထိုင်လို့ကောင်းတဲ့ အောက်ထပ် (Pollen Lounge) မှာလည်း ဒိတ်လို့ရပါတယ်။ လကုန်တဲ့ရက် နီးပြီဆိုရင်လဲ အမြဲဝိုင်းပြည့်တတ်လို့ မက်ဆင်ဂျာမှာဖြစ်ဖြစ် ဖုန်းဆက်ပြီးဖြစ်ဖြစ် ဘိုကင်တင်ထားလို့ရပါတယ်။

ဒါကြောင့် သောကြာ၊ စနေ၊ တနင်္ဂနွေ ဘားသွားဖို့ ချိန်းမယ်ဆိုရင်တော့ ဆရာစံလမ်းပေါ်က 2Bees ဆိုတဲ့ Bar & BBQ ဆိုင်သစ်လေးကို လမ်းညွှန်ပေးလိုက်ပါတယ်။


ဆိုင်လိပ်စာ - အမှတ် - 7A၊ ဒုတိယထပ်၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။ (YKKO ဆရာစံ မျက်စောင်းထိုးလေးမှာပါ)

Reserve Phone - 09 95 330 7799, 09 940 510 999

FB Link >>> 2Bees


Read 443 times.