Cafes & Restaurant

အထောင်းမှ အထောင်းဆိုသူတွေအတွက် မြနန္ဒာရဲ့ 25% Discount

November 16, 2022

၂၀၁၆ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ အထောင်းဘုရင် မြနန္ဒာဟာ "မြနန္ဒာ" ချစ်သူတွေရဲ့ အားပေးမှုကြောင့် အခုဆိုရင် ၆ နှစ်ပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ အထောင်းအစုံလင်ဆုံးဆိုင်ရယ်လို့ သတ်မှတ်ခံရလောက်အောင် နာမည်ရပြီးသော ဆိုင်လည်းဖြစ်ပါတယ်။

ဒီဆိုင်ရဲ့ ပရိုမိုးရှင်း အစီအစဉ်ကတော့ နိုဝင်ဘာ ၁၁ ရက်နေ့မှ ၃၀ ရက်နေ့အထိဖြစ်ပါတယ်။ ပရိုမိုးရှင်းပုံစံကတော့ "မြနန္ဒာ" ရဲ့ သစ္စာလမ်းဆိုင်နဲ့ လေးထောင့်ကန်လမ်းဆိုင် (၂) ဆိုင်လုံးမှာ ဆိုင်ထိုင်စားနှင့် ပါဆယ် အားပေးသူများအတွက် အမျိုးပေါင်း (၁၂၀) ကျော်ရှိတဲ့ အထောင်းပွဲအားလုံးကို 25% Discount နဲ့ စားသုံးနိုင်မယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ ဒီပရိုမိုးရှင်းအစီအစဉ်က အထောင်းအမျိုးပေါင်း (၁၂၀) အတွက်ပဲ အကျုံးဝင်ပါတယ်။ 
 
"မြနန္ဒာ" မှာ အထောင်းအမျိုးပေါင်း (၁၂၀) ကျော်အပြင် ရှယ်ထိုင်းဟင်းလျာများ၊ ထိုင်းစတိုင်လ်အကင်စုံနှင့်  Beerအေးအေးလေးအပြင် ထိုင်းစတိုင်လ် အချိုပွဲများကိုပါ တစ်နေရာထဲ စုံစုံလင်လင်ရရှိနိုင်မှာဖြစ်ပါတယ်။
 
ဒီဆိုင်မှာဆိုရင် ထိထိမိမိ ​အထောင်းတွေကို စိတ်ကြိုက် topping အစုံရွေးထည့်စားလို့ရမယ့် Menu ပုံစံသစ်လေးနဲ့ "မြနန္ဒာ အထောင်း Universe ပုံစံလေးနဲ့ ပြန်လည်ဆန်းသစ်ထားတာကိုလည်း တွေ့ရပါသေးတယ်။
 
Menu ကိုပြန်လည်ဆန်းသစ်ထားတဲ့ ပုံစံလေးကတော့ ကိုယ်စားချင်တဲ့အထောင်းကို မိမိကြိုက်နှစ်သက်ရာ Seafood၊ အသား၊ ငါး၊ မုန့်ဖတ်နှင့် အသီးအရွက်တို့ကို အနေနဲ့ Add on ထပ်ရွေးထည့်ပြီး စိတ်ကြိုက်မှာယူသုံးဆောင်နိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။
 
ဒီဆိုင်မှာရရှိနိုင်တဲ့ အထောင်းပွဲများနဲ့ topping ထပ်ထည့်နိုင်မယ့် Add on ပွဲတွေကိုတော့ Page ရဲ့ Menu မှာ ကြည့်ရှုပေးလို့ရမှာပဲဖြစ်ပါတယ်။ စျေးနှုန်းလဲ သင့်တင့်အောင် အတတ်နိုင်ဆုံးကြိုးစားပြီးထိန်းထားပေးတာလဲ တွေ့ရပါတယ်။
 
ဒါ့ကြောင့် မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနှင့် Date မယ်ဆိုရင်တော့ သင့်တင့်တဲ့စျေးနှုန်း၊ ကောင်းမွန်တဲ့အရသာ၊ ကောင်းမွန်တဲ့ဝန်ဆောင်မှုများကိုရရှိစေမယ့် မြနန္ဒာအထောင်းဆိုင်ကို သတိရဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။
 
ဆိုင်လိပ်စာ (၁) သစ္စာလမ်းဆိုင် - သစ္စာလမ်းမကြီး၊ စာတိုက်မှတ်တိုင်အနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 430 773 944
ဆိုင်လိပ်စာ (၂) လေးထောင့်ကန်လမ်းဆိုင် - လေးထောင့်ကန်လမ်းမကြီး၊ BOC မှတ်တိုင်အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ် - 09 400 997 778 
FB Link >>> Mya Nandar - Thai Food & BBQ

Myanmar Restaurant Guide


Read 449 times.